သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနိုင်ငံရဲ့ နျူကလီးယားအင်အား ၉၅ ရာခိုင်နှုန်းကို ခေတ်မီအောင်လုပ်ထား (သမ္မတ Putin)


 Tu-160M အသံထက်မြန်တဲ့ဗုံးကြဲလေယာဉ် တစီးပေါ် သမ္မတ Putin လိုက်ပါစီးနင်းခဲ့ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄)
Tu-160M အသံထက်မြန်တဲ့ဗုံးကြဲလေယာဉ် တစီးပေါ် သမ္မတ Putin လိုက်ပါစီးနင်းခဲ့ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄)

ရုရှားနိုင်ငံရဲ့ မဟာဗျူဟာမြောက် နျူကလီးယား အင်အား ၉၅ ရာခိုင်နှုန်းကို ခေတ်မီတိုးတက်အောင် လုပ်ထားပြီလို့ ရုရှားသမ္မတ Vladimir Putin ကဒီနေ့ သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ရုရှားနိုင်ငံ တပ်မတော်နေ့အတွက် ထုတ်ပြန်ချက်မှာ သမ္မတ Putin ကခုလိုပြောလိုက်တာပါ။

"ခေတ်သစ်ကမ္ဘာကြီးမှာ စိတ်ပူစရာ စိန်ခေါ်မှုတွေ အန္တရာယ်တွေများနေတာကြောင့် ရုရှားနိုင်ငံလုံခြုံရေးအတွက် အင်အားရှိပြီး အဆင့်မြင့် တုံ့ပြန်တိုက်ခိုက်နိုင်တဲ့ စစ်တပ်လိုအပ်တယ်"

လက်နက်တွေ ခေတ်မီအောင်လုပ်နေတာအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အင်အားကို ခိုင်မာအောင် ဆက်လုပ်သွားမယ်လို့ သမ္မတ Putin ပြောကြားသွားတာဖြစ်ပါတယ်။ ရုရှားစစ်တပ်အနေနဲ့ ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်း တိုက်ခိုက်နိုင်စွမ်းတွေကို ခေတ်မှီ အဆင့်မြင့်အောင် တောက်လျှောက်လုပ်နေတယ်လို့ သူကပြောပါတယ်။

မဟာဗျူဟာမြောက် နျူကလီးယား ဆိုင်ရာတပ်ဖွဲ့တွေရဲ့ လက်နက်နဲ့ စစ်သုံးပစ္စည်းတွေကို ခေတ်မှီအောင် အဆင့်မြှင့်တင်နေတာ ၉၅ ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်ပြီး ရေတပ်မှာ နျူကလီးယားနဲ့ တိုက်ခိုက်နိုင်စွမ်းကတော့ ၁၀၀ ရာခိုင်နှုန်း အဆင့်မြှင့်ထားပြီးဖြစ်တယ်လို့ ရုရှားသမ္မတက ပြောကြားသွားပါတယ်။ ရုရှားလေတပ် မှာယူထားတဲ့ အသံထက်မြန်ပြီး နျူကလီးယား လက်နက်တပ်ဆင်နိုင်တဲ့ ဗုံးကြဲလေယာဉ်သစ် ၄ စင်းကို လောလောလတ်လတ် လက်ခံရရှိထားချိန်မှာ ခုလို ပြောကြားခဲ့တာပါ။

ကြာသပတေးနေ့ကပဲ ပိုပြီးခေတ်မှီအောင် လုပ်ထားတဲ့ Tu-160M အသံထက်မြန်တဲ့ဗုံးကြဲလေယာဉ် တစီးပေါ် သမ္မတ Putin လိုက်ပါစီးနင်းခဲ့ပါတယ်။ ထိန်းချုပ်မောင်းနှင်ရ ပိုလွယ်ကူပြီး ပိုစိတ်ချရတဲ့လေယာဉ်ဖြစ်တယ်လို့ နျူကလီးယား လက်နက်တပ်ဆင်နိုင်တဲ့ ဗုံးကြဲလေယာဉ်သစ်ကို သူကအမွှမ်းတင်ပြောခဲ့ပါတယ်။ ဒီနေ့မိန့်ခွန်းမှာတော့ ရုရှားစစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းရဲ့ အောင်မြင်မှုတွေကိုလည်း သမ္မတ Putin ကအဓိကထား ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG