ျမန္မာႏိုင္ငံတနသၤာရီတိုင္းေဒသႀကီးထဲမွာ စစ္အုပ္ခ်ဳပ္ေရး ေၾကညာၿပီးေနာက္ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံျပည္သူကာကြယ္ေရးတပ္ဖြဲ႕ေတြၾကား ႏွစ္ဖက္တိုက္ပြဲေတြ ပိုမိုျပင္းထန္လာၿပီး စစ္ေဘးေရွာင္ျပည္သူ ၃၀,၀၀၀ ေက်ာ္အထိ ျမင့္တက္လာေနပါတယ္ ။ အခုရက္ပိုင္းမွာပဲ ပုေလာဘက္မွာစစ္ေဘးေရွာင္ တစ္ေထာင္ေက်ာ္ထပ္တိုးလာပါတယ္၊ ေဒသ ေအးခ်မ္းၿပီဆိုၿပီး ထိုင္းဘက္ကေန ျပန္လာၾကတဲ့စစ္ေဘးေရွာင္ေတြကို အဆက္အသြယ္မရတာေတြရွိေနတယ္လို႔ဆိုပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္ ။
ျမန္မာႏိုင္ငံတနသၤာရီတိုင္းေဒသႀကီးထဲမွာ စစ္အုပ္ခ်ဳပ္ေရး ေၾကညာၿပီးေနာက္ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံျပည္သူကာကြယ္ေရးတပ္ဖြဲ႕ေတြၾကား ႏွစ္ဖက္တိုက္ပြဲေတြ ပိုမိုျပင္းထန္လာၿပီး စစ္ေဘးေရွာင္ျပည္သူ ၃၀,၀၀၀ ေက်ာ္အထိျဖစ္လာသလို ေနစဥ္လည္းေထာင္ဂဏန္းနဲ႔တိုးလာေၾကာင္းပုေလာဘက္မွာေတာ့ စစ္ေရွာင္ဦးေရပိုမ်ားလာတယ္လို႔ ေဒသခံတဦးကေျပာျပပါတယ္။
"လက္ရွိကေတာ့ ၃ေသာင္းေက်ာ္ရွိသြားၿပီေပါ့ေနာ္ ၃ ေသာင္းေက်ာ္ထဲက ၂၈၀၀၀ ေက်ာ္ကေတာ့အမွန္တကယ္စစ္ေဘးေရွာင္ေနရတယ္ တခ်ိဳ႕ကေတာ့႐ြာေတြထဲမွာစစ္ပြဲျဖစ္ေနတဲ့အတြက္ ေနလို႔မရလို႔ၿမိတ္ၿမိဳ ကိုတိမ္းေရွာင္လာၾကတယ္ ၿမိဳ ေပၚလာေတာ့လည္း စစ္ေဆးေမးျမန္းခံေနရလို႔ဘယ္သြားလို႔ ဘယ္လာရမွန္းကိုမသိဘူးျဖစ္ေနရတယ္၊ ပုေလာဘက္မွာတိုက္ပြဲေတြျဖစ္ေနလို႔ အဲဒီဘက္မွာအခုရက္ပိုင္းမွာ စစ္ေဘးေရွာင္ တစ္ေထာင္ေက်ာ္ေလာက္တိုးလာတယ္"
တနသၤာရီတိုင္းကတိုက္ပြဲေတြေၾကာင့္ ေကာ့ေသာင္းခ႐ိုင္ ခေမာက္ႀကီးၿမိဳ႕နယ္ရွမ္းကိုးစုေက်း႐ြာသားေတြဟာ ထိုင္းဘက္ျခမ္းရေနာင္းဘက္ထိ ထြက္ေျပးရတာေတြရွိပါတယ္။ တိုက္ပြဲေတြရပ္တာနဲ႔ ထိုင္းဘက္ကလည္းျမန္မာဘက္ကို ျပန္ပို႔ေပးခဲ့ပါတယ္။ စစ္ေကာင္စီဘက္ကလည္း စစ္ေဘးေရွာင္ေတြကို ေနရပ္ျပန္ဖို႔ဖိအားေပးျပန္ေခၚခဲ့တယ္လို႔လည္းဆိုပါတယ္။ ထိုင္းဘက္က ျပန္လာတဲ့စစ္ေဘးေရွာင္ေတြကိုေတာ့ ေဆြမ်ိဳးသားခ်င္းေတြကအဆက္အသြယ္မရျဖစ္ေနတယ္လို႔လည္းဆိုပါတယ္။
"တိုက္ပြဲေတြမရွိေတာ့ဘူး ၿငိမ္းခ်မ္းသြားၿပီဆိုၿပီး ထိုင္းဘက္ကို ဖိအားေပးၿပီးလာျပန္ေခၚသြာတာလည္းရွိေတာ့ စစ္ေရွာင္ေတြထားတဲ့ေနရာက စစ္ေကာင္စီေတြရွိေနတဲ့ေနရာျဖစ္ေတာ့ အဲဒီဘက္မွာ တိုက္ပြဲေတြျဖစ္ေတာ့ စစ္ေဘးေရွာင္ေတြကဘယ္လိုေနၾကလဲ ဘယ္ေနရာေရာက္ေနလဲဆိုတာစုံစမ္းလို႔မရတဲ့အေနအထားအထိျဖစ္သြားတာေပါ့"
စစ္ေကာင္စီဘက္က တနသၤာရီတိုင္းအတြင္းက ပုေလာၿမိဳ႕နယ္နဲ႔ တနသၤာရီၿမိဳ႕နယ္တို႔ကို ေဖေဖၚဝါရီလအတြင္းမွာ စစ္အုပ္ခ်ဳပ္ေရး ေၾကညာၿပီးေနာက္ပိုင္း ဖုန္းလိုင္းနဲ႔အင္တာနက္လိုင္းေတြလည္း ျပတ္ေတာက္ေနၿပီး ဆက္သြယ္ေရးအခက္အခဲေတြရွိေနပါတယ္။
ျမန္မာႏိုင္ငံတနသၤာရီတိုင္းဘက္က တိုက္ပြဲေတြေၾကာင့္ ေဖေဖၚဝါရီလကစၿပီးထိုင္းဘက္ကိုစစ္ေဘးေရွာင္ ရာဂဏန္းေလာက္ ထြက္ေျပးလာၾကၿပီး ထိုင္းဘက္ကလည္း အဲဒီနယ္ေျမေတြမွာ စစ္ေရးမတည္ၿငိမ္မူေတြေၾကာင့္ လုံၿခဳံေရးေတြတိုးခ်ဲခ်ထားတာ သံဆူးႀကိဳးေတြကာရံထားတာေတြ စစ္ေရးအရျပင္ဆင္ထားတာေတြကိုလုပ္ေဆာင္ထားပါတယ္။ အရင္တုန္းကေတာ့အဲဒီနယ္ေျမေတြဟာ တိုက္ပြဲမရွိပဲတည္ၿငိမ္တဲ့ေဒသေတြျဖစ္ၿပီး စစ္တပ္က အာဏာသိမ္းၿပီး ၂ ႏွစ္အတြင္းမွာေတာ့ တိုက္ပြဲ ေတြမၾကာခနျဖစ္ခဲ့ပါတယ္။
{Unicode}
တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေတိုး
မြန်မာနိုင်ငံတနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး စစ်ဘေးရှောင်ပြည်သူ ၃၀,၀၀၀ ကျော်အထိ မြင့်တက်လာနေပါတယ် ။ အခုရက်ပိုင်းမှာပဲ ပုလောဘက်မှာစစ်ဘေးရှောင် တစ်ထောင်ကျော်ထပ်တိုးလာပါတယ်၊ ဒေသ အေးချမ်းပြီဆိုပြီး ထိုင်းဘက်ကနေ ပြန်လာကြတဲ့စစ်ဘေးရှောင်တွေကို အဆက်အသွယ်မရတာတွေရှိနေတယ်လို့ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။
မြန်မာနိုင်ငံတနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး စစ်ဘေးရှောင်ပြည်သူ ၃၀,၀၀၀ ကျော်အထိဖြစ်လာသလို နေစဉ်လည်းထောင်ဂဏန်းနဲ့တိုးလာကြောင်းပုလောဘက်မှာတော့ စစ်ရှောင်ဦးရေပိုများလာတယ်လို့ ဒေသခံတဦးကပြောပြပါတယ်။
"လက်ရှိကတော့ ၃သောင်းကျော်ရှိသွားပြီပေါ့နော် ၃ သောင်းကျော်ထဲက ၂၈၀၀၀ ကျော်ကတော့အမှန်တကယ်စစ်ဘေးရှောင်နေရတယ် တချို့ကတော့ရွာတွေထဲမှာစစ်ပွဲဖြစ်နေတဲ့အတွက် နေလို့မရလို့မြိတ်မြို ကိုတိမ်းရှောင်လာကြတယ် မြို ပေါ်လာတော့လည်း စစ်ဆေးမေးမြန်းခံနေရလို့ဘယ်သွားလို့ ဘယ်လာရမှန်းကိုမသိဘူးဖြစ်နေရတယ်၊ ပုလောဘက်မှာတိုက်ပွဲတွေဖြစ်နေလို့ အဲဒီဘက်မှာအခုရက်ပိုင်းမှာ စစ်ဘေးရှောင် တစ်ထောင်ကျော်လောက်တိုးလာတယ်"
တနင်္သာရီတိုင်းကတိုက်ပွဲတွေကြောင့် ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ရှမ်းကိုးစုကျေးရွာသားတွေဟာ ထိုင်းဘက်ခြမ်းရနောင်းဘက်ထိ ထွက်ပြေးရတာတွေရှိပါတယ်။ တိုက်ပွဲတွေရပ်တာနဲ့ ထိုင်းဘက်ကလည်းမြန်မာဘက်ကို ပြန်ပို့ပေးခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ဖိအားပေးပြန်ခေါ်ခဲ့တယ်လို့လည်းဆိုပါတယ်။ ထိုင်းဘက်က ပြန်လာတဲ့စစ်ဘေးရှောင်တွေကိုတော့ ဆွေမျိုးသားချင်းတွေကအဆက်အသွယ်မရဖြစ်နေတယ်လို့လည်းဆိုပါတယ်။
"တိုက်ပွဲတွေမရှိတော့ဘူး ငြိမ်းချမ်းသွားပြီဆိုပြီး ထိုင်းဘက်ကို ဖိအားပေးပြီးလာပြန်ခေါ်သွာတာလည်းရှိတော့ စစ်ရှောင်တွေထားတဲ့နေရာက စစ်ကောင်စီတွေရှိနေတဲ့နေရာဖြစ်တော့ အဲဒီဘက်မှာ တိုက်ပွဲတွေဖြစ်တော့ စစ်ဘေးရှောင်တွေကဘယ်လိုနေကြလဲ ဘယ်နေရာရောက်နေလဲဆိုတာစုံစမ်းလို့မရတဲ့အနေအထားအထိဖြစ်သွားတာပေါ့"
စစ်ကောင်စီဘက်က တနင်္သာရီတိုင်းအတွင်းက ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တို့ကို ဖေဖေါ်ဝါရီလအတွင်းမှာ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေပြီး ဆက်သွယ်ရေးအခက်အခဲတွေရှိနေပါတယ်။
မြန်မာနိုင်ငံတနင်္သာရီတိုင်းဘက်က တိုက်ပွဲတွေကြောင့် ဖေဖေါ်ဝါရီလကစပြီးထိုင်းဘက်ကိုစစ်ဘေးရှောင် ရာဂဏန်းလောက် ထွက်ပြေးလာကြပြီး ထိုင်းဘက်ကလည်း အဲဒီနယ်မြေတွေမှာ စစ်ရေးမတည်ငြိမ်မူတွေကြောင့် လုံခြုံရေးတွေတိုးချဲချထားတာ သံဆူးကြိုးတွေကာရံထားတာတွေ စစ်ရေးအရပြင်ဆင်ထားတာတွေကိုလုပ်ဆောင်ထားပါတယ်။ အရင်တုန်းကတော့အဲဒီနယ်မြေတွေဟာ တိုက်ပွဲမရှိပဲတည်ငြိမ်တဲ့ဒေသတွေဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်အတွင်းမှာတော့ တိုက်ပွဲ တွေမကြာခနဖြစ်ခဲ့ပါတယ်။