သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"တိုင်းရင်းသားအဖွဲ့တွေ ရှမ်းမြောက်မှာ ပြန်ပေးဆွဲ၊​ တပ်သားသစ်စုတာရှိနေ" - HRW


ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့နယ်အနီး မြန်မာစစ်ကောင်စီတပ်စခန်းတခုကို သိမ်းယူအပြီးတွေ့ရတဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်သားများ (အောက်တိုဘာ ၂၈၊ ၂၀၂၃)
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့နယ်အနီး မြန်မာစစ်ကောင်စီတပ်စခန်းတခုကို သိမ်းယူအပြီးတွေ့ရတဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်သားများ (အောက်တိုဘာ ၂၈၊ ၂၀၂၃)

မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က အရပ်သားတွေကို တပ်သားသစ်အဖြစ် အတင်းအကြပ် စုဆောင်းတာ၊ ပြန်ပေးဆွဲ ဖမ်းဆီးတာတွေ ရှိနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ MNDAA လို့ခေါ်တဲ့ ကိုးကန့်တပ်ဖွဲ့ဟာ စစ်အတွင်း အရပ်သားတွေကို ကာကွယ်ပေးရေး လိုက်နာရမယ့် ဥပဒေကို ချိုးဖေါက်နေတယ်ဆိုပြီး HRW အဖွဲ့က စွပ်စွဲထားပါတယ်။

MNDAA အဖွဲ့ဟာ အရပ်သားတွေကို ဖမ်းဆီးပြီး တပ်သားသစ်အဖြစ်အတင်းအကြပ်စုဆောင်းတာတွေလုပ်ပြီး စစ်အတွင်း အရပ်သားတွေကို ကာကွယ်ရေးပေးရမယ့် ဥပဒေကို ချိုးဖောက်နေတယ်လို့ HRW အဖွဲ့ရဲ့ အာရှရေးရာညွှန်ကြားရေးမှူး Elaine Pearson က ပြောပါတယ်။

ဒါ့အပြင် MNDAA အဖွဲ့အနေနဲ့ အခုလို အရပ်သားတွေအပေါ် ကျူးလွန်နေတာတွေကို ချက်ချင်းရပ်ဆိုင်းပြီး၊ တိုက်ပွဲတွေအတွင်း အရပ်သားတွေကို ကာကွယ်ဖို့အတွက် လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေ အကုန်လုံးကို လုပ်သင့်တယ်လို့လည်း HRW အဖွဲ့က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ကိုးကန့် MNDAA၊ တအာင်းန် TNLA ၊ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် (၃) ဖွဲ့ပေါင်းပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို "၁၀၂၇ စစ်ဆင်ရေး" ဆင်နွဲခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် အောက်တိုဘာလနောက်ပိုင်းကစပြီး ရှမ်းပြည်နယ်မှာ လူ ၁ သိန်းလောက်အပါအဝင် နိုင်ငံတဝန်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၆ သိန်းလောက်ရှိတယ်လို့ HRW က ပြောပါတယ်။

HRW ရဲ့ ကြေညာချက်ထဲမှာတော့ MNDAA အဖွဲ့ဟာ လောက်ကိုင်ကနေ ထွက်ပြေးလာတဲ့သူတွေကို ဖမ်းဆီးတာတွေအပြင် ဖုန်းတွေကိုပါ သိမ်းယူတာရှိတယ်ဆိုပြီး ဒေသတွင်းမီဒီယာတွေနဲ့ မျက်မြင်သက်သေတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။ HRW ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကရော ကိုးကန့်တပ်ဖွဲ့ဘက်ကပါ တစုံတရာတုံ့ပြန်တာမရှိသေးပါဘူး။

တရုတ်-မြန်မာနယ်စပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး တအောင်းပလောင်လွတ်မြောက်ရေးတပ်မတော်လို့ခေါ်တဲ့ TNLA က မိုင်းတုန် စစ်တပ်စခန်းကို သိမ်းဖို့ ကြိုးစားနေတဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG