သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်-ယူကရိန်း လုံခြုံရေးသဘောတူညီချက် ချုပ်ဆိုမည်


ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ ပြင်သစ်သမ္မတ Emmanuel Macron
ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ ပြင်သစ်သမ္မတ Emmanuel Macron

ပါရီမြို့ကို ယူကရိန်းသမ္မတ Volodymyr Zelenskyy ရောက်နေချိန်မှာပဲ ပြင်သစ်နဲ့ယူကရိန်း နှစ်နိုင်ငံကြား လုံခြုံရေးဆိုင်ရာသဘောတူညီချက်ကို သောကြာနေ့မှာ လက်မှတ်ရေးထိုးမှာဖြစ်ကြောင်း ပြင်သစ်သမ္မတ Emmanuel Macron ရုံးက ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောပါတယ်။ ဒါပေမယ့် သဘောတူညီချက် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

ယူကရိန်းသမ္မတခရီးစဉ်အတွင်းမှာ ပြင်သစ်အနေနဲ့ ယူကရိန်းနိုင်ငံနဲ့ ပြည်သူတွေကို ပြင်သစ်ရဲ့မိတ်တွေနဲ့အတူ ရေရှည် ထောက်ခံပံ့ပိုးမှု ဆက်လက်ပေးအပ်သွားမှာဖြစ်ကြောင်း သမ္မတ Macron က ထပ်လောင်း ကတိပြုမှာ ဖြစ်ကြာင်းလည်း ဖေါ်ပြထားပါတယ်။ ယူကရိန်းသမ္မတ Zelenskyy ဟာ သောကြာနေ့မှာ ဂျာမနီကို ဆက်လက်ထွက်ခွါမှာ ဖြစ်ပြီး ဂျာမနီဝန်ကြီးချုပ် Olaf Scholz နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိကြောင်း သမ္မတရုံးက ပြောပါတယ်။

သမ္မတ Zelenskyy ဟာ စနေနေ့ Munich မှာ ကျင်းပမယ့် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာညီလာခံကိုမတက်ရောက်ခင် အခုလို ပြင်သစ်နဲ့ ဂျာမနီကို သွားရောက်တာ ဖြစ်ပါတယ်။ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုကို တွန်းလှန်နေတာ ၂ နှစ် ရှိလာပြီဖြစ်တဲ့ယူကရိန်းအတွက် ရေရှည်အကူညီတွေ ဘယ်လို ဆက်ပေးနိုင်မယ်ဆိုတာကို ကြာသပတေးနေ့က NATO မဟာမိတ်အဖွဲ့ရဲ့ ကာကွယ်ရေးဝန်ကြီးတွေ ဘရပ်ဆဲလ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

NATO အတွင်းရေးမှူးချုပ် Jens Stoltenberg ကတော့ ယူကရိန်းလိုအပ်တဲ့ လက်နက်ခဲယမ်းတွေနဲ့ အထောက်အကူတွေပေးနိုင်ဖို့ မဟာမိတ်နိုင်ငံတွေက စစ်ပစ္စည်းထုတ်လုပ်မှုတိုးမြှင့်ဖို့ လိုအပ်တယ်လို့ ကြာသပတေးနေ့က ပြောပါတယ်။ ယူကရိန်းအတွက် အထောက်အကူပေးတာဟာ NATO နိုင်ငံတွေရဲ့လုံခြုံရေးအတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်းလည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။

ပြင်သစ်-ယူကရိန်း လုံခြုံရေးသဘောတူညီချက် ချုပ်ဆိုမည်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG