သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယႏုိင္ငံမွာ ကိုဗစ္လူနာေဆာင္ မီးေလာင္မႈေၾကာင့္ ၁၀ ဦးေသ


အိႏၵိယမွာ ကိုဗစ္လူနာေဆာင္ မီးေလာင္ၿပီးေနာက္ ၾကည့္႐ႈစစ္ေဆးေနတဲ့ တာဝန္ရွိသူမ်ား။ (ႏုိဝင္ဘာ ၆၊ ၂၀၂၁)

(Zawgyi / Unicode)

အိႏိၵယႏိုင္ငံ အေနာက္ပိုင္း Maharashtra ျပည္နယ္ Ahmednagar ၿမိဳ႕က ေဆး႐ုံတ႐ုံရဲ႕ ကိုဗစ္ေရာဂါ လူနာေဆာင္မွာ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး လူ ၁၀ ဦး ေသဆုံးခဲ့ေၾကာင္း တာဝန္ရွိသူေတြက ေျပာပါတယ္။

မီးေလာင္မႈျဖစ္ခ်ိန္မွာ ကိုဗစ္လူနာ ၁၇ ေယာက္ေလာက္ အေဆာင္ထဲမွာ ရွိေနတယ္လို႔လည္း စေနေန႔က ေျပာဆိုခဲ့ၾကတာပါ။ မေသဘဲက်န္တဲ့ လူနာေတြကို တျခားေဆး႐ုံက ကိုဗစ္ကပ္ေရာဂါ လူနာေဆာင္ကို ေရႊ႕ေျပာင္းထားတယ္လို႔လည္း ေျပာပါတယ္။

မီးေလာင္္မႈ ျဖစ္ပြားရတဲ့ အေၾကာင္းရင္းကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရွိရေသးပါဘူး။

ဒီလိုျဖစ္ရပ္ေတြဟာ အိႏိၵယမွာ ျဖစ္႐ုိးျဖစ္စဥ္လို ျဖစ္ေနပါတယ္။ ၿပီးခဲ့တဲ့ ေမလထဲ ႏုိင္ငံတဝန္း ကိုဗစ္ကပ္ေရာဂါဒဏ္ ဆိုးဆိုးဝါးဝါး ခံခဲ့ရစဥ္ကလည္း ႏိုင္ငံအေနာက္ပိုင္းက ေဆး႐ံုတ႐ုံမွာ ကိုဗစ္ကပ္ေရာဂါ လူနာေတြထားတဲ့ အခန္း မီးေလာင္ခဲ့လို႔ ၁၈ ဦး ေသဆုံးခဲ့ပါတယ္။

ထိန္းသိမ္းေစာင့္ေရွာက္မႈအပိုင္း ညံ့ဖ်င္းတာ၊ မီးၿငိႇမ္းသတ္တဲ့ ပစၥည္းကိရိယာေတြ အစုံအလင္ မရွိၾကတာေတြေၾကာင့္ မီးေလာင္ေသဆုံးမႈေတြနဲ႔ မၾကာခဏဆိုသလို ႀကံဳရေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

အိန္ဒိယနိုင်ငံမှာ ကိုဗစ်လူနာဆောင် မီးလောင်မှုကြောင့် ၁၀ ဦးသေ

အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် Ahmednagar မြို့က ဆေးရုံတရုံရဲ့ ကိုဗစ်ရောဂါ လူနာဆောင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မီးလောင်မှုဖြစ်ချိန်မှာ ကိုဗစ်လူနာ ၁၇ ယောက်လောက် အဆောင်ထဲမှာ ရှိနေတယ်လို့လည်း စနေနေ့က ပြောဆိုခဲ့ကြတာပါ။ မသေဘဲကျန်တဲ့ လူနာတွေကို တခြားဆေးရုံက ကိုဗစ်ကပ်ရောဂါ လူနာဆောင်ကို ရွှေ့ပြောင်းထားတယ်လို့လည်း ပြောပါတယ်။

မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။

ဒီလိုဖြစ်ရပ်တွေဟာ အိန္ဒိယမှာ ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ မေလထဲ နိုင်ငံတဝန်း ကိုဗစ်ကပ်ရောဂါဒဏ် ဆိုးဆိုးဝါးဝါး ခံခဲ့ရစဉ်ကလည်း နိုင်ငံအနောက်ပိုင်းက ဆေးရုံတရုံမှာ ကိုဗစ်ကပ်ရောဂါ လူနာတွေထားတဲ့ အခန်း မီးလောင်ခဲ့လို့ ၁၈ ဦး သေဆုံးခဲ့ပါတယ်။

ထိန်းသိမ်းစောင့်ရှောက်မှုအပိုင်း ညံ့ဖျင်းတာ၊ မီးငြှိမ်းသတ်တဲ့ ပစ္စည်းကိရိယာတွေ အစုံအလင် မရှိကြတာတွေကြောင့် မီးလောင်သေဆုံးမှုတွေနဲ့ မကြာခဏဆိုသလို ကြုံရလေ့ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG