သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ BEL ကုမၸဏီ ျမန္မာစစ္တပ္အတြက္ လက္နက္ေရာင္းခ်ခဲ့


ရခုိင္ျပည္နယ္တြင္း တာဝန္ထမ္းေဆာင္ေနတဲ့ ျမန္မာ့တပ္မေတာ္သားအခ်ဳိ႕။

(Zawgyi / Unicode)

အိႏၵိယအေျခစိုက္ Bharat Electronics Limited (BEL) က ျမန္မာစစ္တပ္ကို ေလေၾကာင္းကာကြယ္ေရးစနစ္ေတြ ေရာင္းခ်ခဲ့တယ္လို႔ ျမန္မာစစ္တပ္ရဲ႕ လက္နက္ဝယ္ယူမႈေတြနဲ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို ေလ့လာ ေစာင့္ၾကည့္ေနတဲ့ Justice For Myanmar (JFM) အဖြဲ႔က ေျပာပါတယ္။

ဒီ BEL ကုမၸဏီဟာ အိႏၵိယအစိုးရက အစုရွယ္ယာအမ်ားစု ပိုင္ဆိုင္တာေၾကာင့္ ဒါဟာ အိႏၵိယအစိုးရက ေရာင္းခ်တဲ့သေဘာ သက္ေရာက္ေနေၾကာင္း သုံးသပ္ ေျပာဆိုၾကပါတယ္။

ျမန္မာစစ္တပ္ကို BEL ကုမၸဏီက ၇ ႀကိမ္ထက္မနည္း လက္နက္ပစၥည္းေတြ တင္ပို႔ေရာင္းခ်ခဲ့တဲ့အထဲ ျမန္မာေရတပ္ရဲ႕ ကမ္းေျခေစာင့္တပ္ဖြဲ႔က အသုံးျပဳမယ့္ ေရဒါေစာင့္ၾကည့္ေရးစနစ္ အပါအဝင္ တျခား ေလေၾကာင္းကာကြယ္ေရးနဲ႔ဆိုင္တဲ့ လက္နက္ပစၥည္းေတြ ပါဝင္ေၾကာင္း JFM က လွ်ဳိ႕ဝွက္ရရွိတဲ့ စာရြက္စာတမ္း အေထာက္အထားေတြအရ သိရတယ္လို႔ ဆိုပါတယ္။

လက္ရွိမွာ အေမရိကန္ေဒၚလာ ၆ သိန္းတန္ဖိုးရွိတဲ့ လက္နက္ပစၥည္းေတြကို BEL ကုမၸဏီက တင္ပို႔ေရာင္းခ်ခဲ့ၿပီးျဖစ္ၿပီး ဒါဟာ ကုမၸဏီအေနနဲ႔ ေနာင္မွာ ျမန္မာႏိုင္ငံကို လက္နက္ပစၥည္း အမ်ားအျပား တင္ပို႔ေရာင္းခ်ေရးအတြက္ ေျခလွမ္းအစ ျဖစ္ႏိုင္တယ္လို႔လည္း JFM က ခန္႔မွန္းပါတယ္။

ဒီ စစ္လက္နက္ပစၥည္းေတြကိုေတာ့ ျမန္မာႏိုင္ငံအေျခစိုက္ Mega Hill General Trading ကုမၸဏီကတဆင့္ အိႏၵိယအေျခစိုက္ BEL ကုမၸဏီက ျမန္မာႏိုင္ငံကို တင္ပို႔ခဲ့တာလို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံကို BEL ကုမၸဏီက ဒီလက္နက္ပစၥည္းေတြ မတင္ပို႔ခင္ေလးက ကုလသမဂၢမွာ ျမန္မာႏိုင္ငံကို လက္နက္တင္ပို႔ ေရာင္းခ်မႈ ပိတ္ပင္ကန္႔သတ္ေရး ဆံုးျဖတ္ခ်က္ကို မဲခြဲတာမွာ အိႏၵိယက မဲမေပးဘဲ ေနခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

အိန္ဒိယ BEL ကုမ္ပဏီ မြန်မာစစ်တပ်အတွက် လက်နက်ရောင်းချခဲ့

အိန္ဒိယအခြေစိုက် Bharat Electronics Limited (BEL) က မြန်မာစစ်တပ်ကို လေကြောင်းကာကွယ်ရေးစနစ်တွေ ရောင်းချခဲ့တယ်လို့ မြန်မာစစ်တပ်ရဲ့ လက်နက်ဝယ်ယူမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာ စောင့်ကြည့်နေတဲ့ Justice For Myanmar (JFM) အဖွဲ့က ပြောပါတယ်။

ဒီ BEL ကုမ္ပဏီဟာ အိန္ဒိယအစိုးရက အစုရှယ်ယာအများစု ပိုင်ဆိုင်တာကြောင့် ဒါဟာ အိန္ဒိယအစိုးရက ရောင်းချတဲ့သဘော သက်ရောက်နေကြောင်း သုံးသပ် ပြောဆိုကြပါတယ်။

မြန်မာစစ်တပ်ကို BEL ကုမ္ပဏီက ၇ ကြိမ်ထက်မနည်း လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချခဲ့တဲ့အထဲ မြန်မာရေတပ်ရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့က အသုံးပြုမယ့် ရေဒါစောင့်ကြည့်ရေးစနစ် အပါအဝင် တခြား လေကြောင်းကာကွယ်ရေးနဲ့ဆိုင်တဲ့ လက်နက်ပစ္စည်းတွေ ပါဝင်ကြောင်း JFM က လျှို့ဝှက်ရရှိတဲ့ စာရွက်စာတမ်း အထောက်အထားတွေအရ သိရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အမေရိကန်ဒေါ်လာ ၆ သိန်းတန်ဖိုးရှိတဲ့ လက်နက်ပစ္စည်းတွေကို BEL ကုမ္ပဏီက တင်ပို့ရောင်းချခဲ့ပြီးဖြစ်ပြီး ဒါဟာ ကုမ္ပဏီအနေနဲ့ နောင်မှာ မြန်မာနိုင်ငံကို လက်နက်ပစ္စည်း အများအပြား တင်ပို့ရောင်းချရေးအတွက် ခြေလှမ်းအစ ဖြစ်နိုင်တယ်လို့လည်း JFM က ခန့်မှန်းပါတယ်။

ဒီ စစ်လက်နက်ပစ္စည်းတွေကိုတော့ မြန်မာနိုင်ငံအခြေစိုက် Mega Hill General Trading ကုမ္ပဏီကတဆင့် အိန္ဒိယအခြေစိုက် BEL ကုမ္ပဏီက မြန်မာနိုင်ငံကို တင်ပို့ခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို BEL ကုမ္ပဏီက ဒီလက်နက်ပစ္စည်းတွေ မတင်ပို့ခင်လေးက ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ကန့်သတ်ရေး ဆုံးဖြတ်ချက်ကို မဲခွဲတာမှာ အိန္ဒိယက မဲမပေးဘဲ နေခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG