သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရန္ကုန္ အလုံ ထူး စက္သုံးဆီဆိုင္ ေပါက္ကြဲမီးေလာင္


အလုံၿမိဳ႕နယ္က ထူးစက္သုံးဆီအေရာင္းဆုိင္ ေပါက္ကြဲမီးေလာင္ၿပီး ၿငႇိမ္းသတ္ေနတဲ့ မီးသတ္တပ္ဖြဲ႔ဝင္မ်ား။ (ဇန္နဝါရီ ၁၆၊ ၂၀၂၂။ ဓာတ္ပုံ - Myanmar Fire Services Department)

(Zawgyi / Unicode)

ရန္ကုန္ အလုံၿမိဳ႕နယ္ ေထာ္လီေကြ႔အနီးမွာရွိတဲ့ ထူး စက္သုံးဆီဆိုင္မွာ ဒီကေန႔မနက္ပိုင္းက ေပါက္ကြဲမီးေလာင္မႈ ျဖစ္ခဲ့တယ္လို႔ ရန္ကုန္ၿမိဳ႕ခံေတြက ေျပာပါတယ္။

ေပါက္ကြဲသံ ၾကားရၿပီးေနာက္ မီးေလာင္ၿပီး တဆိုင္လုံး ပ်က္စီးဆုံး႐ႈံးမႈ ရွိခဲ့တယ္လို႔ အနီးေဒသခံေတြက ေျပာပါတယ္။

ျမန္မာႏုိင္ငံ မီးသတ္ဦးစီးဌာနရဲ႕ လူမႈကြန္ရက္ေပၚ ထုတ္ျပန္ခ်က္မွာေတာ့ မီးေလာင္ဆုံး႐ႈံးမႈရွိတယ္ ဆုိတာကိုပဲ ေဖာ္ျပၿပီး ဘာေၾကာင့္ မီးေလာင္ဆုံး႐ႈံးရတယ္ ဆုိတာကို မေရးပါဘူး။

PDF ရန္ကုန္ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ တဖြဲ႔ကေတာ့ အလုံၿမိဳ႕နယ္တြင္း ထူးစက္သုံးဆီဆိုင္ကို လက္ပစ္ဗုံးႏွစ္လုံးနဲ႔ သူတို႔ တိုက္ခိုက္ခဲ့တယ္လို႔ ထုတ္ျပန္ပါတယ္။ ဗြီအုိေအအေနနဲ႔ သီးျခား အတည္ျပဳလို႔ မရပါဘူး။

ရန္ကုန္ သုံးခြ၊ ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္း ၿမိဳ႕နယ္အတြင္းမွာလည္း ဒီကေန႔ ေပါက္ကြဲမႈတခ်ိဳ႕ ျဖစ္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံတြင္း စစ္အာဏာသိမ္းမႈ ဆန႔္က်င္တဲ့ ဆႏၵျပမႈေတြ ပစ္ခတ္ႏွိမ္နင္းခံရမႈေတြ ၿပီးကတည္းက ရန္ကုန္အပါအဝင္ ၿမိဳ႕အေတာ္မ်ားမ်ားမွာ ေပါက္ကြဲမႈေတြ၊ ဗုံးကြဲမႈေတြက ေန႔စဥ္ဆိုသလို ရွိေနတာပါ။

စစ္ေရးတင္းမာမႈေတြ ရွိေနတဲ့ ကရင္ျပည္နယ္ ျမဝတီ သကၤန္းညီေနာင္ နယ္ေျမရဲစခန္းကိုလည္း ဇန္နဝါရီလ ၁၅ ရက္ေန႔ ညပိုင္းက အေဝးကေန ပစ္ခတ္တိုက္ခိုက္မႈ ရွိခဲ့တယ္လို႔ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ရန်ကုန် အလုံ ထူး စက်သုံးဆီဆိုင် ပေါက်ကွဲမီးလောင်

ရန်ကုန် အလုံမြို့နယ် ထော်လီကွေ့အနီးမှာရှိတဲ့ ထူး စက်သုံးဆီဆိုင်မှာ ဒီကနေ့မနက်ပိုင်းက ပေါက်ကွဲမီးလောင်မှု ဖြစ်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ပေါက်ကွဲသံ ကြားရပြီးနောက် မီးလောင်ပြီး တဆိုင်လုံး ပျက်စီးဆုံးရှုံးမှု ရှိခဲ့တယ်လို့ အနီးဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနရဲ့ လူမှုကွန်ရက်ပေါ် ထုတ်ပြန်ချက်မှာတော့ မီးလောင်ဆုံးရှုံးမှုရှိတယ် ဆိုတာကိုပဲ ဖော်ပြပြီး ဘာကြောင့် မီးလောင်ဆုံးရှုံးရတယ် ဆိုတာကို မရေးပါဘူး။

PDF ရန်ကုန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တဖွဲ့ကတော့ အလုံမြို့နယ်တွင်း ထူးစက်သုံးဆီဆိုင်ကို လက်ပစ်ဗုံးနှစ်လုံးနဲ့ သူတို့ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဗွီအိုအေအနေနဲ့ သီးခြား အတည်ပြုလို့ မရပါဘူး။

ရန်ကုန် သုံးခွ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်အတွင်းမှာလည်း ဒီကနေ့ ပေါက်ကွဲမှုတချို့ ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ပစ်ခတ်နှိမ်နင်းခံရမှုတွေ ပြီးကတည်းက ရန်ကုန်အပါအဝင် မြို့အတော်များများမှာ ပေါက်ကွဲမှုတွေ၊ ဗုံးကွဲမှုတွေက နေ့စဉ်ဆိုသလို ရှိနေတာပါ။

စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ ကရင်ပြည်နယ် မြဝတီ သင်္ကန်းညီနောင် နယ်မြေရဲစခန်းကိုလည်း ဇန်နဝါရီလ ၁၅ ရက်နေ့ ညပိုင်းက အဝေးကနေ ပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။

XS
SM
MD
LG