သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး ဝန်းကျင်ကောင်းရဖို့ ရန်ကုန်စည်ပင်ကြိုးပမ်း


(ဓါတ်ပုံ- စည်ပင်သာယာရေးကော်မတီ)
(ဓါတ်ပုံ- စည်ပင်သာယာရေးကော်မတီ)

ရန်ကုန်မြို့တော်က ဆောက်လုပ်ရေးလုပ်ကိုင်ခွင့်ပါမစ် စနစ်ကို ပြင်ဆင်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး လွယ်ကူစွာ ဆောင်ရွက်နိုင်တဲ့ မြို့ ဖြစ်ရေး ဆောင်ရွက်ဖို့အတွက် ကမ္ဘာ့ဘဏ်အုပ်စုဝင် International Finance Corporation IFC က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ YCDC ရဲ့ ဆောက်လုပ်ရေးဆိုင်ရာ ထိန်းချုပ်ရေးအဖွဲ့ BCA ကို ထောက်ပံ့အားပေး နေပါတယ်။

ရန်ကုန်ဆောက်လုပ်ရေး ပါမစ်စနစ် YBPS လုပ်ဆောင်မယ့်ပုံစံ ကို ဇူလိုင်လ ၁ ရက်နေ့မှာ အွန်လိုင်းက စတင်ချပြထားပြီး ဒီနှစ်ကုန်မှာ စတင်အကောင်အထည်ဖော်မယ့်အကြောင်း အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC က ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

IFC နဲ့ YCDC တို့ လက်တွဲလုပ်ကိုင်လာတာ ၁ နှစ် ရှိလာတဲ့နောက်ပိုင်းမှာ အခုလို စနစ်သစ် ပေါ်ပေါက်လာတာပါ။ YBPS စနစ်ဟာ စာရွက်စာတမ်းတွေ မလို၊ အင်တာနက်ကနေ အလွယ်တကူ လုပ်ဆောင်နိုင်တဲ့အတွက် ကြံ့ကြာမှုနည်း၊ အချိန်ကုန်သက်သာမှာ ဖြစ်ပြီး နှစ်စဉ် တင်ထားတဲ့ ဆောက်လုပ်ရေးပါမစ် ၄၀၀၀ ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ၉၅ ရက်ကနေ ၄၉ ရက်ကြားသာ အချိန်ယူပြီး စိစစ်နိုင်မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

YBPS အွန်လိုင်း စနစ်ကို အင်္ဂလိပ်နဲ့ မြန်မာ ဘာသာ ၂ မျိုးနဲ့ အသုံးပြုနိုင်ပြီး YCDC အတွက် သီးသန့် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီစနစ် စမ်းသပ်အသုံးပြုတဲ့ ကာလမှာ လိုင်စင်ရ ဗိသုကာတွေနဲ့ ဆောက်လုပ်ရေးအင်ဂျင်နီယာတွေလည်း ဝိုင်းဝန်း သုံးကြည့်နေကြပါတယ်။ မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ကိုင်ရာမှာ လွယ်ကူအဆင်ပြေစေဖို့ ရည်ရွယ်တဲ့ အစီအစဉ်ကြီးရဲ့ တစိတ်တပိုင်းအဖြစ် IFC ရဲ့ အထောက်အပံ့နဲ့ YBPS ကို ဖန်တီးထားတာပါ။ ၂၀၁၉ ခုနှစ်အတွက် နိုင်ငံတွင်း စီးပွားရေးလုပ်ကိုင်မှု ညွှန်းကိန်းမှာ စီးပွားရေးလုပ်ငန်းခွင် ၁၉၀ မှာ မြန်မာနိုင်ငံက အဆင့် ၁၇၁ နေရာမှာ ရှိနေပါတယ်။ ဆောက်လုပ်ရေးလုပ်ကိုင်ခွင့် ပါမစ်ရယူနိုင်မှု အဆင်ပြေချောမွေ့မှုက ဒီညွှန်းကိန်း အဆင့်နေရာအတွက် အရေးပါတဲ့ အချက်တခုလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG