သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဇီကြီးရွာ တိုက်ခိုက်မှုမှာ အင်အားပြင်း ဗုံးတွေသုံးခဲ့ကြောင်း HRW သတင်းထုတ်ပြန်


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)

ပြီးခဲ့တဲ့ ဧပြီလ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က မီးလောင်တိုက်သွင်းတဲ့ Thermobaric ဗုံးခေါ် အင်အားပြင်းတဲ့ Vacuum Bomb တွေ အသုံးပြုခဲ့တယ်ဆိုပြီး အာရှလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၇၀ လောက် သေဆုံးခဲ့ပြီး ထိခိုက်သေဆုံးခဲ့တဲ့ အရပ်သားတွေ ဓါတ်ပုံ ၅၉ ပုံနဲ့ ဗွီဒီယိုမှတ်တမ်းတွေကို ကြည့်ပြီး စမ်းစစ်အကဲဖြတ်ခဲ့တာလို့လည်း HRW အဖွဲ့က ပြောပါတယ်။

Vacuum Bomb လို မီးလောင်တိုက်သွင်းတဲ့ လက်နက်တွေကို စစ်ပွဲအတွင်းမှာ အသုံးမပြုဖို့ နိုင်ငံတကာ သဘောတူညီချက်တွေမှာ တားမြစ်ထားတာ မရှိသေးပေမဲ့လည်း အရပ်သားတွေကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့အတွက် စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်တဲ့အကြောင်း HRW အဖွဲ့က ပြောပါတယ်။ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုအတွက် ကုလသမဂ္ဂနဲ့ G-7 စက်မှုထိပ်သီးနိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုဟာ အဲဒီဒေသကို ခြေကုတ်ယူပြီး လှုပ်ရှားနေတဲ့ PDF အဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်တဲ့အကြောင်းနဲ့ PDF အဖွဲ့တွေရဲ့ လက်နက်သိုလှောင်ရုံကို ထိမှန်တာကြောင့် ထပ်ဆင့်ပေါက်ကွဲခဲ့ပြီး လူတွေ သေဆုံးခဲ့တာလို့ တုံ့ပြန်ထားပါတယ်။

PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း စစ်ကောင်စီဘက်က စွပ်စွဲပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကတော့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့နဲ့၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ ရေးယူနိုင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုပါတယ်။ မြန်မာစစ်တပ် ဝင်ငွေရစေမယ့် စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့ဒဏ်ခတ်ဖို့လည်း နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG