သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးစစ်ရေးထောက်ပံ့မှုရပ်ဖို့ ဂျာမနီကိုစွဲချက် ICJ ပယ်ချ


တင့်ကားအမြောက်ပြောင်းကို အစ္စရေးစစ်သားတွေ သန့်ရှင်းနေစဥ်။ (ဧပြီ ၃၀၊ ၂၀၂၄)
တင့်ကားအမြောက်ပြောင်းကို အစ္စရေးစစ်သားတွေ သန့်ရှင်းနေစဥ်။ (ဧပြီ ၃၀၊ ၂၀၂၄)

အစ္စရေးကိုပေးနေတဲ့ စစ်ရေးအကူတွေရပ်ဖို့ ဂျာမနီနိုင်ငံအပေါ် နီကာရာဂွါက တရားစွဲဆိုချက်ကို အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေက ပယ်ချလိုက်ပါတယ်။ တရားရုံးက အဲဒီလို အမိန့်ချမှတ်ပေးဖို့ ဥပဒေကြောင်းအရ မခိုင်လုံဘူးလို့ အိုင်စီဂျေတရားသူကြီးတွေက အင်္ဂါနေ့က ဆုံးဖြတ်လိုက်ကြတာပါ။

ဂါဇာပဋိပက္ခမှာ အစ္စရေးကို စစ်ရေးအကူအညီပေးခြင်းအားဖြင့် လူမျိုးသုဥ်းသတ်ဖြတ်မှုမှာ ဂျာမနီဟာ ကြံရာပါဖြစ်မဖြစ်ကို တရားရုံးကကြားနာခဲ့တာဖြစ်ပါတယ်။ အစ္စရေးကို လက်နက်တွေပို့ပေးခြင်းအားဖြင့် ဂျာမနီဟာ ၁၉၄၈ လူမျိုးသုဥ်းသတ်ဖြတ်မှုကာကွယ်ရေး အပြည်ပြည်ဆိုင်ရာသဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်တယ်ဆိုပြီး နီကာရာဂွါနိုင်ငံက ဂျာမနီကို တရားစွဲဆိုခဲ့တာပါ။

ဂါဇာမှာ အစ္စရေးဟာ လူမျိုးသုဥ်းသတ်ဖြတ်မှုကျူးလွန်တဲ့ လက္ခဏာတွေ တွေ့နေရတယ်ဆိုတဲ့ အိုင်စီဂျေရဲ့တွေ့ရှိမှုပေါ်မှာအခြေတည်ပြီး ခုလို တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဂါဇာက ဟာမတ်စ်ကိုတိုက်ခိုက်ရာမှာ စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုပြီး အစ္စရေးတာဝန်ရှိသူတွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး အိုင်စီ‌စီကသာ တကယ်လို့ ဖမ်းဝရမ်းထုတ်မယ်ဆိုရင် ဒါဟာ သမိုင်းနဲ့ချီ သိက္ခာကျတဲ့လုပ်ရပ် ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေသန်ယာဟုက အင်္ဂါနေ့က ပြောပါတယ်။

ဂါဇာစစ်ပွဲနဲ့ပတ်သက်လို့ အိုင်စီစီက အစ္စရေးနဲ့ဟာမတ်စ်အဖွဲ့တို့ကို စုံစမ်းစစ်ဆေးနေတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG