သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုပ်ငန်းခွင် အန္တရာယ်ကင်းရေး နည်းသစ်ရှာဖို့ ကုလတောင်းဆို 


အခုခေတ်မှာ နည်းပညာတွေကြောင့် ပြောင်းလဲလာတဲ့ လုပ်ငန်းခွင် သဘာဝအရ အလုပ်သမားတွေ ကြုံတွေ့နိုင်တဲ့ အန္တရယ်တွေက လက်ရှိကျင့်သုံးနေတဲ့ မတော်တဆဖြစ်မှုတွေနဲ့ ရောဂါဖြစ်ပွားမှု ဆိုင်ရာကာကွယ်ရေး နည်းလမ်းတွေနဲ့ မလုံလောက်တော့ဘူးလို့ ကုလသမဂ္ဂ အေဂျင်စီက ပြောပါတယ်။

ကမ္ဘာကြီးရဲ့ ပြောင်းလဲလာတဲ့ လုပ်ငန်းခွင် အခြေအနေတွေအရ အလုပ်သမားတွေ ရင်ဆိုင်ရနိုင်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဘယ်လို ကာကွယ်ပေးမလဲဆိုတာကို ပြန်သုံးသပ်ကြဖို့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ ILO က တောင်းဆိုလိုက်ပါတယ်။ လတ်တလော ILO အဖွဲ့ရဲ့ ခန့်မှန်းချက်တွေအရ နှစ်စဉ် လုပ်ငန်းခွင် မတော်တဆမှုကြောင့် သေဆုံးသူ အလုပ်သမား ဦးရေ ၂.၇၈ သန်းရှိတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင် ဆိုင်ရာ မတော်တဆမှုကြောင့် နှစ်စဉ်ဒဏ်ရာရ၊ နာမကျန်းဖြစ်သူက ၃၇၄ သန်းကျော်ရှိတာပါ။ တိုးတက်ပြောင်းလဲလာနေတဲ့ နည်းပညာ တွေကြောင့် လုပ်ငန်းခွင် ဆိုင်ရာ မတော်တဆမှု တွေ ပိုများလာတယ်လို့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ အစီရင်ခံစာမှာ သတိပေးဖော်ပြထားပါတယ်။

ဒီဂျစ်တယ်နည်းပညာတွေ၊ ဉာဏ်ရည်တု နည်းပညာနဲ့ စက်ရုပ်တွေအသုံးပြုတာ၊ အလိုအလျောက်လည်ပတ်တဲ့ စက်ကရိယာတွေ ကို လုပ်ငန်းခွင်တွေမှာ သုံးစွဲလာ ကြတာတွေကြောင့် အလုပ်သမားတွေကို အကာအကွယ်ပေးဖို့ နည်းလမ်းသစ်တွေလို မှာဖြစ်ပြီး ပြောင်းလဲနေတဲ့ လုပ်ငန်းခွင်ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ နာမကျန်းဖြစ်တာတွေ အတွက် ဖြေရှင်းဖို့နည်းလမ်းသစ်တွေ ရှာဖွေကြဖို့ ILO အဖွဲ့ ကတိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG