သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်ရာဂဏန်းပျောက်ဆုံးနေ


MYANMAR-WEATHER-CYCLONE
MYANMAR-WEATHER-CYCLONE

မေလ (၁၄) ရက်နေ့က စစ်တွေမြို့ကမိုင် ၅၀ ဝန်းကျင်ကို ဗဟိုပြုတိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်သေဆုံးသူအရေအတွက်တိုးလာနေပြီး ပျောက်ဆုံးသူပေါင်း ရာနဲ့ချီရှိနေကြောင်းသက်ကယ်ပြင် IDP စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တဦးက ဗွီအိုအေကိုပြောပါတယ်။ မုန်တိုင်းဒုက္ခသည်တွေအတွက် နေစရာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ မုန်တိုင်းဒုက္ခသည်တွေအရေး ဆောင်ရွက်နေတဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ စစ်တွေမြို့နားတဝိုက်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရဲ့ နောက်ဆုံးအခြေအနေ အခု ဘယ်လိုရှိလဲရှင့်။

ရိုဟင်ဂျာဒုက္ခသည်။ ။ အခု မုန်တိုင်းပြီးသွားတဲ့နောက်မှာဆိုရင် ကျနော်တို့ဒီမှာ shelters တွေ၊ camp တွေပေါ့နော်- Camp တွေရော။ ရွာ တွေရော အကုန်လုံးပျက်စီးသွားပြီ။ ...နေဖို့ နေရာလည်းမရှိဘူး၊ စားဖို့အစားအသောက်လည်းမရှိဘူး။ တချို့ ထိခိုက်ဒဏ်ရာရသူတွေအတွက် ဆေးကုသပေးဖို့လည်းမရှိဘူး။ ကျနော်တို့ သက်ကယ်ပြင်မှာ အစိုးရဘက်ကနေ စီစဉ်ပေးခဲ့တဲ့ ဆေးရုံကြီးတခုရှိတယ်။ အဲဒီမှာ ဆေးရုံကြီးရဲ့ ခေါင်မိုးတွေ ဘာတွေ ပျက်စီးသွားပြီ။ ဆရာဝန်တွေလည်း ဘယ်သူမှ မရှိဘူး။ ဆေးရုံကြီးကို ကျနော်ကိုယ်တိုင်သွားမေးကြည့်တာ၊ သူတို့မှာ ဆေးတွေ လုံလုံလောက်လောက် မရှိဘူး။

အင်ကြင်းနိုင်။ ။ သေဆုံးသူအရေအတွက်ကကော ဘယ်လောက်ရှိသွားပြီလဲရှင့်။

ရိုဟင်ဂျာဒုက္ခသည်။ ။ ကျနော်တို့ ဒီမှာ အခု သေစာရင်းတွေလိုက်ကောက်တာ စုစုပေါင်း deadbody တွေ့တာပေ့ါနော်- ၁၀၀ ကျော်တွေ့တယ်။ ဒါပေမဲ့ ၁၀၀ ကျော်က အလောင်းတွေကို တွေ့တာ။ စုစုပေါင်းသေဆုံးသူအရေအတွက်ဆိုရင် ခန့်မှန်းချက်ပဲ ပြောလို့ရမယ်။ ရွာမှာကျန်ခဲ့တဲ့၊ ကမ့်မှာကျန်ခဲ့တဲ့လူတွေ စုစုပေါင်းဆိုရင် သေဆုံးသူက ၁,၀၀၀ နီးပါး လောက်ရှိတယ်။ ဘာလို့ အဲဒီလောက်ထိ ပျောက်ဆုံးနေသလဲဆိုရင် သူတို့က နေရာရွှေ့ပြောင်းတဲ့အချိန်မှာ တချို့လူတွေက အိမ်မှာပဲကျန်ခဲ့တာ။ ကမ့်ထဲမှာပဲကျန်ခဲ့တာ၊ မိန်းမနဲ့ကလေးတွေကို သူတို့က ကားတွေနဲ့ထည့်ပေးလိုက်တယ်လေ။ လူကြီးတွေရော အဲဒီမှာကျန်ခဲ့တယ်။ သူတို့ကျန်ခဲ့တဲ့နေရာတွေမှာ ရေကြီးသွားတယ်။ ...သူတို့တွေ ရေနဲ့ပါသွားတယ်ပေါ့နော်။ သူတို့ရဲ့အလောင်းက အခုထိ မတွေ့သေးဘူး။

အင်ကြင်းနိုင်။ ။ သေဆုံးသူတွေ၊ နောက် ပျောက်ဆုံးနေတဲ့သူတွေက ရိုဟင်ဂျာ မွတ်ဆလင်တွေပဲလားရှင့်။

ရိုဟင်ဂျာဒုက္ခသည်။ ။ ဟုတ်ကဲ့၊ ရိုဟင်ဂျာမွတ်ဆလင်တွေပဲ။ ဘာလို့ဆိုတော့ စစ်တွေမြို့ပေါ်မှာနေတဲ့ရခိုင်တွေက ပထမ ၂၀၁၂ ခုနှစ် ပြဿနာမဖြစ်ခင် ကျနော်တို့က မွတ်ဆလင်ရော၊ ရခိုင်ရော အကုန်ပေါင်းပြီး နေခဲ့တာ။ အခုဟာက မွတ်ဆလင်တွေသပ်သပ် ဒီကျေးရွာဘက်ရောက်ပြီးတော့ ရခိုင်တွေက မြို့ဘက်ရောက်နေတယ်။ ..ဆိုတော့ ဒီလိုပျောက်ဆုံးရတဲ့အကြောင်းရင်းကို ပြောရမယ်ဆိုရင် အဓိက ကျနော်တို့ citizenship ကိစ္စပေါ့နော်။ ဒီစစ်တွေမြို့ပေါ်မှာနေတဲ့လူတွေက ဒီမုန်တိုင်းဖြစ်လာမယ်ဆိုတဲ့ကိစ္စကို သိတဲ့အတွက်ကြောင့် သိတာနဲ့ သူတို့က ချက်ခြင်းပြောင်းရတယ်၊ ဥပမာ-ပုဏ္ဏားကျွန်းတို့၊ ....ကျောက်တော်ဘက်တို့ပေါ့၊ အဲဒိဘက်ကို ပြောင်းသွားတယ်။ ဘာလို့လဲဆိုတော့ အဲဒီနေရာတွေက တောင်တွေနဲ့ ကာထားတယ်၊ ကုန်းတွေပေါ့နော်...ကျနော်တို့မွတ်ဆလင်တွေက ဟိုဘက်မှာ ဘာလို့ မရောက်ခဲ့ဘူးဆိုတော့ အဲဒီဘက်ကိုပြောင်းရွှေ့ဖို့အတွက်ကို ကျနော်တို့မှာ မှတ်ပုံတင်လိုတယ်။ ကျနော်တို့မွတ်ဆလင်တွေမှာ မှတ်ပုံတင်မရှိတဲ့အတွက်ကြောင့် ကျနော်တို့က အဲဒီဘက်ကို ခရီးထွက်ပြီးတော့ ကိုယ့်အသက်ကို ကိုယ် ကယ်လို့မရခဲ့ဘူး။ ဒီမှာပဲ စစ်တွေမှာဖြစ်နေလည်း စစ်တွေမှာပဲနေပြီးတော့ ဒီမုန်တိုင်းကို ရင်ဆိုင်ရမယ့်....ကျနော်တို့ အဲလို စိတ်ညစ်နေရတာ၊ ဘာလို့လဲဆိုရင် ကျနော်တို့က မှတ်ပုံတင်မရှိဘူး။

အင်ကြင်းနိုင်။ ။ ကူညီကယ်ဆယ်ရေးအခြေအနေတွေကရော အခု ဘယ်လိုရှိလဲရှင့်။

ရိုဟင်ဂျာဒုက္ခသည်။ ။ ကူညီကယ်ဆယ်ရေးအနေအထားက အခု ဒီမုန်တိုင်းပြီးသွားတာ သုံးရက်တောင်ရှိပြီ။ ကူညီကယ်ဆယ်ရေးက မနေ့က ဘယ်သူမှမရောက်ဘူး၊ ဘယ်အဖွဲ့အစည်းမှ ဘယ် UN မှ မရောက်ဘူး။ ဒီနေ့မနက်ကပဲ UNHCR ကတချို့၊ နိုင်ငံခြားသားသုံးယောက်ရယ်၊ မြန်မာက local က သုံးယောက်လောက်ရှိတယ်၊ သူတို့လာတယ်။ ကျနော်ကိုယ်တိုင် စကားပြောခဲ့ရတာက IRC က .... ပရိုဂရမ်က အမေရိကန်..တယောက်လာတယ်။ သူတို့ပဲလာတယ်။ တခြားအဖွဲ့အစည်းတွေ မတွေ့ဘူး။

အင်ကြင်းနိုင်။ ။ စစ်ကောင်စီဘက်ကတော့ သူတို့ ရခိုင်ပြည်နယ်ဘက်မှာ မုန်တိုင်းကြောင့် ဒုက္ခရောက်နေတဲ့သူတွေကို သူတို့ ကူညီကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့ ပြောပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေစခန်းမှာ စစ်ကောင်စီက အခုလက်ရှိ ဘာတွေဆောင်ရွက်ပေးနေလဲရှင့်။

ရိုဟင်ဂျာဒုက္ခသည်။ ။ ဟုတ်ကဲ့။ စစ်ကောင်စီဘက်ကဆိုရင် ကျနော်တို့စစ်တွေမြို့၊ စစ်တွေကယ်ဆယ်ရေးအတွက် သူတို့က မုန်တိုင်းမဖြစ်ခင် သူတို့က ကြိုတင် သတိပေးတာတွေလုပ်ခဲ့တယ်။ ကျနော်တို့ရဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ ခေါင်းဆောင်တွေရှိတယ်၊ သူတို့ခန့်ထားတာပေါ့နော်။ village leader ပေ့ါနော်။ အုပ်ချုပ်ရေးမှူးတို့၊ အတွင်းရေးမှူးတို့ သူတို့ခန့်ထားတာရှိတယ်။ သူတို့ကတဆင့်ပြောတာ၊ မြန်မာပြည်မှာ အန္တရာယ်ရှိတဲ့ မုန်တိုင်းလာဖို့ရှိတယ်၊ ....ရွှေ့ပေးပါဆိုပြီး သူတို့ပြောခဲ့တာရှိတယ်။ ပြီးရင် ဘာလုပ်ပေးခဲ့လဲဆိုရင် ဟိုးမှာ အုန်းတောခြေတို့ .......ဘက်မှာနေတဲ့သူတွေ ပင်လယ်ကမ်းခြေနဲ့ တော်တော်နီးတယ် သူတို့က ။ အဲဒီမှာရေကြီးဖို့များတယ်ဆိုတော့ ဒီလူတွေက ဒီစစ်ကောင်စီဘက်က ကျနော်တို့ကို ကားတွေပေးတယ်၊ ဟိုဘက်က လာတဲ့လူတွေကို ရွှေ့ပြောင်းကြဖို့ သူတို့ ကားစီစဉ်ပေးခဲ့တယ်။ အဲဒီဥစ္စာတော့ ပြောမယ်ဆိုရင် အုန်းတောခြေဘက်က သူတို့ကိုယ်တိုင်သွားပြီးတော့ တချို့ရိုဟင်ဂျာတွေကို သက်ကယ်ပြင် အထကကျောင်းမှာ ပြောင်းလာပေးခဲ့တာရှိတယ်။ သူတို့ကားစီစဉ်ပေးပြီးတော့။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG