သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ရှမ်းမြောက်မှာ စစ်ကောင်စီ စစ်ရာဇဝတ်မှုချိုးဖောက်တာရှိနိုင်" - Amnesty


မြောက်ပိုင်းမဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ထားသည့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည်မြောက်ပိုင်း နန့်ဆန်မြို့က ပျက်စီးသွားသည့်အဆောက်အဦများ (ဒီဇင်ဘာ ၁၄၊ ၂၀၂၃)
မြောက်ပိုင်းမဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ထားသည့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည်မြောက်ပိုင်း နန့်ဆန်မြို့က ပျက်စီးသွားသည့်အဆောက်အဦများ (ဒီဇင်ဘာ ၁၄၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ တိုင်းရင်းသားညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပေါ် စစ်တပ်ရဲ့ တုံပြန်မှုအတွင်း စစ်ရာဇဝတ်ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးသင့်တယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။

စစ်တပ်က ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းထဲက ပြည်သူတွေကို မတရားသတ်ဖြတ်နေတာ၊ ဥပဒေမဲ့ ဖမ်းဆီးနေတာနဲ့ ပြည်သူတွေဆီက လုယက်ခိုးယူနေတာတွေ လုပ်နေတယ်လို့ ဒီနေ့ ဒီဇင်ဘာ ၂၁ နေ့စွဲနဲ့ Amnesty International ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြည်သူတွေအပေါ် စစ်တပ်ရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေဟာ ကိုးကန့်၊ တအာင်း၊ ရက္ခိုင်တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ပိုဆိုးလာတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ပေါက်တောမြို့နယ်က ဒေသခံ ၁၀ ယောက်နဲ့ Amnesty မေးမြန်းချက်တွေ၊ ဗီဒီယိုနဲ့ ဓါတ်ပုံအထောက်အထားတွေ၊ ဂြိုဟ်တုကရရှိတဲ့ပုံတွေအားလုံးကို သုံးသပ်တာမှာ အရပ်သားတွေနဲ့ အရပ်သားပိုင်ပစ္စည်းတွေအပေါ် စစ်တပ်က မခွဲခြားဘဲ အားလုံးသိမ်းကြုံးတိုက်ခိုက်နေတာ တွေ့ရှိခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့မှထုတ်ပြန်ထားသည် လက်နက်ကြီး ထိမှန်မှုကြောင့် ပျက်စီးသွားသော သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ရွှေမောင်းသီလရှင်ကျောင်းတိုက် (ဒီဇင်ဘာ ၁၁၊ ၂၀၂၃)
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့မှထုတ်ပြန်ထားသည် လက်နက်ကြီး ထိမှန်မှုကြောင့် ပျက်စီးသွားသော သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ရွှေမောင်းသီလရှင်ကျောင်းတိုက် (ဒီဇင်ဘာ ၁၁၊ ၂၀၂၃)

ရှမ်းပြည်မြောက်ပိုင်းမှာလည်း တားမြစ်ထားတဲ့ ဆင့်ကင့်ပေါက်ကွဲနိုင်တဲ့ဗုံးတွေကို သုံးစွဲတာတွေ့ရှိတဲ့အတွက် ဒါဟာစစ်ရာဇဝတ်မှုကျူးလွန်ခြင်း ရှိမရှိစုံစမ်းသင့်တယ်လို့ Amnesty International ကထောက်ပြထားပါတယ်။

အရပ်သားပြည်သူတွေအတွက် ဆိုးဆိုးဝါးဝါးအကျိုးဆက်တွေဖြစ်စေတဲ့အထိ စစ်တပ်က အရမ်းကာရောတိုက်ခိုက်နေတာနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှုကို ရက်ရက်စက်စက် တုံ့ပြန့်နေတယ်လို့ Amnesty ရဲ့ ပဋိပက္ခတုံ့ပြန်ရေးအစီအစဉ်ဒါရိုက်တာ Matt Wells ကထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ ၃ နှစ်နီးပါးရှိနေချိန်မှာ မြန်မာနိုင်ငံတဝန်း ပြည်သူတွေကြုံတွေ့နေရတဲ့ ဒုက္ခတွေလျော့သွားမယ့် လက္ခဏာမမြင်ရသေးကြောင်းနဲ့ ဒီလိုအခြေအနေတွေ ဖြစ်နေတာတောင် မြန်မာနိုင်ငံအရေးဟာ နိုင်ငံတကာက အရေးပေး ဆွေးနွေးတဲ့ အခြေအနေမှာ မရှိတော့ဘူးလို့လည်း Amnesty International ရဲ့ထုတ်ပြန်ချက်မှာ သူကထောက်ပြထားပါတယ်။

"ရှမ်းမြောက်မှာ စစ်ကောင်စီ စစ်ရာဇဝတ်မှုချိုးဖောက်တာရှိနိုင်" - Amnesty
please wait

No media source currently available

0:00 0:01:40 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG