သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယႏိုင္ငံတြင္း ေဖ့စ္ဘုတ္ အမုန္းစကားျဖန႔္မႈ မထိန္းခ်ဳပ္ႏုိင္ခဲ့


Facebook logo.

(Zawgyi / Unicode)

ေဖ့စ္ဘုတ္ကုမၸဏီဟာ အိႏိၵယႏုိင္ငံအတြင္း မြတ္စလင္ဆန္႔က်င္ေရး အမုန္းစကားေတြပါတဲ့ သတင္းမွား ျဖန္႔ေဝမႈေတြကို ရပ္တန္႔ဖို႔ လံုေလာက္တဲ့ ထိန္းခ်ဳပ္မႈေတြ မလုပ္ခဲ့ဘူးလို႔ ေအပီသတင္းတရပ္မွာ ေဖာ္ျပပါတယ္။ အဆိုပါ သတင္းမွားေတြဟာ လက္ေတြ႔ အၾကမ္းဖက္မႈေတြဆီ ဦးတည္တယ္လို႔ ဆိုပါတယ္။

ေအပီကရရွိထားတဲ့ ေပါက္ၾကားလာတဲ့ အခ်က္အလက္ေတြအရ ေဖ့စ္ဘုတ္ကုမၸဏီမွာ ဒီလို သတင္းမွားေတြကို ထိန္းခ်ဳပ္ဖို႔ ပ်က္ကြက္တဲ့ျပႆနာ ရွိေနတာ ႏွစ္ေတာ္ေတာ္ၾကာၿပီလို႔ ဆိုပါတယ္။ အထူးသျဖင့္ လက္ရွိ မိုဒီရဲ႕ အာဏာရပါတီက အေကာင့္ေတြ အမ်ားႀကီးဖြင့္ထားၿပီး မြတ္စလင္ အမုန္းတရားေတြ ျဖန္႔ေဝေနတဲ့ ျဖစ္ရပ္ေတြအေပၚ ထိန္းခ်ဳပ္ဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ ေဖာ္ျပပါတယ္။

ကမၻာ့အႀကီးဆံုး ဒီမိုကေရစီႏုိင္ငံႀကီးျဖစ္တဲ့ အိႏိၵယဟာ ေဖ့စ္ဘုတ္ကုမၸဏီရဲ႕ အႀကီးဆံုးေစ်းကြက္ႀကိီးျဖစ္ၿပီး အိႏိၵယႏုိင္ငံမွာ လူမႈမီဒီယာေတြနဲ႔ ေသြးထိုးလႈံ႔ေဆာ္မႈေတြေၾကာင့္ ဘာသာေရးနဲ႔ လူမႈပဋိပကၡေတြ မ်ားစြာေပၚေပါက္ခဲ့တဲ့ သမိုင္းေၾကာင္းမ်ားစြာ ရွိေနပါတယ္။

ေအပီကရရွိတဲ့ အခ်က္အလက္ေတြအရ ဟင္ဒီဘာသာနဲ႔ေရာ ဘဂၤါလီဘာသာနဲ႔ပါ အမုန္းစကားေတြကို နည္းပညာနဲ႔ တရစပ္ ျဖန္႔ေဝေနၾကတဲ့ အိႏၵိယကို ကမၻာ့ အႏၱရာယ္အရွိဆံုးအျဖစ္ ေဖ့စ္ဘုတ္က ေတြ႔ျမင္ေပမယ့္လို႔ အမုန္းစကားေတြ ရပ္တန္႔ဖို႔ ေဒသဘာသာစကား တတ္ကၽြမ္းတဲ့ အမုန္းစကား စိစစ္သူေတြ ေဖ့စ္ဘုတ္ကုမၸဏီမွာ လံုလံုေလာက္ေလာက္ မရွိခဲ့ဘူးလို႔ ေဖာ္ျပပါတယ္။

ေဖ့စ္ဘုတ္ဘက္ကေတာ့ သူ႔အေနနဲ႔ ဟင္ဒီနဲ႔ ဘဂၤါလီ အပါအဝင္ ဘာသာစကားေပါင္းမ်ားစြာနဲ႔ ေရးသားၾကတဲ့ အမုန္းစကားေတြကို ရွာေဖြဖို႔ နည္းပညာပိုင္းအရ အေတာ္ေလး ရင္းႏွီးျမႇဳပ္ႏွံထားၿပီး ၂၀၂၁ ႏွစ္လယ္ပုိင္းေလာက္မွာ အမုန္းစကားေတြ ေလ်ာ့က်လာတာ ျမင္ေတြ႔ရမယ္လို႔ AP က ေဖာ္ျပပါတယ္။

အိႏိၵယႏုိင္ငံမွာ ေဖ့စ္ဘုတ္အသံုးျပဳသူ သန္းေပါင္း ၃၄၀ ေက်ာ္ရွိၿပီး WhatsApp သံုးသူက သန္း ၄၀၀ နီးပါး ရွိပါတယ္။ လူမႈမီဒီယာေတြကို အသံုးခ်ၿပီး လူနည္းစုေတြအေပၚ သတင္းတုေတြ၊ အမုန္းစကားေတြ ျဖန္႔ေဝၾကတယ္လို႔ စြပ္စြဲလ်က္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အိန္ဒိယနိုင်ငံတွင်း ဖေ့စ်ဘုတ် အမုန်းစကားဖြန့်မှု မထိန်းချုပ်နိုင်ခဲ့

ဖေ့စ်ဘုတ်ကုမ္ပဏီဟာ အိန္ဒိယနိုင်ငံအတွင်း မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကားတွေပါတဲ့ သတင်းမှား ဖြန့်ဝေမှုတွေကို ရပ်တန့်ဖို့ လုံလောက်တဲ့ ထိန်းချုပ်မှုတွေ မလုပ်ခဲ့ဘူးလို့ အေပီသတင်းတရပ်မှာ ဖော်ပြပါတယ်။ အဆိုပါ သတင်းမှားတွေဟာ လက်တွေ့ အကြမ်းဖက်မှုတွေဆီ ဦးတည်တယ်လို့ ဆိုပါတယ်။

အေပီကရရှိထားတဲ့ ပေါက်ကြားလာတဲ့ အချက်အလက်တွေအရ ဖေ့စ်ဘုတ်ကုမ္ပဏီမှာ ဒီလို သတင်းမှားတွေကို ထိန်းချုပ်ဖို့ ပျက်ကွက်တဲ့ပြဿနာ ရှိနေတာ နှစ်တော်တော်ကြာပြီလို့ ဆိုပါတယ်။ အထူးသဖြင့် လက်ရှိ မိုဒီရဲ့ အာဏာရပါတီက အကောင့်တွေ အများကြီးဖွင့်ထားပြီး မွတ်စလင် အမုန်းတရားတွေ ဖြန့်ဝေနေတဲ့ ဖြစ်ရပ်တွေအပေါ် ထိန်းချုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယဟာ ဖေ့စ်ဘုတ်ကုမ္ပဏီရဲ့ အကြီးဆုံးဈေးကွက်ကြီးဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ လူမှုမီဒီယာတွေနဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဘာသာရေးနဲ့ လူမှုပဋိပက္ခတွေ များစွာပေါ်ပေါက်ခဲ့တဲ့ သမိုင်းကြောင်းများစွာ ရှိနေပါတယ်။

အေပီကရရှိတဲ့ အချက်အလက်တွေအရ ဟင်ဒီဘာသာနဲ့ရော ဘင်္ဂါလီဘာသာနဲ့ပါ အမုန်းစကားတွေကို နည်းပညာနဲ့ တရစပ် ဖြန့်ဝေနေကြတဲ့ အိန္ဒိယကို ကမ္ဘာ့ အန္တရာယ်အရှိဆုံးအဖြစ် ဖေ့စ်ဘုတ်က တွေ့မြင်ပေမယ့်လို့ အမုန်းစကားတွေ ရပ်တန့်ဖို့ ဒေသဘာသာစကား တတ်ကျွမ်းတဲ့ အမုန်းစကား စိစစ်သူတွေ ဖေ့စ်ဘုတ်ကုမ္ပဏီမှာ လုံလုံလောက်လောက် မရှိခဲ့ဘူးလို့ ဖော်ပြပါတယ်။

ဖေ့စ်ဘုတ်ဘက်ကတော့ သူ့အနေနဲ့ ဟင်ဒီနဲ့ ဘင်္ဂါလီ အပါအဝင် ဘာသာစကားပေါင်းများစွာနဲ့ ရေးသားကြတဲ့ အမုန်းစကားတွေကို ရှာဖွေဖို့ နည်းပညာပိုင်းအရ အတော်လေး ရင်းနှီးမြှုပ်နှံထားပြီး ၂၀၂၁ နှစ်လယ်ပိုင်းလောက်မှာ အမုန်းစကားတွေ လျော့ကျလာတာ မြင်တွေ့ရမယ်လို့ AP က ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံမှာ ဖေ့စ်ဘုတ်အသုံးပြုသူ သန်းပေါင်း ၃၄၀ ကျော်ရှိပြီး WhatsApp သုံးသူက သန်း ၄၀၀ နီးပါး ရှိပါတယ်။ လူမှုမီဒီယာတွေကို အသုံးချပြီး လူနည်းစုတွေအပေါ် သတင်းတုတွေ၊ အမုန်းစကားတွေ ဖြန့်ဝေကြတယ်လို့ စွပ်စွဲလျက်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG