သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ကို တာဝန္က ႐ုပ္သိမ္းဖို႔ ျပည္ခိုင္ၿဖိဳး အဆိုတင္


ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးတစ္ခုအတြင္း ေတြ႔ရသည့္ ဦးတီခြန္ျမတ္။ (မတ္ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

အေျခခံ ဥပေဒျပင္ဆင္ေရး ေဆြးေႏြးမႈေတြမွာ မွ်တမႈ မရွိတာမို႔ ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ကို တာဝန္က ႐ုပ္သိမ္းဖို႔ ျပည္ခိုင္ၿဖိဳးပါတီဘက္က ျပည္သူ႔လႊတ္ေတာ္မွာ တင္သြင္းလာတဲ့ အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေမခက ေျပာျပေပးပါမယ္။

ဒီကေန႔ က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွာ ျပည္ေထာင္စုႀကံ႕ခိုင္ေရးနဲ႔ ဖြံၿဖိဳးေရးပါတီက မိုင္းျပင္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းထြန္းစိန္က လႊတ္ေတာ္ဥကၠ႒ကို တာဝန္႐ုပ္သိမ္းေရးအဆို တင္သြင္းခဲ့တာပါ။

"ျပည္သူလႊတ္ေတာ္ ဥကၠ႒ ဦးတီခြန္ျမတ္သည္ ျပည္သူလႊတ္ေတာ္ဆိုင္ရာ ဥပေဒ ပုဒ္မ ၂၁ ပါ ဖြဲ႕စည္းပံုပါ ဥပေဒျပဌာန္းခ်က္ကို ေဖာက္ဖ်က္က်ဴးလြန္ျခင္းနဲ႔ ဥပေဒအရ ေပးအပ္တဲ့ တာဝန္ကို ေက်ပြန္စြာ မထမ္းႏိုင္ျခင္းဆိုတဲ့ ညႇိစြန္းေၾကာင္းေတြ႕ရလို႔ ျပည္သူလႊတ္ေတာ္ဆိုင္ရာနည္း ဥပေဒ ပုဒ္မ ၁၁၅ အရ သူ႔အား တာဝန္မွ ႐ုပ္သိမ္းႏိုင္ဖို႔အဆိုတင္သြင္းအပ္ပါတယ္။"

ဖြဲ႕စည္းပုံ ျပင္ဆင္ေရးအဆိုအပါအဝင္ လႊတ္ေတာ္တြင္းေဆြးေႏြးခဲ့တဲ့ အေၾကာင္းအရာေတြမွာ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ တဦးအေနနဲ႔ တာဝန္ကို မွ်မွ်တတ မေဆာင္႐ြက္ခဲ့ဘူးဆိုတာေတြကို စြဲခ်က္ထဲမွာ ေျပာဆိုထားပါတယ္။

ျပည္သူ႔လႊတ္ေတာ္ဆိုင္ရာ ဥပေဒ ပုဒ္မ ၂၁ အရ လႊတ္ေတာ္ဥကၠ႒ သို႔မဟုတ္ ဒုဥကၠ႒ သို႔မဟုတ္ ႏွစ္ဦးစလုံးဟာ ႏိုင္ငံေတာ္ရဲ႕ ေက်းဇူးသစၥာေတာ္ကို ေဖာက္ဖ်က္ျခင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ ျပဌာန္းခ်က္မ်ားကို ေဖာက္ဖ်က္က်ဴးလြန္ျခင္း၊ အက်င့္သိကၡာပ်က္ျပားျခင္း၊ ဥပေဒအရ ေပးအပ္ေသာ တာဝန္မ်ားကိုေက်ပြန္စြာ မေဆာင္႐ြက္ျခင္း စတဲ့အခ်က္ေတြကိုက်ဴးလြန္ပါက သတ္မွတ္တဲ့နည္းလမ္းနဲ႔အညီ တာဝန္ကေန ႐ုပ္သိမ္းႏိုင္တယ္လို႔ျပဌာန္းထားတာ ျဖစ္ပါတယ္။

ျပည္သူ႔လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ ပုဒ္မ ၁၁၆ အရ အဲလိုတင္ခံရခ်ိန္တြင္း ဥကၠ႒ တာဝန္ကို ဒုဥကၠ႒က တာဝန္ေခတၱ လႊဲယူရမွာမို႔ ဦးတီခြန္ျမတ္အေနနဲ႔မဲခြဲ ဆုံးျဖတ္တာ မလုပ္ရမခ်င္း ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ နာယက စတဲ့ တာဝန္ေတြ ရယူထားတာကို ရပ္နားခံရမွာ ျဖစ္ပါတယ္။သူ႔ေန႔ရာမွာ ဒုဥကၠ႒ ျဖစ္တဲ့ ဦးထြန္းထြန္းဟိန္က ဒီေန႔ကစၿပီး ျပည္သူ႔လႊတ္ေတာ္ေရာ ျပည္ေထာင္စုလႊတ္ေတာ္မွာပါ လႊတ္ေတာ္တာဝန္ေတြကို ႀကီးၾကပ္ေဆာင္႐ြက္ေနပါတယ္။

ႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းကေတာ့ လႊတ္ေတာ္တြင္း ပြတ္တိုက္မႈကေန အခုလို ႏိုင္ငံေရးကစားမႈ ေပၚေပါက္လာတာ ျဖစ္တယ္လို႔ သုံးသပ္လိုက္ပါတယ္။

"လႊတ္ေတာ္တြင္းပြတ္တိုက္မႈ ကေနဒီလိုကိစၥေတြ ေပၚေပါက္လာတာလို႔ က်ေနာ္ျမင္တယ္။ ဖြဲ႕စည္းပုံ ျပင္ဆင္ေရးနဲ႔ပတ္သတ္လို႔ လႊတ္ေတာ္တြင္းမွာ ျဖစ္ခဲ့တာေတြရဲ႕ ပြတ္တိုက္မႈေတြကို အဓိကအေၾကာင္းျပဳၿပီးေတာ့ ဒီလိုအက်ိဳးဆက္လည္း ျဖစ္လာတယ္လို႔ ျမင္တယ္။ ေနာက္တဘက္ကေတာ့ ဒါအေၾကာင္းျပဳၿပီး လႊတ္ေတာ္တြင္းမွာ ေဆြးေႏြးမႈေတြေပၚလာမွာဆိုေတာ့ဒါက ႏိုင္ငံေရးကစားမႈ တခုလို႔လည္း ေျပာလို႔ရတယ္လို႔ က်ေနာ္ကေတာ့ သုံးသပ္ပါတယ္။"

လႊတ္ေတာ္ဥကၠ႒ကို တာဝန္က ႐ုပ္သိမ္းတဲ့ အစီအစဥ္ ေအာင္ျမင္ဖို႔ဆိုရင္ ျပည္သူ႔လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ ပုဒ္မ ၁၁၉ အရ လက္ရွိျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ရဲ႕ သုံးပုံႏွစ္ပုံ လူဦးေရ ကိုယ္စားလွယ္ ဦးေရ ၃၀၀နီးပါး ေထာက္ခံမဲ ရရွိဖို႔လိုပါတယ္။ လႊတ္ေတာ္ဥကၠ႒ကိုတာဝန္က ႐ုပ္သိမ္းႏိုင္ဖို႔က လႊတ္ေတာ္တြင္းမဲခြဲ႐ုံနဲ႔ မၿပီးပါဘူး။ ဒီလို တင္ျပလာမႈနဲ႔ပတ္သတ္လို႔ လႊတ္ေတာ္ဥကၠ႒ လုပ္ေဆာင္ခ်က္ မွန္မမွန္ဆိုတာကို စုံစမ္းစစ္ေဆးတာေတြ လုပ္ဦးမွာပါ။ ဒီအတြက္ စုံစမ္းစစ္ေဆးေရးအဖြဲ႕ေတြ ဖြဲ႕ရဦးမွာျဖစ္ပါတယ္။

ေနာက္ဆက္တြဲလုပ္ေဆာင္ဖို႔ လုပ္ငန္းေတြဟာ ဒီဒုတိယအႀကိမ္ လႊတ္ေတာ္ ၿပီးဆုံးခ်ိန္ထိ ၿပီးႏိုင္ဖို႔အထိ မလြယ္ဘူးလို႔ သုံးသပ္တာေတြ ရွိေနသလို ဒီ႐ုပ္သိမ္းတဲ့ အစီအစဥ္ ေအာင္ျမင္ဖို႔အတြက္ မဲခြဲဆုံးျဖတ္ရင္လည္း သတ္မွတ္ လူဦးေရရဖို႔ မလြယ္ႏိုင္တဲ့ အေျခအေန မွန္းသိႏိုင္ေပမဲ့ အခုလိုတင္ျပမႈက ႏိုင္ငံေရးရည္႐ြယ္မႈ တခုခုမ်ားရွိမလားဆိုၿပီး ႏိုင္ငံေရးသုံးသပ္သူေတြက သုံးသပ္ေနတဲ့အေပၚ ေမးျမန္းတာမွာ ႀကံ႕ခိုင္ေရးပါတီက ေဒါက္တာေမာင္သင္းက ဗြီအိုေအကို ေျဖၾကားတာက

"အင္အားႀကီးတဲ့ ပါတီတခုက လႊတ္ေတာ္မွာ ဒီမိုကေရစီ အႏိုင္က်င့္တဲ့ ပုံစံမ်ိဳး၊ တဘက္ေဆာင္းနင္းပုံစံမ်ိဴး မျဖစ္ေအာင္ ဒီမိုကေရစီရဲ႕ အႏွစ္သာရကို လိုခ်င္တဲ့ အေနနဲ႔ ထိန္းသိမ္းတာပါပဲ။ က်ေနာ္တို႔ကို ေပးထားတဲ့ လုပ္ပိုင္ခြင့္ အရထိန္းသိမ္းတဲ့သေဘာနဲ႔ တင္လာတာပါပဲ။ လႊတ္ေတာ္တြင္းမွာကို က်ေနာ္တို႔က ထိန္းေက်ာင္းတဲ့ ပုံစံမ်ိဳးပါပဲ။ ကူညီတဲ့ သေဘာ၊ တည့္မတ္ေပးတဲ့သေဘာပါပဲ။ ဒီသေဘာပါပဲ။"

စြပ္စြဲခံရသူ ဦးတီခြန္ျမတ္ဟာ ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရး (ျပည္ခိုင္ၿဖိဳး) ဗဟိုအလုပ္အမူ႔ေဆာင္အေနနဲ႔ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူ ျဖစ္သလို တည္ဆဲဖြဲ႕စည္းပုံ အေျခခံဥပေဒ ၂၀၀၈ ေရးဆြဲတာမွာ ဥပေဒ သမားတေယာက္အေနနဲ႔ ပါဝင္ခဲ့ဖူးသူ တဦးလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ပထမႀကိမ္လႊတ္ေတာ္မွာ ျပည္ခိုင္ၿဖိဳးပါတီ ကိုယ္စားလွယ္အေနနဲ႔ ျပည္သူ႔လႊတ္ေတာ္၊ ဥပေဒၾကမ္းေကာ္မတီ ဥကၠ႒ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္တယ္။ ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာလည္း ႀကံခိုင္ေရးပါတီ ကိုယ္စားလွယ္အေနနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္အႏိုင္ရကာ NLD ပါတီဦးေဆာင္တဲ့ အခုဒုတိယအႀကိမ္ လႊတ္ေတာ္အစမွာ ဒုဥကၠ႒ အေနနဲ႔ ေ႐ြးခ်ယ္ခံခဲ့ရသူပါ။၂၀၁၈ ခုႏွစ္ မတ္လ ၂၂ ရက္ေန႔ မွာ ဦးဝင္းျမင့္သမၼတ ျဖစ္ၿပီးေနာက္၊ NLD ပါတီဘက္ကျပည္သူ႔လႊတ္ေတာ္ ဥကၠ႒အေနနဲ႔ ေ႐ြးခ်ယ္လိုက္ၿပီးေနာက္ပိုင္း ျပည္ခိုင္ၿဖိဳးပါတီကေန ထြက္ခဲ့ပါတယ္။ လက္ရွိမွာ တသီးပုဂၢလအမတ္အေနနဲ႔ ရပ္တည္ေနတာျဖစ္ပါတယ္။

ျပည္ခိုင္ၿဖိဳးထိပ္တန္းေခါင္းေဆာင္ေဟာင္း သူရဦးေ႐ႊမန္းနဲ႔ နီးစပ္သူျဖစ္သလို ၿပီးခဲ့တဲ့ ဖြဲ႕စည္းပုံ ျပင္ဆင္ေရး မတိုင္ခင္ကတည္းက NLD ပါတီဘက္ကို မ်က္ႏွာသာေပးတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ မူရင္းပါတီဘက္က စြပ္စြဲမႈေတြ လုပ္ခဲ့တာေတြ ရွိပါတယ္။ ဒီလို ျဖစ္အၿပီး အခုလို စြပ္စြဲခံရတာျဖစ္ပါတယ္။

လက္ရွိ ျပည္သူ႔လႊတ္ေတာ္မွာ တပ္ကိုယ္စားလွယ္ ဦးေရ ၁၁၀ ဦးအပါအဝင္ ကိုယ္စားလွယ္ စုစုေပါင္း ကိုယ္စားလွယ္ဦးေရ ၄၄၀ နဲ႔ ဖြဲ႕စည္းထားတာျဖစ္ပါတယ္။ စာရင္းအရ ျပည္သူ႔လႊတ္ေတာ္မွာအာဏာရ NLD ပါတီက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၂၅၅ ဦးနဲ႔ အမ်ားဆုံးရွိၿပီး အဲေနာက္မွာ တပ္ကိုယ္စားလွယ္ ဦးေရ ၁၁၀ ေယာက္က ဒုတိယအမ်ားဆုံးျဖစ္ပါတယ္။ ျပည္ခိုင္ၿဖိဳးက အေယာက္ ၃၀ ရွိကာ တျခား တိုင္းရင္းသားပါတီေတြနဲ႔ တသီးပုဂၢလက ၄၅ ဦး ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ ပြည်ခိုင်ဖြိုး အဆိုတင်

အခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုတွေမှာ မျှတမှု မရှိတာမို့ ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ ပြည်ခိုင်ဖြိုးပါတီဘက်က ပြည်သူ့လွှတ်တော်မှာ တင်သွင်းလာတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက ပြောပြပေးပါမယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက မိုင်းပြင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းစိန်က လွှတ်တော်ဥက္ကဋ္ဌကို တာဝန်ရုပ်သိမ်းရေးအဆို တင်သွင်းခဲ့တာပါ။

"ပြည်သူလွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြည်သူလွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၁ ပါ ဖွဲ့စည်းပုံပါ ဥပဒေပြဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခြင်းနဲ့ ဥပဒေအရ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာ မထမ်းနိုင်ခြင်းဆိုတဲ့ ညှိစွန်းကြောင်းတွေ့ရလို့ ပြည်သူလွှတ်တော်ဆိုင်ရာနည်း ဥပဒေ ပုဒ်မ ၁၁၅ အရ သူ့အား တာဝန်မှ ရုပ်သိမ်းနိုင်ဖို့အဆိုတင်သွင်းအပ်ပါတယ်။"

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအဆိုအပါအဝင် လွှတ်တော်တွင်းဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တဦးအနေနဲ့ တာဝန်ကို မျှမျှတတ မဆောင်ရွက်ခဲ့ဘူးဆိုတာတွေကို စွဲချက်ထဲမှာ ပြောဆိုထားပါတယ်။

ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၁ အရ လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ဒုဥက္ကဋ္ဌ သို့မဟုတ် နှစ်ဦးစလုံးဟာ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကိုကျေပွန်စွာ မဆောင်ရွက်ခြင်း စတဲ့အချက်တွေကိုကျူးလွန်ပါက သတ်မှတ်တဲ့နည်းလမ်းနဲ့အညီ တာဝန်ကနေ ရုပ်သိမ်းနိုင်တယ်လို့ပြဌာန်းထားတာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၁၁၆ အရ အဲလိုတင်ခံရချိန်တွင်း ဥက္ကဋ္ဌ တာဝန်ကို ဒုဥက္ကဋ္ဌက တာဝန်ခေတ္တ လွှဲယူရမှာမို့ ဦးတီခွန်မြတ်အနေနဲ့မဲခွဲ ဆုံးဖြတ်တာ မလုပ်ရမချင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုလွှတ်တော် နာယက စတဲ့ တာဝန်တွေ ရယူထားတာကို ရပ်နားခံရမှာ ဖြစ်ပါတယ်။သူ့နေ့ရာမှာ ဒုဥက္ကဋ္ဌ ဖြစ်တဲ့ ဦးထွန်းထွန်းဟိန်က ဒီနေ့ကစပြီး ပြည်သူ့လွှတ်တော်ရော ပြည်ထောင်စုလွှတ်တော်မှာပါ လွှတ်တော်တာဝန်တွေကို ကြီးကြပ်ဆောင်ရွက်နေပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ လွှတ်တော်တွင်း ပွတ်တိုက်မှုကနေ အခုလို နိုင်ငံရေးကစားမှု ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ သုံးသပ်လိုက်ပါတယ်။

"လွှတ်တော်တွင်းပွတ်တိုက်မှု ကနေဒီလိုကိစ္စတွေ ပေါ်ပေါက်လာတာလို့ ကျနော်မြင်တယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သတ်လို့ လွှတ်တော်တွင်းမှာ ဖြစ်ခဲ့တာတွေရဲ့ ပွတ်တိုက်မှုတွေကို အဓိကအကြောင်းပြုပြီးတော့ ဒီလိုအကျိုးဆက်လည်း ဖြစ်လာတယ်လို့ မြင်တယ်။ နောက်တဘက်ကတော့ ဒါအကြောင်းပြုပြီး လွှတ်တော်တွင်းမှာ ဆွေးနွေးမှုတွေပေါ်လာမှာဆိုတော့ဒါက နိုင်ငံရေးကစားမှု တခုလို့လည်း ပြောလို့ရတယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။"

လွှတ်တော်ဥက္ကဋ္ဌကို တာဝန်က ရုပ်သိမ်းတဲ့ အစီအစဉ် အောင်မြင်ဖို့ဆိုရင် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၁၁၉ အရ လက်ရှိပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရဲ့ သုံးပုံနှစ်ပုံ လူဦးရေ ကိုယ်စားလှယ် ဦးရေ ၃၀၀နီးပါး ထောက်ခံမဲ ရရှိဖို့လိုပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကိုတာဝန်က ရုပ်သိမ်းနိုင်ဖို့က လွှတ်တော်တွင်းမဲခွဲရုံနဲ့ မပြီးပါဘူး။ ဒီလို တင်ပြလာမှုနဲ့ပတ်သတ်လို့ လွှတ်တော်ဥက္ကဋ္ဌ လုပ်ဆောင်ချက် မှန်မမှန်ဆိုတာကို စုံစမ်းစစ်ဆေးတာတွေ လုပ်ဦးမှာပါ။ ဒီအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့ရဦးမှာဖြစ်ပါတယ်။

နောက်ဆက်တွဲလုပ်ဆောင်ဖို့ လုပ်ငန်းတွေဟာ ဒီဒုတိယအကြိမ် လွှတ်တော် ပြီးဆုံးချိန်ထိ ပြီးနိုင်ဖို့အထိ မလွယ်ဘူးလို့ သုံးသပ်တာတွေ ရှိနေသလို ဒီရုပ်သိမ်းတဲ့ အစီအစဉ် အောင်မြင်ဖို့အတွက် မဲခွဲဆုံးဖြတ်ရင်လည်း သတ်မှတ် လူဦးရေရဖို့ မလွယ်နိုင်တဲ့ အခြေအနေ မှန်းသိနိုင်ပေမဲ့ အခုလိုတင်ပြမှုက နိုင်ငံရေးရည်ရွယ်မှု တခုခုများရှိမလားဆိုပြီး နိုင်ငံရေးသုံးသပ်သူတွေက သုံးသပ်နေတဲ့အပေါ် မေးမြန်းတာမှာ ကြံ့ခိုင်ရေးပါတီက ဒေါက်တာမောင်သင်းက ဗွီအိုအေကို ဖြေကြားတာက

"အင်အားကြီးတဲ့ ပါတီတခုက လွှတ်တော်မှာ ဒီမိုကရေစီ အနိုင်ကျင့်တဲ့ ပုံစံမျိုး၊ တဘက်ဆောင်းနင်းပုံစံမျိူး မဖြစ်အောင် ဒီမိုကရေစီရဲ့ အနှစ်သာရကို လိုချင်တဲ့ အနေနဲ့ ထိန်းသိမ်းတာပါပဲ။ ကျနော်တို့ကို ပေးထားတဲ့ လုပ်ပိုင်ခွင့် အရထိန်းသိမ်းတဲ့သဘောနဲ့ တင်လာတာပါပဲ။ လွှတ်တော်တွင်းမှာကို ကျနော်တို့က ထိန်းကျောင်းတဲ့ ပုံစံမျိုးပါပဲ။ ကူညီတဲ့ သဘော၊ တည့်မတ်ပေးတဲ့သဘောပါပဲ။ ဒီသဘောပါပဲ။"

စွပ်စွဲခံရသူ ဦးတီခွန်မြတ်ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး (ပြည်ခိုင်ဖြိုး) ဗဟိုအလုပ်အမူ့ဆောင်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သလို တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ရေးဆွဲတာမှာ ဥပဒေ သမားတယောက်အနေနဲ့ ပါဝင်ခဲ့ဖူးသူ တဦးလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပထမကြိမ်လွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်အနေနဲ့ ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ကြံခိုင်ရေးပါတီ ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရကာ NLD ပါတီဦးဆောင်တဲ့ အခုဒုတိယအကြိမ် လွှတ်တော်အစမှာ ဒုဥက္ကဋ္ဌ အနေနဲ့ ရွေးချယ်ခံခဲ့ရသူပါ။၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့ မှာ ဦးဝင်းမြင့်သမ္မတ ဖြစ်ပြီးနောက်၊ NLD ပါတီဘက်ကပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအနေနဲ့ ရွေးချယ်လိုက်ပြီးနောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီကနေ ထွက်ခဲ့ပါတယ်။ လက်ရှိမှာ တသီးပုဂ္ဂလအမတ်အနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးထိပ်တန်းခေါင်းဆောင်ဟောင်း သူရဦးရွှေမန်းနဲ့ နီးစပ်သူဖြစ်သလို ပြီးခဲ့တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မတိုင်ခင်ကတည်းက NLD ပါတီဘက်ကို မျက်နှာသာပေးတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မူရင်းပါတီဘက်က စွပ်စွဲမှုတွေ လုပ်ခဲ့တာတွေ ရှိပါတယ်။ ဒီလို ဖြစ်အပြီး အခုလို စွပ်စွဲခံရတာဖြစ်ပါတယ်။

လက်ရှိ ပြည်သူ့လွှတ်တော်မှာ တပ်ကိုယ်စားလှယ် ဦးရေ ၁၁၀ ဦးအပါအဝင် ကိုယ်စားလှယ် စုစုပေါင်း ကိုယ်စားလှယ်ဦးရေ ၄၄၀ နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ စာရင်းအရ ပြည်သူ့လွှတ်တော်မှာအာဏာရ NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၂၅၅ ဦးနဲ့ အများဆုံးရှိပြီး အဲနောက်မှာ တပ်ကိုယ်စားလှယ် ဦးရေ ၁၁၀ ယောက်က ဒုတိယအများဆုံးဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးက အယောက် ၃၀ ရှိကာ တခြား တိုင်းရင်းသားပါတီတွေနဲ့ တသီးပုဂ္ဂလက ၄၅ ဦး ရှိပါတယ်။

XS
SM
MD
LG