သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လွှတ်တော်အမတ်တွေ Facebook ကို ဝေဖန်ရှုတ်ချ


(Zawgyi/ Unicode)

Facebook နဲ့ပတ်သက်ပြီး အမေရိကန်အထက်လွှတ်တော်မှာ အင်္ဂါနေ့က ကြားနာမှုတွေပြုလုပ်ခဲ့ပြီး လူမှုဆက်သွယ်ရေး စာမျက်နှာတွေနဲ့ပတ်သက်လို့ ပိုမိုထိရောက်တဲ့ စည်းကမ်းကြပ်မတ်မှုတွေ လုပ်သွားမှာဖြစ်ကြောင်း လွှတ်တော်အမတ်တွေက ကတိပေးပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် လွှတ်တော်အမတ်တချို့က Facebook ကို အပြင်းအထန် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

Facebook မှာ မန်နေဂျာအဖြစ် ၂ နှစ်နီးပါး အမှုထမ်းခဲ့တဲ့ Frances Haugen က အင်္ဂါနေ့မှာ အထက်လွှတ်တော်ရဲ့ စားသုံးသူကာကွယ်ရေးကော်မတီမှာ Facebook ကြောင့် ထိခိုက်နစ်နာမှုတွေရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။

" ဒီကနေ့ ဒီနေရာမှာ လာရောက်ထွက်ဆိုရခြင်းဟာ Facebook ကြောင့် ကလးတွေ ထိခိုက်နစ်နာမှုရှိနေပြီး လူ့အဖွဲ့အစည်းအတွင်း ကွဲပြားမှုတွေကို မီးထိုးနေပါတယ်။ ဒါ့ပြင် ဒီမိုကရေစီကိုလည်း ပိုမိုအားနည်းသွားစေပါတယ်။ "

ဒါကြောင့် သူဟာ လာရောက် သက်သေခံ ထွက်ဆိုရတာဖြစ်ကြောင်း မစ္စ Haugen ကပြောဆိုခဲ့ပါတယ်။

ကုမ္ပဏီရဲ့အကျိုးအမြတ်ကို ဦးစားပေးပြီး Facebook နဲ့ Instagram အပါအဝင် အွန်လိုင်းစာမျက်နှာတွေပေါ်က အကြောင်းအရာတွေကို ထိန်းချုပ်လုပ်ခဲ့တာနဲ့ပတ်သက်ပြီး ကုမ္ပဏီရဲ့အကြီးအကဲ Mark Zuckerberg မှာတာဝန်ရှိတယ်လို့ မစ္စ Haugen ကပြောဆိုပါတယ်။

အခုလို ကုမ္ပဏီပတ်သက်လို့ ရှုတ်ထွေးမှုတွေဖြစ်ပေါ်နေချိန် မကြာသေးမီက ရွက်လှေနဲ့ အပျော်ခရီးထွက်သွားခဲ့တဲ့ ကုမ္ပဏီအကြီးအကဲ မစ္စတာ ဇူကာဘတ်ကို လွှတ်တော်အမတ်တချို့က အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။ လူမှုကွန်ရက်စာမျက်နှာနဲ့ပတ်သက်လို့ ပိုမိုတင်းကြပ်တဲ့စည်းကမ်းတွေချမှတ်သွားမယ်လို့ကတိပြုခဲ့ပါတယ်။

ဒီမိုကရက် အထက်လွှတ်တော်အမတ် Richard Blumenthal ကတော့ Facebook ကြောင့် ကလေးတွေရဲ့ ကိုယ်ကျိုးစီးပွားပျက်စီးတာတွေ၊ ကိုယ့်ကိုယ်ကိုတန်ဘိုးထားမှု ပျက်စီးသွားတာတွေဟာ မျိုးဆက်တခု အထိ ခံစားရမှာဖြစ်ပြီး ကလေးတွေက အဓိကသားကောင်တွေဖြစ်ခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရီပတ်ဘလစ်ကန် အထက်အလွှတ်တော်အမတ် Marsha Blackburn ကလည်း Facebookဟာ ကလေးတွေရဲ့လုံခြုံမှု တိုးတက်ကောင်းမွန်လာအောင် လုပ်ဖို့ စိတ်မဝင်စားဘူးလို့ ပြောဆိုပါတယ်။

Facebook ကတော့ Frances Haugen ဟာ Facebook ရဲ့ မူဝါဒဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အစည်းအဝေးတွေကိုတခါမှ မတက်ခဲ့ဖူးဘူးလို့ပြောဆိုထားပြီး Facebook နဲ့ပတ်သက်ပြီး သူမ ပုံဖေါ်ပြောဆိုတဲ့အကြောင်းအရာ အတော်များများနဲ့ စွပ်စွဲချက်တွေကို သဘောမတူဘူးလို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)





ဒါကွောင့ျ သူဟာ လာရောကျ သကျသခေံ ထှကျဆိုရတာဖွဈကွောငျး မစ်စ Haugen ကပွောဆိုခဲ့ပါတယျ။






XS
SM
MD
LG