သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေကာ့ကရိတ္ေတာင္ပိုင္း ေက်းရြြာေတြ စစ္ေကာင္စီ ေလေၾကာင္းတိုက္ခိုက္


ေကာ့ကရိတ္ၿမိဳ႕နယ္ထဲက ေက်းရြာေတြကုိ လက္နက္ႀကီးက်ည္ က်ေရာက္ၿပီး ထိခိုက္ဒဏ္ရာ ရရွိတဲ့ ေဒသခံမ်ား။ (ဇန္နဝါရီ ၈၊ ၂၀၂၂။ ဓာတ္ပုံ - CJ)

(Zawgyi / Unicode)

ကရင္ျပည္နယ္၊ ျမဝတီ-ေကာ့ကရိတ္ အာရွလမ္းအနီး ေကာ့ကရိတ္ၿမိဳ႕ ေတာင္ပိုင္းက ေက်းရြာေတြကို စစ္ေကာင္စီတပ္ေတြက ဇန္နဝါရီလ ၁၅ ရက္ ေန႔လယ္ပုိင္းကစၿပီး ေလေၾကာင္းကေန တတိယအႀကိမ္ေျမာက္ ပစ္ခတ္ခဲ့တာေၾကာင့္ ဒုကၡသည္ ၂,၀၀၀ ေလာက္ အိုးအိမ္စြန္႔ ထြက္ေျပးေနၾကရပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ ဒူးပလာယာခ႐ုိင္ ေကအန္ယူတပ္မဟာ ၆ ထိန္းခ်ဳပ္တဲ့ ေကာ့ကရိတ္ၿမိဳ႕နယ္မွာလည္း ဒီရက္ပုိင္းအတြင္း စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္၊ ျပည္သူ႔ကာကြယ္ေရးတပ္ စတဲ့ ပူးေပါင္းတပ္ဖြဲ႔ေတြနဲ႔ တုိက္ပဲြေတြ ဆက္တုိက္ျဖစ္ေနပါတယ္။ ဇန္နဝါရီလ ၁၅ ရက္ေန႔မွာေတာ့ စစ္ေကာင္စီတပ္ေတြက ေလေၾကာင္းကေန တိုက္ခိုက္မႈေတြ လုပ္ခဲ့ေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္က ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုေစာမြန္က ေျပာပါတယ္။

“ေန႔ခင္းေလာက္မွာ ေကာ့ကရိတ္နဲ႔ မနီးမေဝး အာရွလမ္းမ ရြာအစပ္ေတြမွာရိွတဲ့ ေကာ့ႏဲြ႔တို႔ ရြာသစ္တို႔ ကမုိင္ကုန္းတုိ႔ အဲဒီဘက္က KNLA တပ္ေတြ ရွိတယ္ထင္တဲ့ ေနရာကို လိုက္ပစ္တယ္၊ ရဟတ္ယာဥ္နဲ႔ ၂ ေခါက္လာတယ္။ ေကာ့ကရိတ္မွာ အခုတိုက္တာဆို ၃ ႀကိမ္ေလာက္ရိွၿပီ။ ေလေၾကာင္းနဲ႔ တိုက္ခိုက္တာ ၃ ႀကိမ္ရွိၿပီ။”

စစ္ေကာင္စီတပ္ေတြကေတာ့ ဇန္နဝါရီလ ၁၄ ရက္ေန႔ကလည္း လက္နက္ႀကီးေတြနဲ႔ အဆက္မျပတ္ ပစ္ခတ္ေနတဲ့အတြက္ ေဒသခံေတြရဲ႕ ေနအိမ္တခ်ိဳ႕ ထိခိုက္ပ်က္စီးခဲ့ရသလို ဇန္နဝါရီလ ၁၅ ရက္ေန႔မွာလည္း ေကာ့ကရိတ္ေတာင္ပိုင္းက ေက်းရြာေတြကို လက္နက္ႀကီးနဲ႔ ပစ္ခတ္တာေၾကာင့္ ေဒသခံ ေထာင္ဂဏန္းေလာက္ဟာ ထြက္ေျပးေနရတယ္္လို႔ ဆိုပါတယ္။ ေကာ့ကရိတ္ၿမိဳ႕ ေတာင္ပိုင္းမွာရွိတဲ့ ေက်းရြာေတြျဖစ္တဲ့ ရြာသစ္၊ ေက့ာႏဲြ႔၊ အံဖႀကီး၊ အံဖေလး၊ အံကေလာင္၊ ၿမိဳ႕ေဟာင္း စတဲ့ ေက်းရြာက ျပည္သူေတြဟာ ေတာေတာင္ေတြထဲမွာ ပုန္းေအာင္းၿပီး စစ္ေဘးေရွာင္ေနရပါတယ္။ ခန္႔မွန္းေျခ စစ္ေဘးေရွာင္ဒုကၡသည္ ၂,၀၀၀ ထက္မနည္း ရိွတယ္လို႔လည္း ေျပာပါတယ္။

“ေကာ့ကရိတ္ဘက္ ေက်းရြာေတြျဖစ္တဲ့ ေကာ့ကရိတ္ဘက္က ဒုကၡသည္ေတြကေတာ့ ခန္႔မွန္းေျခကေတာ့ နယ္စပ္ေတြကမရိွ၊ ၿမိဳ႕နဲ႔မနီးမေဝးဆုိေတာ့ ၿမိဳ႕မွာ ေဆြမ်ိဳးသားခ်င္းရိွတဲ့ ေနရာေတြမွာ ခိုေအာင္းတာရွိတယ္။ ေတာေတာင္ေတြထဲ ၿခံဳစပ္ ေတာစပ္ေတြမွာ ခန္႔မွန္းေျခအရ ေဒသခံေတြ ေျပာတာေတာ့ လူဦးေရ ၂,၀၀၀ ေလာက္ရွိတယ္။”

ျမဝတီခ႐ုိင္ ေလးေက့ေကာ္တဝုိက္ ဖလူးေက်းရြာအနီးက ဒီမုိကေရစီ ကရင္အက်ိဳးျပဳတပ္မေတာ္ DKBA စခန္းတခုကို စစ္ေကာင္စီဘက္က ေလေၾကာင္းကလည္း ပစ္ခတ္သလို စစ္အင္အား အလံုးအရင္းနဲ႔ ဝင္ေရာက္တုိက္ခိုက္တာ၊ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေတြေၾကာင့္ DKBA စခန္း က်သြားခဲ့ၿပိီး အဲဒီမွာ ခိုလႈံေနတဲ့ စစ္ေရွာင္ဒုကၡသည္ေတြလည္း ေသာင္ရင္းျမစ္တေလွ်ာက္နဲ႔ ထိုင္းဘက္က ဒုကၡသည္စခန္းကို ထြက္ေျပးလာခဲ့ၾကရတယ္လို႔လည္း ဆုိပါတယ္။

“ေသာင္ရင္းတေလွ်ာက္ကေတာ့ ဒုကၡသည္ေတြ ပိုမ်ားလာတယ္။ အရင္က ျမန္မာဘက္ျခမ္းက ခိုေအာင္းေနတဲ့ ေလးေက့ေကာ္နားတဝုိက္ ဖလူးေက်းရြာတဝုိက္က လူေတြက ဗုိလ္စလံုးစခန္းမွာပဲ ေနၾကတယ္။ အခု ဗိုလ္စလံုးစခန္း က်သြားတဲ့အခါက်ေတာ့ လူေတြက ပုိမ်ားလာတယ္။ ေသာင္ရင္းျမစ္ တဖက္ျခမ္းကို ကူးလာတယ္။ ထုိင္းဘက္ျခမ္း ႏြားၿခံဘက္မွာလည္း လူဦးေရ ပုိမ်ားလာတာေပါ့။”

စစ္ေကာင္စီဘက္က ကရင္ျပည္နယ္ ျမဝတီခ႐ုိင္ထဲက ဖလူးေလးေက်းရြာထဲကို အင္အားအလံုးအရင္းနဲ႔ ဝင္ေရာက္တိုက္ခိုက္ခဲ့တာေၾကာင့္ KNLA တပ္ေတြ ပူးေပါင္းတပ္ဖဲြ႔ေတြနဲ႔ တုိက္ပဲြျဖစ္ေနတာပါ။ ေျမျပင္တုိက္ပဲြေတြမွာေတာ့ စစ္ေကာင္စီဘက္က ေသဆံုးဒဏ္ရာရမႈေတြလည္း ရွိေနပါတယ္။ ႏွစ္ဖက္ပစ္ခတ္မႈေတြျဖစ္ၿပီး ေလေၾကာင္းက ပစ္ခတ္တာအျပင္ လက္နက္ႀကီးေတြနဲ႔ စစ္ေကာင္စီဘက္က အဆက္မျပတ္ ပစ္ခတ္မႈေတြေၾကာင့္ မေန႔ကေတာ့ ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔ဝင္ ၈ ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိၿပီး ထိခိုက္ေသဆံုးမႈေတြလည္း ရွိတယ္လို႔ သတင္းရရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ကော့ကရိတ်တောင်ပိုင်း ကျေးရွာတွေ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းအနီး ကော့ကရိတ်မြို့ တောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဇန်နဝါရီလ ၁၅ ရက် နေ့လယ်ပိုင်းကစပြီး လေကြောင်းကနေ တတိယအကြိမ်မြောက် ပစ်ခတ်ခဲ့တာကြောင့် ဒုက္ခသည် ၂,၀၀၀ လောက် အိုးအိမ်စွန့် ထွက်ပြေးနေကြရပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ဒူးပလာယာခရိုင် ကေအန်ယူတပ်မဟာ ၆ ထိန်းချုပ်တဲ့ ကော့ကရိတ်မြို့နယ်မှာလည်း ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေက လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်က ပြောပါတယ်။

“နေ့ခင်းလောက်မှာ ကော့ကရိတ်နဲ့ မနီးမဝေး အာရှလမ်းမ ရွာအစပ်တွေမှာရှိတဲ့ ကော့နွဲ့တို့ ရွာသစ်တို့ ကမိုင်ကုန်းတို့ အဲဒီဘက်က KNLA တပ်တွေ ရှိတယ်ထင်တဲ့ နေရာကို လိုက်ပစ်တယ်၊ ရဟတ်ယာဉ်နဲ့ ၂ ခေါက်လာတယ်။ ကော့ကရိတ်မှာ အခုတိုက်တာဆို ၃ ကြိမ်လောက်ရှိပြီ။ လေကြောင်းနဲ့ တိုက်ခိုက်တာ ၃ ကြိမ်ရှိပြီ။”

စစ်ကောင်စီတပ်တွေကတော့ ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေရဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရသလို ဇန်နဝါရီလ ၁၅ ရက်နေ့မှာလည်း ကော့ကရိတ်တောင်ပိုင်းက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ထောင်ဂဏန်းလောက်ဟာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ ကော့ကရိတ်မြို့ တောင်ပိုင်းမှာရှိတဲ့ ကျေးရွာတွေဖြစ်တဲ့ ရွာသစ်၊ ကေ့ာနွဲ့၊ အံဖကြီး၊ အံဖလေး၊ အံကလောင်၊ မြို့ဟောင်း စတဲ့ ကျေးရွာက ပြည်သူတွေဟာ တောတောင်တွေထဲမှာ ပုန်းအောင်းပြီး စစ်ဘေးရှောင်နေရပါတယ်။ ခန့်မှန်းခြေ စစ်ဘေးရှောင်ဒုက္ခသည် ၂,၀၀၀ ထက်မနည်း ရှိတယ်လို့လည်း ပြောပါတယ်။

“ကော့ကရိတ်ဘက် ကျေးရွာတွေဖြစ်တဲ့ ကော့ကရိတ်ဘက်က ဒုက္ခသည်တွေကတော့ ခန့်မှန်းခြေကတော့ နယ်စပ်တွေကမရှိ၊ မြို့နဲ့မနီးမဝေးဆိုတော့ မြို့မှာ ဆွေမျိုးသားချင်းရှိတဲ့ နေရာတွေမှာ ခိုအောင်းတာရှိတယ်။ တောတောင်တွေထဲ ခြုံစပ် တောစပ်တွေမှာ ခန့်မှန်းခြေအရ ဒေသခံတွေ ပြောတာတော့ လူဦးရေ ၂,၀၀၀ လောက်ရှိတယ်။”

မြဝတီခရိုင် လေးကေ့ကော်တဝိုက် ဖလူးကျေးရွာအနီးက ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် DKBA စခန်းတခုကို စစ်ကောင်စီဘက်က လေကြောင်းကလည်း ပစ်ခတ်သလို စစ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် DKBA စခန်း ကျသွားခဲ့ပြီး အဲဒီမှာ ခိုလှုံနေတဲ့ စစ်ရှောင်ဒုက္ခသည်တွေလည်း သောင်ရင်းမြစ်တလျှောက်နဲ့ ထိုင်းဘက်က ဒုက္ခသည်စခန်းကို ထွက်ပြေးလာခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။

“သောင်ရင်းတလျှောက်ကတော့ ဒုက္ခသည်တွေ ပိုများလာတယ်။ အရင်က မြန်မာဘက်ခြမ်းက ခိုအောင်းနေတဲ့ လေးကေ့ကော်နားတဝိုက် ဖလူးကျေးရွာတဝိုက်က လူတွေက ဗိုလ်စလုံးစခန်းမှာပဲ နေကြတယ်။ အခု ဗိုလ်စလုံးစခန်း ကျသွားတဲ့အခါကျတော့ လူတွေက ပိုများလာတယ်။ သောင်ရင်းမြစ် တဖက်ခြမ်းကို ကူးလာတယ်။ ထိုင်းဘက်ခြမ်း နွားခြံဘက်မှာလည်း လူဦးရေ ပိုများလာတာပေါ့။”

စစ်ကောင်စီဘက်က ကရင်ပြည်နယ် မြဝတီခရိုင်ထဲက ဖလူးလေးကျေးရွာထဲကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် KNLA တပ်တွေ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတာပါ။ မြေပြင်တိုက်ပွဲတွေမှာတော့ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုတွေလည်း ရှိနေပါတယ်။ နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ပြီး လေကြောင်းက ပစ်ခတ်တာအပြင် လက်နက်ကြီးတွေနဲ့ စစ်ကောင်စီဘက်က အဆက်မပြတ် ပစ်ခတ်မှုတွေကြောင့် မနေ့ကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီး ထိခိုက်သေဆုံးမှုတွေလည်း ရှိတယ်လို့ သတင်းရရှိပါတယ်။

XS
SM
MD
LG