သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴးကို တ႐ုတ္သမၼတ ခ်ီးက်ဳး


(Zawgyi/Unicode)

ထူးျခားတဲ့အေျခအေနေအာက္မွာ ေဟာင္ေကာင္အစိုးရကို ဦးေဆာင္တဲ့ အုပ္ခ်ဳပ္ေရးမွဴး Carrie Lam ရဲ႕သတၲိကို အသိအမွတ္ျပဳတယ္လို႔ တ႐ုတ္သမၼတ Xi Jinping က ေျပာၾကားလုိက္ပါတယ္။

ေဟာင္ေကာင္အစိုးရ ေခါင္းေဆာင္ Lam ရဲ႕ ႏွစ္စဥ္ ျပည္မႀကီးအစိုးရနဲ႔ သြားေရာက္ေတြ႔ဆံုမႈအတြင္း တ႐ုတ္သမၼတ Xi က ခုလို ေျပာလိုက္တာပါ။

ဥပေဒအတိုင္း ေဆာင္ရြက္ခဲ့တဲ့ ေဟာင္ေကာင္ရဲတပ္ဖဲြ႔ကိုလည္း ေထာက္ခံတယ္လို႔ ေျပာပါတယ္။ ဒီေန႔အေစာပိုင္းက တ႐ုတ္ဝန္ႀကီးခ်ဳပ္ Li Keqiang နဲ႔ အုပ္ခ်ဳပ္ေရးမွဴး Lam တုိ႔ ေဘဂ်င္းၿမိဳ႕ေတာ္မွာ ေတြ႔ဆံုစဥ္မွာလည္း ေဟာင္ေကာင္ ေရ႐ွည္သာယာဝေျပာေရးနဲ႔ တည္ၿငိမ္ေရးကို ကာကြယ္တဲ့ Carrie Lam ရဲ႕ မူဝါဒေတြကို ျပည္မႀကီးအစိုးရက ဆက္လက္ေထာက္ခံသြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေဟာင္ေကာင္အစုိးရအေနနဲ႔ အၾကမ္းဖက္မႈေတြ၊ ဖ႐ိုဖရဲအေျခအေနေတြကို ဥပေဒနဲ႔အညီ ထိန္းၿပီး တည္ၿငိမ္မႈျပန္လည္ရေအာင္ ႀကိဳးစားလုပ္ရမယ္လို႔ ဝန္ႀကီးခ်ဳပ္ Li Keqiang ကဆိုခဲ့ပါတယ္။

ျပည္မႀကီးအစိုးရရဲ႕ ေထာက္ခံမႈကို ေက်းဇူးတင္ေၾကာင္း ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး Carrie Lam က တံု႔ျပန္ခဲ့ၿပီး ဆႏၵျပပြဲေတြေၾကာင့္ ေဟာင္ေကာင္ရဲ႕ႏိုင္ငံေရး စီးပြားေရးနဲ႔ လူမႈအသိုင္းအဝိုင္းအားလံုး ထိခိုက္နစ္နာခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေဟာင္ေကာင္မွာ ႏိုဝင္ဘာလကက်င္းပခဲ့တဲ့ ေဒသႏၱရေ႐ြးေကာက္ပြဲမွာ တ႐ုတ္ျပည္မႀကီးအစိုးရကို မလိုလားတဲ့ ကိုယ္စားလွယ္ေတြ အျပတ္အသတ္ အႏုိင္ရခဲ့ၿပီးေနာက္ ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး တ႐ုတ္ျပည္မႀကီးကို ပထမဆံုး သြားေရာက္ခဲ့တာ ျဖစ္ပါတယ္။

ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဟာင္ေကာင္မွာ ျပည္မႀကီးအစိုးရရဲ႕ လႊမ္းမိုးမႈ ပိုမ်ားလာတယ္လို႔ ျမင္ေနၾကတဲ့ ေဟာင္ေကာင္ျပည္သူေတြရဲ႕ ဒီမိုကေရစီေရး ေတာင္းဆိုဆႏၵျပမႈေတြ ဇြန္ လထဲက အ႐ွိန္ရလာခဲ့တာပါ။

အခုေနာက္ပိုင္း ဆႏၵျပသူတခ်ဳိ႕က အၾကမ္းဖက္ ဆႏၵျပၾကသလို၊ လံုၿခံဳေရးေတြနဲ႔ ထိပ္တိုက္ ရင္ဆိုင္မႈေတြလည္း ႐ွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode Version)

ဟောင်ကောင်အုပ်ချုပ်ရေးမှူးကို တရုတ်သမ္မတ ချီးကျုး

ထူးခြားတဲ့အခြေအနေအောက်မှာ ဟောင်ကောင်အစိုးရကို ဦးဆောင်တဲ့ အုပ်ချုပ်ရေးမှူး Carrie Lam ရဲ့သတ္တိကို အသိအမှတ်ပြုတယ်လို့ တရုတ်သမ္မတ Xi Jinping က ပြောကြားလိုက်ပါတယ်။

ဟောင်ကောင်အစိုးရ ခေါင်းဆောင် Lam ရဲ့ နှစ်စဉ် ပြည်မကြီးအစိုးရနဲ့ သွားရောက်တွေ့ဆုံမှုအတွင်း တရုတ်သမ္မတ Xi က ခုလို ပြောလိုက်တာပါ။

ဥပဒေအတိုင်း ဆောင်ရွက်ခဲ့တဲ့ ဟောင်ကောင်ရဲတပ်ဖွဲ့ကိုလည်း ထောက်ခံတယ်လို့ ပြောပါတယ်။ ဒီနေ့အစောပိုင်းက တရုတ်ဝန်ကြီးချုပ် Li Keqiang နဲ့ အုပ်ချုပ်ရေးမှူး Lam တို့ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံစဉ်မှာလည်း ဟောင်ကောင် ရေရှည်သာယာဝပြောရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်တဲ့ Carrie Lam ရဲ့ မူဝါဒတွေကို ပြည်မကြီးအစိုးရက ဆက်လက်ထောက်ခံသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဟောင်ကောင်အစိုးရအနေနဲ့ အကြမ်းဖက်မှုတွေ၊ ဖရိုဖရဲအခြေအနေတွေကို ဥပဒေနဲ့အညီထိန်းပြီး တည်ငြိမ်မှုပြန်လည်ရအောင် ကြိုးစားလုပ်ရမယ်လို့ ဝန်ကြီးချုပ် Li Keqiang ကဆိုခဲ့ပါတယ်။

ပြည်မကြီးအစိုးရရဲ့ ထောက်ခံမှုကို ကျေးဇူးတင်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam က တုံ့ပြန်ခဲ့ပြီး ဆန္ဒပြပွဲတွေကြောင့် ဟောင်ကောင်ရဲ့နိုင်ငံရေး စီးပွားရေးနဲ့ လူမှုအသိုင်းအဝိုင်းအားလုံး ထိခိုက်နစ်နာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဟောင်ကောင်မှာ နိုဝင်ဘာလကကျင်းပခဲ့တဲ့ ဒေသန္တရရွေးကောက်ပွဲမှာ တရုတ်ပြည်မကြီးအစိုးရကို မလိုလားတဲ့ ကိုယ်စားလှယ်တွေ အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် ဟောင်ကောင်အုပ်ချုပ်ရေးမှူး တရုတ်ပြည်မကြီးကို ပထမဆုံးသွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်မှာ ပြည်မကြီးအစိုးရရဲ့ လွှမ်းမိုးမှု ပိုများလာတယ်လို့ မြင်နေကြတဲ့ ဟောင်ကောင်ပြည်သူတွေရဲ့ ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြမှုတွေ ဇွန် လထဲက အရှိန်ရလာခဲ့တာပါ။

အခုနောက်ပိုင်း ဆန္ဒပြသူတချို့က အကြမ်းဖက် ဆန္ဒပြကြသလို၊ လုံခြုံရေးတွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေလည်း ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG