သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ILO ရာျပည့္အခမ္းအနား ရန္ကုန္မွာက်င္းပ


ILO ရာျပည့္အခမ္းအနား ရန္ကုန္မွာက်င္းပ

ျမန္မာႏိုင္ငံဟာ ILO အျပည္ျပည္ဆိုင္ရာအလုပ္သမားအဖြဲ႕ခ်ဳပ္ရဲ႕ သေဘာတူစာခ်ဳပ္ေတြကို လိုက္နာ က်င့္သုံးေနတာေတြ ရွိသလို၊ အစိုးရ၊ အလုပ္ရွင္၊ အလုပ္သမား ၃ ပြင့္ဆိုင္ ေဆြးေႏြးပြဲေတြ က်င္းပၿပီး အလုပ္သမား အခြင့္အေရးေတြ တိုးတက္ေကာင္းမြန္ေအာင္ လုပ္ေဆာင္ေနတယ္လို႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ဒီကေန႔ ရန္ကုန္ၿမိဳ႕မွာက်င္းပတဲ့ ILO တည္ေထာင္ျခင္း ႏွစ္ ၁၀၀ ျပည့္အခမ္းအနားမွာ ေျပာပါတယ္။

ILO ရဲ႕ လက္ေထာက္ၫႊန္ၾကားေရးမႉးခ်ဳပ္ Greg Vines ကေတာ့ ျမန္မာႏိုင္ငံအေနနဲ႔ လက္မွတ္ထိုးဖို႔က်န္ေနေသးတဲ့ သေဘာတူစာခ်ဳပ္ေတြကို လက္မွတ္ထိုးဖို႔ တိုက္တြန္းေျပာၾကားလိုက္ပါတယ္။ အျပည့္အစုံကိုေတာ့ ဒီအခမ္းအနားမွာ ကိုယ္တိုင္သတင္းသြားယူခဲ့တဲ့ ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးပါမယ္။

ကုလသမဂၢလက္ေအာက္ခံ အျပည္ျပည္ဆိုင္ရာအလုပ္သမားအဖြဲ႕ခ်ဳပ္ - ILO တည္ေထာင္ျခင္း ရာျပည့္ႏွစ္ အခမ္းအနားကို ဒီကေန႔ ရန္ကုန္ၿမိဳ႕မွာ က်င္းပခဲ့တာမွာ ျမန္မာအစိုးရ တာဝန္ရွိသူေတြ၊ ILO အႀကီးအကဲေတြ၊ ႏိုင္ငံတကာက သံတမန္ေတြအပါအဝင္ အလုပ္သမားနဲ႔ အလုပ္သမားသမဂၢ ကိုယ္စားလွယ္ေတြနဲ႔ ဖိတ္ၾကားထားတဲ့ ဧည့္သည္ေတြ တက္ေရာက္ခဲ့ၾကပါတယ္။

လက္ရွိမွာ ျမန္မာအစိုးရအေနနဲ႔ ILO က ျပဌာန္းထားတဲ့ သေဘာတူစာခ်ဳပ္ေတြကို လက္မွတ္ထိုး လိုက္နာက်င့္သုံးေနေၾကာင္း အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေျပာပါတယ္။

“ျမန္မာႏိုင္ငံအေနနဲ႔ ရာျပည့္ကာလကို ဂုဏ္ျပဳတဲ့အေနနဲ႔ ILO ရဲ႕ ေျခခံျပဌာန္းခ်က္တခုျဖစ္တဲ့ အငယ္ဆုံး သက္ဆိုင္ရာျပဌာန္းခ်က္ အမွတ္ ၁၃၈ ကို လက္ခံက်င့္သုံးႏိုင္ေရး လိုအပ္တဲ့ လုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္ေနၿပီ ျဖစ္ေၾကာင္း အေလးထားၿပီး အသိေပးလိုပါတယ္။ ယခု ရာျပည့္ အခမ္းအနားအၿပီးမွာ အမ်ိဳးသားအဆင့္ ၃ ပြင့္ဆိုင္ ေဆြးေႏြးပြဲကို အလုပ္ရွင္၊ အလုပ္သမား၊ အစိုးရ၊ ၃ ပြင့္ဆိုင္ ကိုယ္စားလွယ္မ်ားနဲ႔ ဆက္လက္ က်င္းပသြားမွာ ျဖစ္ပါတယ္။ ေဆြးေႏြးပြဲကို မိမိအပါအဝင္ ILO ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ မစၥတာ Greg Vines တက္ေရာက္မွာျဖစ္ၿပီးေတာ့မွ အဓမၼလုပ္အားေပးခိုင္းေစမႈမ်ား ပေပ်ာက္ေရး စီမံခ်က္မ်ား အေလးထား လုပ္ေဆာင္ေနမႈ၊ အလုပ္သမားေရးရာ ဥပေဒမ်ား ျပင္ဆင္ေျပာင္းလဲမႈတို႔ကို ေဆြးေႏြးသြားမွာျဖစ္လို႔ ရာျပည့္ကာလ ရလာဒ္ေကာင္းမ်ား ရရွိႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။”

ျမန္မာႏိုင္ငံဟာ ၁၉၄၈ ခုႏွစ္မွာ ILO ရဲ႕အဖြဲ႕ဝင္ျဖစ္လာခဲ့တာပါ။ အေစာပိုင္းကာလေတြမွာ ျမန္မာအစိုးရနဲ႔ ILO အၾကား ဆက္ဆံေရးေျပလည္ခဲ့ေပမယ့္လည္း ေနာက္ပိုင္း စစ္အစိုးရ လက္ထက္မွာ ျမန္မာႏိုင္ငံအတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ၊ အဓမၼခိုင္းေစမႈေတြနဲ႔ အလုပ္သမားအခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရွိခဲ့တာေၾကာင့္ တင္းမာမႈေတြ ရွိခဲ့ပါတယ္။

ILO ရဲ႕ အဓိကလုပ္ငန္းတာဝန္ေတြထဲမွာ ႏိုင္ငံတကာကလိုက္နာ က်င့္သုံးရမယ့္ အလုပ္သမားဆိုင္ရာ စည္းမ်ဥ္း စည္းကမ္းေတြလည္း ပါဝင္ပါတယ္။ ကေန႔အခ်ိန္ထိ ILO အေနနဲ႔ သေဘာတူစာခ်ဳပ္ေပါင္း ၁၉၀ ကို ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီး ျဖစ္တယ္လို႔ ILO ရဲ႕ လက္ေထာက္ၫႊန္ၾကားေရးမႉးခ်ဳပ္ Greg Vines က ေျပာပါတယ္။

အဲဒီစာခ်ဳပ္ေတြထဲ လြတ္လပ္စြာစုေဝးခြင့္၊ လုပ္ငန္းခြင္အဆင္ေျပေရး၊ အလုပ္သမားရပိုင္ခြင့္ေတြကို စုေပါင္းၿပီး ေတာင္းဆိုပိုင္ခြင့္ ဆိုတဲ့ အခ်က္ေတြလည္း ပါဝင္တယ္လို႔ ဆိုပါတယ္။ အဓမၼခိုင္းေစမႈ၊ အသက္မျပည့္ေသးတဲ့ ကေလးငယ္ေတြကို ခိုင္းေစမႈ၊ အလုပ္အကိုင္ေလွ်ာက္ထားသူေတြကို ခြဲျခားဆက္ဆံမႈ စတဲ့အခ်က္ေတြဟာ ILO က လက္ခံ အသိအမွတ္ျပဳထားတဲ့ အေျခခံ သေဘာတူညီခ်က္ေတြျဖစ္ၿပီး ျမန္မာႏိုင္ငံဟာလည္း အဲဒီ သေဘာတူညီခ်က္တခ်ိဳ႕ကို လက္မွတ္ထိုးၿပီးျဖစ္တယ္လို႔ Greg Vines က ေျပာပါတယ္။

“ျမန္မာအစိုးရဟာ အဲဒီလို ႏိုင္ငံတကာ သေဘာတူညီခ်က္ေတြထဲက ၃ ခုကို လက္မွတ္ထိုးထားၿပီး ျဖစ္ပါတယ္။ ၄ ခုေျမာက္ကို လက္မွတ္ထိုးႏိုင္ဖို႔ ေဆြးေႏြးမႈေတြဟာလည္း တိုးတက္ ေကာင္းမြန္ေနတယ္လို႔ က်ေနာ္တို႔ ဒီမနက္ဘဲ ၾကားသိလိုက္ရပါတယ္။ အဲဒီလုပ္ငန္းကို ဆက္လက္ ေဆာင္႐ြက္ၿပီး က်န္ေနေသးတဲ့ ILO ရဲ႕ အေျခခံ သေဘာတူစာခ်ဳပ္ေတြမွာ လက္မွတ္ထိုးဖို႔ က်ေနာ္တို႔ တိုက္တြန္း ေျပာၾကားလိုပါတယ္။”

အလုပ္သမားအခြင့္အေရးေတြကို ေတာက္ေလွ်ာက္ ေဆာင္႐ြက္လာသူလည္းျဖစ္၊ လက္ရွိမွာ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္-CTUM ရဲ႕ ဥကၠဌလည္းျဖစ္တဲ့ ဦးေမာင္ေမာင္ကေတာ့ ျမန္မာႏိုင္ငံမွာ ေျပာင္းလဲမႈေတြျဖစ္ေပၚလာဖို႔ ILO က ကူညီေပးခဲ့တဲ့အေၾကာင္း ေျပာပါတယ္။

“ILO ကျပဌာန္းထားတဲ့ သေဘာတူစာခ်ဳပ္ပါ ယႏၲရားေတြကို အသုံးျပဳၿပီး ျမန္မာႏိုင္ငံမွာ ေျပာင္းလဲမႈျဖစ္ေပၚေအာင္ ဖိအားေပးလုပ္ေဆာင္ခဲ့တာေၾကာင့္ ေျပာင္းလဲမႈကို က်ေနာ္တို႔ ရခဲ့ပါတယ္။”

ကေန႔ ျမန္မာႏိုင္ငံမွာ ျမင္ေတြ႕ေနရတဲ့ ေျပာင္းလဲမႈေတြဟာ ILO ရဲ႕ ကူညီပံ့ေပးမႈေၾကာင့္ျဖစ္တယ္လို႔ ေျပာႏိုင္ေၾကာင္းလည္း အလုပ္သမားထုကိုယ္စား အခမ္းအနားမွာ စကားတက္ေျပာခြင့္ရခဲ့တဲ့ ဦးသက္မင္းေအာင္က ေျပာပါတယ္။ ဒါေၾကာင့္လည္း က်န္ေနေသးတဲ့ သေဘာတူစာခ်ဳပ္ေတြကို ျမန္မာႏိုင္ငံ လက္မွတ္ထိုးဖို႔ ေတာင္းဆိုလိုက္ပါတယ္။

“ျမန္မာႏိုင္ငံအေနနဲ႔ ILO ရဲ႕အဓိကက်ေသာ Fundamental Conventions မ်ားကို လက္မွတ္ထိုးႏိုင္ဖို႔အေရး က်ေနာ္တို႔ ၃ ပြင့္ဆိုင္ ေဆြးေႏြးပြဲေတြမွာ စတင္ၿပီးေတာ့မွ ေဆြးေႏြးဖို႔လို႔ က်ေနာ္တို႔အေနနဲ႔ ေမတၱာရပ္ခံလိုပါတယ္။”

၁၉၁၉ ခုႏွစ္မွာ တည္ေထာင္ခဲ့တဲ့ ILO အျပည္ျပည္ဆိုင္ရာအလုပ္သမားအဖြဲ႕ခ်ဳပ္ႀကီးေၾကာင့္ တေန႔ကို အလုပ္လုပ္ခ်ိန္ ၈ နာရီဆိုတဲ့ သတ္မွတ္ခ်က္ ထြက္လာခဲ့တာပါ။ ဒါ့အျပင္ တျခား အလုပ္သမား အခြင့္အေရးနဲ႔ဆိုင္တဲ့ ျပဌာန္းခ်က္၊ ဥပေဒေတြ ထြက္ေပၚလာေအာင္ စြမ္းေဆာင္ ေပးႏိုင္ခဲ့တဲ့ ILO အဖြဲ႕ႀကီးဟာ ၁၉၆၉ ခုႏွစ္အတြက္ ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆု ခ်ီးျမင့္ခံခဲ့ပါတယ္။

..........................

{Unicode}

ILO ရာပြည့်အခမ်းအနား ရန်ကုန်မှာကျင်းပ

မြန်မာနိုင်ငံဟာ ILO အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်ရဲ့ သဘောတူစာချုပ်တွေကို လိုက်နာ ကျင့်သုံးနေတာတွေ ရှိသလို၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင် ဆွေးနွေးပွဲတွေ ကျင်းပပြီး အလုပ်သမား အခွင့်အရေးတွေ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒီကနေ့ ရန်ကုန်မြို့မှာကျင်းပတဲ့ ILO တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်အခမ်းအနားမှာ ပြောပါတယ်။ ILO ရဲ့ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Greg Vines ကတော့ မြန်မာနိုင်ငံအနေနဲ့ လက်မှတ်ထိုးဖို့ကျန်နေသေးတဲ့ သဘောတူစာချုပ်တွေကို လက်မှတ်ထိုးဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဒီအခမ်းအနားမှာ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကုလသမဂ္ဂလက်အောက်ခံ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် - ILO တည်ထောင်ခြင်း ရာပြည့်နှစ် အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့တာမှာ မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ ILO အကြီးအကဲတွေ၊ နိုင်ငံတကာက သံတမန်တွေအပါအဝင် အလုပ်သမားနဲ့ အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ တက်ရောက်ခဲ့ကြပါတယ်။

လက်ရှိမှာ မြန်မာအစိုးရအနေနဲ့ ILO က ပြဌာန်းထားတဲ့ သဘောတူစာချုပ်တွေကို လက်မှတ်ထိုး လိုက်နာကျင့်သုံးနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ ရာပြည့်ကာလကို ဂုဏ်ပြုတဲ့အနေနဲ့ ILO ရဲ့ ခြေခံပြဌာန်းချက်တခုဖြစ်တဲ့ အငယ်ဆုံး သက်ဆိုင်ရာပြဌာန်းချက် အမှတ် ၁၃၈ ကို လက်ခံကျင့်သုံးနိုင်ရေး လိုအပ်တဲ့ လုပ်ငန်းစဉ်များ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အလေးထားပြီး အသိပေးလိုပါတယ်။ ယခု ရာပြည့် အခမ်းအနားအပြီးမှာ အမျိုးသားအဆင့် ၃ ပွင့်ဆိုင် ဆွေးနွေးပွဲကို အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ၊ ၃ ပွင့်ဆိုင် ကိုယ်စားလှယ်များနဲ့ ဆက်လက် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို မိမိအပါအဝင် ILO ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ Greg Vines တက်ရောက်မှာဖြစ်ပြီးတော့မှ အဓမ္မလုပ်အားပေးခိုင်းစေမှုများ ပပျောက်ရေး စီမံချက်များ အလေးထား လုပ်ဆောင်နေမှု၊ အလုပ်သမားရေးရာ ဥပဒေများ ပြင်ဆင်ပြောင်းလဲမှုတို့ကို ဆွေးနွေးသွားမှာဖြစ်လို့ ရာပြည့်ကာလ ရလာဒ်ကောင်းများ ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။”

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ ILO ရဲ့အဖွဲ့ဝင်ဖြစ်လာခဲ့တာပါ။ အစောပိုင်းကာလတွေမှာ မြန်မာအစိုးရနဲ့ ILO အကြား ဆက်ဆံရေးပြေလည်ခဲ့ပေမယ့်လည်း နောက်ပိုင်း စစ်အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အဓမ္မခိုင်းစေမှုတွေနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တာကြောင့် တင်းမာမှုတွေ ရှိခဲ့ပါတယ်။

ILO ရဲ့ အဓိကလုပ်ငန်းတာဝန်တွေထဲမှာ နိုင်ငံတကာကလိုက်နာ ကျင့်သုံးရမယ့် အလုပ်သမားဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေလည်း ပါဝင်ပါတယ်။ ကနေ့အချိန်ထိ ILO အနေနဲ့ သဘောတူစာချုပ်ပေါင်း ၁၉၀ ကို ချုပ်ဆိုနိုင်ခဲ့ပြီး ဖြစ်တယ်လို့ ILO ရဲ့ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Greg Vines က ပြောပါတယ်။

အဲဒီစာချုပ်တွေထဲ လွတ်လပ်စွာစုဝေးခွင့်၊ လုပ်ငန်းခွင်အဆင်ပြေရေး၊ အလုပ်သမားရပိုင်ခွင့်တွေကို စုပေါင်းပြီး တောင်းဆိုပိုင်ခွင့် ဆိုတဲ့ အချက်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အဓမ္မခိုင်းစေမှု၊ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို ခိုင်းစေမှု၊ အလုပ်အကိုင်လျှောက်ထားသူတွေကို ခွဲခြားဆက်ဆံမှု စတဲ့အချက်တွေဟာ ILO က လက်ခံ အသိအမှတ်ပြုထားတဲ့ အခြေခံ သဘောတူညီချက်တွေဖြစ်ပြီး မြန်မာနိုင်ငံဟာလည်း အဲဒီ သဘောတူညီချက်တချို့ကို လက်မှတ်ထိုးပြီးဖြစ်တယ်လို့ Greg Vines က ပြောပါတယ်။

“မြန်မာအစိုးရဟာ အဲဒီလို နိုင်ငံတကာ သဘောတူညီချက်တွေထဲက ၃ ခုကို လက်မှတ်ထိုးထားပြီး ဖြစ်ပါတယ်။ ၄ ခုမြောက်ကို လက်မှတ်ထိုးနိုင်ဖို့ ဆွေးနွေးမှုတွေဟာလည်း တိုးတက် ကောင်းမွန်နေတယ်လို့ ကျနော်တို့ ဒီမနက်ဘဲ ကြားသိလိုက်ရပါတယ်။ အဲဒီလုပ်ငန်းကို ဆက်လက် ဆောင်ရွက်ပြီး ကျန်နေသေးတဲ့ ILO ရဲ့ အခြေခံ သဘောတူစာချုပ်တွေမှာ လက်မှတ်ထိုးဖို့ ကျနော်တို့ တိုက်တွန်း ပြောကြားလိုပါတယ်။”

အလုပ်သမားအခွင့်အရေးတွေကို တောက်လျှောက် ဆောင်ရွက်လာသူလည်းဖြစ်၊ လက်ရှိမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-CTUM ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဦးမောင်မောင်ကတော့ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေဖြစ်ပေါ်လာဖို့ ILO က ကူညီပေးခဲ့တဲ့အကြောင်း ပြောပါတယ်။

“ILO ကပြဌာန်းထားတဲ့ သဘောတူစာချုပ်ပါ ယန္တရားတွေကို အသုံးပြုပြီး မြန်မာနိုင်ငံမှာ ပြောင်းလဲမှုဖြစ်ပေါ်အောင် ဖိအားပေးလုပ်ဆောင်ခဲ့တာကြောင့် ပြောင်းလဲမှုကို ကျနော်တို့ ရခဲ့ပါတယ်။”

ကနေ့ မြန်မာနိုင်ငံမှာ မြင်တွေ့နေရတဲ့ ပြောင်းလဲမှုတွေဟာ ILO ရဲ့ ကူညီပံ့ပေးမှုကြောင့်ဖြစ်တယ်လို့ ပြောနိုင်ကြောင်းလည်း အလုပ်သမားထုကိုယ်စား အခမ်းအနားမှာ စကားတက်ပြောခွင့်ရခဲ့တဲ့ ဦးသက်မင်းအောင်က ပြောပါတယ်။ ဒါကြောင့်လည်း ကျန်နေသေးတဲ့ သဘောတူစာချုပ်တွေကို မြန်မာနိုင်ငံ လက်မှတ်ထိုးဖို့ တောင်းဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ ILO ရဲ့အဓိကကျသော Fundamental Conventions များကို လက်မှတ်ထိုးနိုင်ဖို့အရေး ကျနော်တို့ ၃ ပွင့်ဆိုင် ဆွေးနွေးပွဲတွေမှာ စတင်ပြီးတော့မှ ဆွေးနွေးဖို့လို့ ကျနော်တို့အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။”

၁၉၁၉ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ILO အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်ကြီးကြောင့် တနေ့ကို အလုပ်လုပ်ချိန် ၈ နာရီဆိုတဲ့ သတ်မှတ်ချက် ထွက်လာခဲ့တာပါ။ ဒါ့အပြင် တခြား အလုပ်သမား အခွင့်အရေးနဲ့ဆိုင်တဲ့ ပြဌာန်းချက်၊ ဥပဒေတွေ ထွက်ပေါ်လာအောင် စွမ်းဆောင် ပေးနိုင်ခဲ့တဲ့ ILO အဖွဲ့ကြီးဟာ ၁၉၆၉ ခုနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြင့်ခံခဲ့ပါတယ်။

ILO ရာျပည့္အခမ္းအနား ရန္ကုန္မွာက်င္းပ
please wait

No media source currently available

0:00 0:03:33 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG