သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘေကျင်းမြို့တော်မှာ ရေဘေးကြောင့် ၃၀ ကျော်သေ


ဘေကျင်းမြို့တော် ဆင်ခြေဖုံးတနေရာမှာ မြစ်ရေလျှံလို့ ရေလွှမ်းမိုးမှုအပြီး အကြွင်းအကျန်များကို စစ်သားနဲ့ အလုပ်သမားများက ရှင်းလင်းနေကြစဉ် (သြဂုတ် ၇၊ ၂၀၂၃)
ဘေကျင်းမြို့တော် ဆင်ခြေဖုံးတနေရာမှာ မြစ်ရေလျှံလို့ ရေလွှမ်းမိုးမှုအပြီး အကြွင်းအကျန်များကို စစ်သားနဲ့ အလုပ်သမားများက ရှင်းလင်းနေကြစဉ် (သြဂုတ် ၇၊ ၂၀၂၃)

တိုင်ဖွန်း Doksuri ရဲ့ နောက်ဆက်တွဲအဖြစ် တရုတ်နိုင်ငံ ဘေကျင်းမြို့တော်မှာ နှစ်ပေါင်း ၁၄၀ အတွင်း အပြင်းထန်ဆုံးမိုးရွာသွန်းမှုတွေ ကြုံခဲ့ရပြီး လူ ၃၃ ဦး သေဆုံးပြီး၊ ၁၈ ဦး ပျောက်ဆုံးနေတယ်လို့ တရုတ်အာဏာပိုင်တွေက ဒီနေ့ပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဘေကျင်းမြို့အနောက်ဘက် Mentougou ခရိုင်မှာ အဆိုးရွားဆုံး မိုးရွာသွန်းမှုနဲ့ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၃သိန်း ၁ သောင်း လောက်ကို ရေဘေးသင့်ခဲ့ပြီး၊ အိမ်ခြေ ၃ သောင်းခွဲ နီးပါး ပျက်စီးခဲ့တယ်လို့လည်း ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ သမိုင်းတလျှောက် အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှုလည်း ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Hebei ပြည်နယ်၊ Henan ပြည်နယ်နဲ့ Tianjin မြို့တို့မှ ရေဘေးသင့်ဒေသ ၈ ခုအတွက် အရေးပေါ်အကူအညီအဖြစ် တရုတ်ယွမ်ငွေ ၁.၀ ဘီလီယံ သုံးစွဲမယ့်အကြောင်း တရုတ်ဘဏ္ဍာရေးဝန်ကြီး ဌာနကလည်း ဒီနေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG