သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ရုရှားစစ်တပ်မှာ တာဝန်ထမ်းဖို့ စာရင်းပေးထားတဲ့ အိန္ဒိယနိုင်ငံသားတွေရှိနေ (အိန္ဒိယနိုင်ငံခြားရေးဌာန)  


ရုရှားတပ်မတော်နေ့မှာတွေ့ရတဲ့ ရုရှားစစ်သားများ (ဖေဖော်ဝါရီ ၂၃၊ ၂၀၂၄)
ရုရှားတပ်မတော်နေ့မှာတွေ့ရတဲ့ ရုရှားစစ်သားများ (ဖေဖော်ဝါရီ ၂၃၊ ၂၀၂၄)

ရုရှားစစ်တပ် ထောက်ပို့ရေးအလုပ်တွေမှာ အလုပ်လုပ်နိုင်ဖို့ စာရင်းပေးဝင်ရောက်နေတဲ့ အိန္ဒိယနိုင်ငံသားတွေရှိနေတယ်ဆိုတာ အိန္ဒိယနိုင်ငံခြားရေးဌာနက ဒီနေ့မှာ အတည်ပြုပြောကြားပါတယ်။ ယူကရိန်းနဲ့ စစ်ဖြစ်နေတဲ့ ရုရှားနယ်စပ်မြို့တွေမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၁၈ ယောက်လောက်ရှိတယ်လို့ The Hindu သတင်းစာမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့ပြီးနောက် အစိုးရက အခုလို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယ ၃ ယောက်ထက်မနည်းကို ရုရှားစစ်တပ်နဲ့အတူ အတင်းဝင်တိုက်ခိုင်းတယ်လို့ သတင်းထဲမှာ ပြောထားပါတယ်။ တိုက်ခိုက်ရေးပိုင်းမှာ အိန္ဒိယလူမျိုးတွေ ပါဝင်တယ်ဆိုတာကိုတော့ အိန္ဒိယနိုင်ငံခြားရေးဌာနက အတည်မပြုပါဘူး။ ရုရှားစစ်တပ်ထဲက ထောက်ပို့ရေးအလုပ်တွေမှာ အလုပ်လုပ်ဖို့ ရုရှားစစ်ထဲဝင်တဲ့ အိန္ဒိယနိုင်ငံသားတချို့ရှိတယ်ဆိုတာကိုတော့ သိထားတယ်လို့သာ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူတို့ကို သတ်မှတ်ချိန်ထက်စောပြီး ပြန်ခွင့်ပြုဖို့အတွက် သက်ဆိုင်တဲ့ ရုရှားအာဏာပိုင်တွေနဲ့ အိန္ဒိယသံရုံးက ပုံမှန်ဆက်သွယ်ဆွေးနွေးနေပါတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အိန္ဒိယနိုင်ငံသားအားလုံးအနေနဲ့ သတိနဲ့နေပြီး ပဋိပက္ခနဲ့ ကင်းအောင်နေဖို့လည်း အိန္ဒိယအစိုးရက တိုက်တွန်းထားပါတယ်။

ဒူဘိုင်းအခြေစိုက် စစ်သားစုဆောင်းရေးအဖွဲ့တခုက လစာကောင်းကောင်းနဲ့ ရုရှား ပတ်စ်ပို့ ရမယ်ဆိုတဲ့ကတိနဲ့ အိန္ဒိယနိုင်ငံသားတွေကို စုဆောင်းနေတာလို့ The Hindu သတင်းစာကရေးပါတယ်။ အဲဒီမျှော်လင့်ချက်နဲ့ မော်စကိုရောက်သွားသူတွေကို လက်နက်နဲ့ ခဲယမ်းတွေ ဘယ်လိုကိုင်တွယ်သုံးရတယ်ဆိုတာ ရုရှားစစ်တပ်က သင်တန်းပေးပြီး ဇန်နဝါရီလထဲမှာ ရှေ့တန်းကို စေလွှတ်ခဲ့တယ်လို့ ပြောထားပါတယ်။ ယူကရိန်းကို ရုရှားကျူး‌ကျော်တိုက်နေတဲ့ စစ်ပွဲမှာ ယူကရိန်းစစ်တပ်ဘက်က ဝင်တိုက်ပေးနေတဲ့ အိန္ဒိယနိုင်ငံသားတွေရှိပေမဲ့ ရုရှားတပ်ဘက်က တိုက်ခိုက်နေသူတွေ ရှိတယ်ဆိုတာသိရတာ အခုပထမဆုံးဖြစ်တယ်လို့ သတင်းစာထဲမှာ ရေးသားထားပါတယ်။

Forum

XS
SM
MD
LG