သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ IIMM ဆက်လက် စုံစမ်းသွားမည် 


( Zawgyi / Unicode)

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးချိန်ကစပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်တဲ့ ပုံစံနဲ့ လူပေါင်း ၁,၀၀၀ ကျော် အသတ်ခံရတာကို တွေ့ရှိခဲ့ရတယ်လို့ စစ်တပ်အာဏာသိမ်းတာ တနှစ်ပြည့် မှာ IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တယား အဖွဲ့ခေါင်းဆောင် Nicholas Koumjian က ကြေညာချက် ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

လုံခြုံရေး အဖွဲ့ဝင်တွေဟာ အရပ်သား ထောင်ပေါင်းများစွာကို ဖမ်းဆီးထားချိန်မှာ ညှဉ်းပန်း နှိပ်စက်တာနဲ့ အကြမ်းဖက် စော်ကားတာတွေ၊ သတ်ဖြတ်တာတွေ ရှိခဲ့ကြောင်း ယုံကြည်ရတဲ့ စွဲဆိုမှုတွေ ရှိနေပြီး အချက်လက်တွေကို စိစစ်ပြီးရင် အထောက်ကူပြုမယ့် အမှုတွဲတွေ တည်ဆောက်နေတယ်လို့လည်း ပြောပါတယ်။

ရရှိတဲ့ အထောက်အထားတွေနဲ့ အမှုတွဲတည်ဆောက်ပြီး နိုင်ငံတွင်းနဲ့ နိုင်ငံတကာ တရားရုံး တရားစီရင်ရေး လုပ်ငန်းတွေ အထောက်အကူပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

IIMM ရဲ့ အခု လုပ်ဆောင်မှုကနေ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက် နေမှုတွေ အဆုံးသတ်ရေး နိုင်ငံတကာ အထူးသဖြင့် အာဆီယံ ASEAN အဖွဲ့ရဲ့ ကြိုးပမ်းမှုကို အားဖြည့်ပေးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ နိုင်ငံတကာ ပြစ်မှု ကျူးလွန်သူတွေဟာ တနေ့နေ့မှာ မုချ တရားရင်ဆိုင်ရမှာ ဖြစ်ကြောင်းလည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်


(Unicode)






XS
SM
MD
LG