သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေး မြန်မြန်ဆန်ဆန် နာလန်ထူဖို့ IMF ခန့်မှန်း


(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ် ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ ကမ္ဘာ့စီးပွားရေးဟာ ခန့်မှန်းထားတာထက် ပိုပြီးမြန်မြန်ဆန်ဆန် နာလန်ထူလာကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။

ကမ္ဘာ့စီးပွားရေးဟာ ဒီနှစ်မှာ ၆ ရာခိုင်နှုန်း တိုးတက်လာပြီး၊ ရှေ့နှစ် ၂၀၂၂ ခုနှစ်မှာ နောက်ထပ် ၄.၄ ရာခိုင်နှုန်း တိုးလာနိုင်တယ်လို့လည်း IMF က ခန့်မှန်းပါတယ်။ ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ကပ်ရောဂါကြောင့် ကမ္ဘာတဝန်း အဆိုးဆုံးဒဏ်ခံခဲ့ရတဲ့ မနှစ်တုန်းက စီးပွားရေးဖွံ့ဖြိုးမှု ၃.၃ ရာခိုင်နှုန်း ရှိရာကနေ သိသိသာသာ တက်လာဖို့ IMF က ခန့်မှန်းနေတာပါ။

အမေရိကန် ပြည်ထောင်စုမှာ ဘဏ္ဍာရေးအရ ထောက်ပံ့ကူညီတာတွေ၊ ကိုဗစ်ကာကွယ်ဆေး ထိုးတဲ့ အစီအစဉ်ကြောင့် ဒီနှစ် ဒုတိယနှစ်ဝက်မှာ စီးပွားရေး နာလန်ထူအားကောင်းလာနိုင်တဲ့ အခြေအနေနဲ့ ကမ္ဘာပေါ်က နေရာတော်တော်များများမှာ ကပ်ရောဂါဒဏ်ကို ကြံ့ကြံ့ခံနိုင်စွမ်း တွေကြောင့် စီးပွားရေးအလားအလာကောင်းမယ့် ခန့်မှန်းချက် ထွက်လာရတာလို့လည်း IMF စီးပွားရေး ပညာရှင်အဖွဲ့ အကြီးအကဲ Gita Gopinath ကပြောပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ မတ်လထဲ အလုပ်အကိုင် ၉ သိန်းကျော် ဖန်တီးပေးနိုင်ခဲ့ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သတင်းထုတ်ပြန်ထားပြီး၊ ဖေဖော်ဝါရီလထဲမှာ အလုပ်အကိုင် အခွင့်အလန်းဟာ ၂ နှစ်အတွင်း အမြင့်ဆုံးတိုးလာခဲ့သလို၊ ကပ်ရောဂါမတိုင်ခင်ကာလထက် ၅.၁ ရာခိုင်နှုန်း တိုးလာကြောင်းလည်း အလုပ်သမား ဝန်ကြီးဌာနက အင်္ဂါနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)





XS
SM
MD
LG