သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး ျပည္ပတင္ပို႔ႏိုင္ဖို႔ အိႏိၵယ ေမွ်ာ္လင့္


နယူးေဒလီၿမိဳ႕မွာ ကိုဗစ္ကာကြယ္ေဆး ထုိးေပးေနတဲ့ က်န္းမာေရးဝန္ထမ္းတဦး။ (စက္တင္ဘာ ၁၅၊ ၂၀၂၁)

(Zawgyi / Unicode)

ဒီႏွစ္ အေစာပိုင္းတုန္းက ကိုဗစ္ကာကြယ္ေဆး တင္ပို႔ေရာင္းခ်မႈ ရပ္နားထားခဲ့တဲ့ အိႏၵိယႏိုင္ငံဟာ အခုဆိုရင္ ကာကြယ္ေဆး ထုတ္လုပ္မႈႏႈန္းကို ခပ္သြက္သြက္နဲ႔ လုပ္ငန္းတိုးခ်ဲ႕ လုပ္ေနၿပီး မၾကာခင္မွာ ကမၻာ့ႏိုင္ငံေတြကို ကိုဗစ္ကာကြယ္ေဆး ျပန္လည္တင္ပို႔ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ တဖက္မွာလည္း လာမယ့္လေတြအတြင္း ႏိုင္ငံတြင္းက အသက္ရြယ္ေရာက္ၿပီးသူေတြကို ကာကြယ္ေဆး ထိုးေပးဖို႔ ျပင္ဆင္ေနပါတယ္။

လာမယ့္ ဒီဇင္ဘာလကုန္ပိုင္းအထိ အိႏၵိယႏိုင္ငံတြင္းမွာ ကိုဗစ္ကာကြယ္ေဆး ၁.၈၅ ဘီလ်ံ ထိုးႏွံၿပီးစီးေရး ရည္မွန္းထားၿပီး အဲဒီေနာက္ပိုင္းမွာ ႏိုင္ငံျခားကို ကိုဗစ္ကာကြယ္ေဆးေတြ တင္ပို႔သြားဖို႔ အစိုးရက ခြင့္ျပဳမွာျဖစ္ေၾကာင္း အိႏၵိယ ကာကြယ္ေဆးထိုးႏွံေရး အစီအစဥ္ရဲ႕ နည္းပညာအႀကံေပးအဖြဲ႔ အႀကီးအကဲ N.K. Arora က ဗြီအိုေအကို ေျပာပါတယ္။ ေရွ႕ႏွစ္ထဲမွာ ကာကြယ္ေဆး ဘီလ်ံေပါင္းမ်ားစြာ ဆက္ၿပီး ထုတ္လုပ္ႏိုင္မွာ ျဖစ္တယ္လို႔လည္း သူကဆိုပါတယ္။

တကယ္ေတာ့ အိႏၵိယဟာ ကာကြယ္ေဆး အေျမာက္အျမား ထုတ္လုပ္တဲ့ႏိုင္ငံျဖစ္ၿပီး ကမၻာ့ဖြံ႔ၿဖဳိးဆဲႏိုင္ငံေတြကို တင္ပို႔ ေရာင္းခ်ေနတာပါ။ ႏိုင္ငံေပါင္း ၁၀၀ နီးပါးကို ကာကြယ္ေဆး ၆၆ သန္းေလာက္ ျဖန္႔ေဝ တင္ပို႔ခဲ့တဲ့ အိႏၵိယဟာ ကိုဗစ္ဒုတိယလိႈင္း ႀကဳံခဲ့ရၿပီးေနာက္ ႏိုင္ငံျခားကို ကိုဗစ္ကာကြယ္ေဆး တင္ပို႔မႈကို ဧၿပီလထဲ ရပ္ဆိုင္းခဲ့တာ ျဖစ္ပါတယ္။

အိႏၵိယအေနနဲ႔ ကိုဗစ္ကာကြယ္ေဆးေတြ ဘယ္အခ်ိန္မွာ စၿပီး ျပန္လည္တင္ပို႔မယ္ ဆုိတာကိုေတာ့ အစိုးရတာဝန္ရွိသူေတြ အတိအက် ေျပာဆိုတာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ကိုဗစ်ကာကွယ်ဆေး ပြည်ပတင်ပို့နိုင်ဖို့ အိန္ဒိယ မျှော်လင့်

ဒီနှစ် အစောပိုင်းတုန်းက ကိုဗစ်ကာကွယ်ဆေး တင်ပို့ရောင်းချမှု ရပ်နားထားခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ အခုဆိုရင် ကာကွယ်ဆေး ထုတ်လုပ်မှုနှုန်းကို ခပ်သွက်သွက်နဲ့ လုပ်ငန်းတိုးချဲ့ လုပ်နေပြီး မကြာခင်မှာ ကမ္ဘာ့နိုင်ငံတွေကို ကိုဗစ်ကာကွယ်ဆေး ပြန်လည်တင်ပို့နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ တဖက်မှာလည်း လာမယ့်လတွေအတွင်း နိုင်ငံတွင်းက အသက်ရွယ်ရောက်ပြီးသူတွေကို ကာကွယ်ဆေး ထိုးပေးဖို့ ပြင်ဆင်နေပါတယ်။

လာမယ့် ဒီဇင်ဘာလကုန်ပိုင်းအထိ အိန္ဒိယနိုင်ငံတွင်းမှာ ကိုဗစ်ကာကွယ်ဆေး ၁.၈၅ ဘီလျံ ထိုးနှံပြီးစီးရေး ရည်မှန်းထားပြီး အဲဒီနောက်ပိုင်းမှာ နိုင်ငံခြားကို ကိုဗစ်ကာကွယ်ဆေးတွေ တင်ပို့သွားဖို့ အစိုးရက ခွင့်ပြုမှာဖြစ်ကြောင်း အိန္ဒိယ ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ရဲ့ နည်းပညာအကြံပေးအဖွဲ့ အကြီးအကဲ N.K. Arora က ဗွီအိုအေကို ပြောပါတယ်။ ရှေ့နှစ်ထဲမှာ ကာကွယ်ဆေး ဘီလျံပေါင်းများစွာ ဆက်ပြီး ထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

တကယ်တော့ အိန္ဒိယဟာ ကာကွယ်ဆေး အမြောက်အမြား ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံတွေကို တင်ပို့ ရောင်းချနေတာပါ။ နိုင်ငံပေါင်း ၁၀၀ နီးပါးကို ကာကွယ်ဆေး ၆၆ သန်းလောက် ဖြန့်ဝေ တင်ပို့ခဲ့တဲ့ အိန္ဒိယဟာ ကိုဗစ်ဒုတိယလှိုင်း ကြုံခဲ့ရပြီးနောက် နိုင်ငံခြားကို ကိုဗစ်ကာကွယ်ဆေး တင်ပို့မှုကို ဧပြီလထဲ ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယအနေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ဘယ်အချိန်မှာ စပြီး ပြန်လည်တင်ပို့မယ် ဆိုတာကိုတော့ အစိုးရတာဝန်ရှိသူတွေ အတိအကျ ပြောဆိုတာ မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG