သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ ရေကြီးမြေပြိုမှုကြောင့် ၇၀ ကျော် သေဆုံး


အိန္ဒိယနိုင်ငံမှာ မိုးကြီးမြေပြိုလို့ ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေ (သြဂုတ် ၁၆၊ ၂၀၂၃)
အိန္ဒိယနိုင်ငံမှာ မိုးကြီးမြေပြိုလို့ ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေ (သြဂုတ် ၁၆၊ ၂၀၂၃)

အိန္ဒိယနိုင်ငံ ဟိမဝန္တာဒေသမှာ ဒီသီတင်းပတ် မိုးသည်းထန် ရေကြီး၊ မြေပြိုတာကြောင့် အနည်းဆုံး လူ ၇၂ ယောက်သေဆုံးခဲ့ပါတယ်။ လမ်းတွေနဲ့ အဆောက်အအုံတွေ ရေနစ်မြုပ်နေသလို ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်။ တောတောင်ထူထပ်တဲ့ Himachal Pradesh ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကတည်းကစပြီး မိုးဆက်တိုက်ရွာ၊ မြေပြိုတာကြောင့် ရွှံ့နွံတွေနဲ့၊ အပျက်အစီးတွေကြား ပိတ်မိနေသူတွေကို ခက်ခဲတဲ့ရာသီဥတု အခြေအနေကြားက ကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတာပါ။

ဒီရက်ပိုင်းတွေအတွင်း မိုးဆက်ပြီးရွာမယ်လို့ အိန္ဒိယ မိုးလေဝသဌာနက သတိပေးထားပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟိမဝန္တာတောင်တန်းဒေသမှာ ဇွန်လကနေ စက်တင်ဘာလ မုတ်သုန်ရာသီကာလအတွင်း ရေကြီး၊ မြေပြို၊ သဘာဝဘေးအန္တရာယ်တွေဖြစ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း Himachal Pradesh ပြည်နယ် အပါအဝင် အိန္ဒိယမြောက်ပိုင်းမှာ စံချိန်တင်မုတ်သုန်မိုးကြောင့် သီတင်းနှစ်ပတ်အတွင်း လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG