သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း အလုပ်အကိုင် ၁.၆ သန်းနီးပါး ဆုံးရှုံးခဲ့ - ILO 


အလုပ်အကိုင်ရှားပါးနတေဲ့ ရန်ကုန်မြို့ဈေးတန်းတခု (ဓာတ်ပုံ - AP)
အလုပ်အကိုင်ရှားပါးနတေဲ့ ရန်ကုန်မြို့ဈေးတန်းတခု (ဓာတ်ပုံ - AP)

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း အလုပ်အကိုင်ပေါင်း ၁.၆ သန်းလောက် ဆုံးရှုံးသွားခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့်ရော စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့်ပါ စက်ရုံတွေ၊ ခရီးသွားလုပ်ငန်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်အကိုင် လျော့နည်းသွားတာနဲ့အမျှ ဒုက္ခအရောက်ဆုံးသူတွေဟာ အမျိုးသမီးတွေဖြစ်တယ်လို့ ILO ရဲ့ ဒီကနေ့ထုတ် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဒုက္ခရောက်ခဲ့ကြရတဲ့ထဲမှာမှ နိုင်ငံရေးမတည်ငြိမ်မှု၊ အကြမ်းဖက်မှု၊ ဘေးရန်မကင်းမှုနဲ့ အိုးအိမ်စွန့်ရမှုတွေ ထပ်တိုးလာတဲ့အတွက် အသွင်သဏ္ဌာန်အမျိုးမျိုးနဲ့ လူသားဘေးဒုက္ခအကျပ်အတည်းကို မြန်မာနိုင်ငံ ရင်ဆိုင် နေတယ်လို့ ILO ကပြောပါတယ်။

မြန်မာ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ်က ၁၈% လျော့ကျသွားတယ်လို့ ခန့်မှန်းထားပါတယ်။ အလုပ်သမား အများအပြားဟာ လစာ နည်းလုပ်ငန်းတွေ ဒါမှမဟုတ် စိုက်ပျိုးရေးလုပ်ငန်းတွေဘက် ပြောင်းသွားကြတယ်လို့ ILO ကပြောပါတယ်။ အလုပ်သမားသမဂ္ဂ တွေကို စစ်ကောင်စီက နှိမ်နင်းဖြိုခွဲတာကြောင့် စက်ရုံတွေရဲ့အခြေအနေ ယိုယွင်းကျဆင်းလာတယ်လို့ အလုပ်သမားရေး အဖွဲ့ အစည်းတွေက ပြောပါတယ်။

အခုအကျပ်အတည်းကြောင့် အလုပ်အကိုင်ဈေးကွက်မှာ နှစ်အတော်ကြာရခဲ့တဲ့ တိုးတက်မှုတွေ ပျက်စီးသွားပြီး အလေးထား မဖြေရှင်းဘူးဆိုရင် အထူးသဖြင့် အားနည်းတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်သမားတွေအတွက် သင့်တင့်လျောက်ပတ်တဲ့ အလုပ်အကိုင်တွေရရှိရေး ပိုပြီးခက်ခဲနေဦးမယ်လို့ ILO က သတိပေးထားပါတယ်။

...........................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)






XS
SM
MD
LG