သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်တိုးမြှင့် ထောက်ပံ့ဖို့ ယူကရိန်းသမ္မတ တောင်းဆို


FILE - Ukrainian President Volodymyr Zelenskyy
FILE - Ukrainian President Volodymyr Zelenskyy

လက်နက်တိုးမြှင့် ထောက်ပံ့ဖို့ ယူကရိန်းသမ္မတ တောင်းဆို

ယူကရိန်းအတွက် လက်နက်ခဲယမ်း အထောက်အပံ့တွေ နည်းပါးလာတာဟာ ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားအတွက် သူ့တပ်ကို ပြန်အားဖြည့်ဖို့ အချိန်ရသွားစေနိုင်တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က စနေနေ့မှာ သတိပေး ပြောဆိုလိုက်ပါတယ်။

ယူကရိန်းအရှေ့ပိုင်း Avdiivka မြို့ကနေ တပ်တွေကို ပြန်ဆုတ်နေပြီလို့ သူ့ စစ်တပ်အကြီးအကဲရဲ့ ကြေညာချက် ထွက်လာခဲ့ပြီးတဲ့နောက် ဂျာမနီမှာ လုံခြုံရေးညီလာခံ တက်နေတဲ့ ယူကရိန်းသမ္မတက တာဝေးပစ် လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေ လိုအပ်ကြောင်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။

၂ နှစ်နီးပါးကြာနေပြီဖြစ်တဲ့ စစ်ပွဲမှာ ရုရှားကို တန်ပြန်ထိုးစစ်ဆင်လာနိုင်တဲ့ အခြေနေကနေ အခုတော့ တာဝေးပစ် လက်နက်အပါအဝင် လက်နက်တွေရဖို့ စောင့်ဆိုင်းနေရတာကြောင့် ခံစစ်အနေထားကို ပြန်သွားနေရတယ်လို့ လည်း ပြောပါတယ်။

ယူကရိန်းနိုင်ငံသားတွေဘက်က သူတို့ဟာ ရုရှားတွေပြန်ဆုတ်သွားအောင် တိုက်ခိုက်နိုင်တယ်ဆိုတာကို ပြသခဲ့ပြီး ဖြစ်သလို၊ ကိုယ့်မြေကို ကိုယ်ပြန်ရယူနိုင်ကြောင်းနဲ့ တိုက်ပွဲတွေမှာ ရုရှားသမ္မတ Vladimir Putin အရေးနိမ့်တာကို တကြိမ်မက တွေ့ခဲ့ရပြီး ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီညီလာခံမှာ ယူကရိန်းသမ္မတ Zelenskyy နဲ့ အမေရိကန် ဒုသမ္မတ Kamala Harris တို့ တွေ့ဆုံခဲ့ကြပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့ကြပါတယ်။ ဒုသမ္မတ Harris က ယူကရိန်းကို ဆက်လက်ကူညီရေးဟာ အမေရိကန်နိုင်ငံရဲ့ မဟာဗျူဟာ အကျိုးစီးပွါးမှာ ပါဝင်ကြောင်းလည်း ပြောပါတယ်။ အမေရိကန်လွှတ်တော်မှာ အတည်ပြုဖို့ ကြန့်ကြာနေတဲ့ ယူကရိန်းအတွက် စစ်ရေးအထောက်ကူဟာ ယူကရိန်းရဲ့ တွန်းလှန်စစ်အတွက် အရေးပါကြောင်း ဒုသမ္မတက ပြောသလို ယူကရိန်းသမ္မတကလည်း ယူကရိန်းကို အမေရိကန်က မဟာဗျူဟာကျ မိတ်ဆွေအဖြစ်ဆက်ထားမယ်လို့ ယူကရိန်းကယုံကြည်ထားကြောင်း ပြောပါတယ်။

ယူကရိန်းအတွက် စစ်ရေးအကူညီ ရန်ပုံငွေ ၊ အမေရိကန်လွှတ်တော်မှာ အတည်ပြုဖို့ ကြန့်ကြာနေတာ ယူကရိန်းရှေ့တန်းမှာ သေဆုံးသူ ပိုများဖို့ ဖြစ်လာနိုင်တယ်လို့လည်း NATO အတွင်းရေးမှုးချုပ် Jens Stoltenberg က ညီလာခံမှာ ပြောပါတယ်။

လက်နက်တိုးမြှင့် ထောက်ပံ့ဖို့ ယူကရိန်းသမ္မတ တောင်းဆို
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG