သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုင္းရင္းသားေဒသေတြအေပၚ ျမန္မာစစ္တပ္ တုိက္ခိုက္မႈတိုးလုပ္ (Eubank, FBR)


ကယားျပည္နယ္အတြင္း တုိက္ပြဲေတြေၾကာင့္ ေတာေတာင္ထဲ ပုန္းေအာင္းေနရတဲ့ ေဒသခံ စစ္ေဘးဒုကၡသည္မ်ား။ (ဇြန္ ၁၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာနဲ႔ အိမ္နီးခ်င္း ထိုင္းနဲ႔ တ႐ုတ္နယ္စပ္မွာရွိတဲ့ တိုင္းရင္းသားေတြ ေနထိုုင္ရာ ေဒသတေက်ာမွာ ျမန္မာစစ္တပ္က တိုက္ခိုက္မႈေတြ တိုးလုပ္လာေနတယ္လို႔ ထိုင္းအေျခစိုက္ Free Burma Rangers အဖြဲ႔က ေျပာပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ အာဏာသိမ္းၿပီးခ်ိန္ကစၿပီး ျမန္မာစစ္တပ္က ၿမိဳ႕ျပေန ဆႏၵျပျပည္သူေတြကိုတင္ ေခ်မႈန္းတာမဟုတ္ဘဲ နယ္စပ္ေဒသေတြမွာပါ တိုက္ခိုက္မႈေတြ တိုးလုပ္လာေနတယ္လို႔ FBR အဖြဲ႔ အႀကီးအကဲ David Eubank က ဗြီအိုေအကို ေျပာပါတယ္။

စစ္တပ္အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္း ျဖစ္ပြားတဲ့ တိုက္ပြဲေတြေၾကာင့္ ကယားျပည္နယ္ တခုတည္းမွာတင္ လူေပါင္း ၁၀၀,၀၀၀ ေက်ာ္ အိုးအိမ္စြန္႔ခြာထြက္ေျပးေနရတာျဖစ္ၿပီး အခုထိ ေနအိမ္ေတြ မျပန္ရဲၾကေသးဘဲ ျဖစ္ေနတာေၾကာင့္ စစ္တပ္ကသာ ဆက္ၿပီး ဖိအားေပးေနမယ္ဆိုရင္ ဒီဒုကၡသည္ေတြ ေသာက္သံုးေရနဲ႔ စားနပ္ရိကၡာပါ ျပတ္လပ္ၿပီး အငတ္ေဘးနဲ႔ ေသဆံုးတဲ့အထိ ျဖစ္လာႏိုင္တယ္လို႔လည္း ေျပာပါတယ္။

ကယားအျပင္ ကရင္နဲ႔ ကခ်င္ျပည္နယ္ေတြမွာလည္း ေဒသခံ ကာကြယ္ေရးတပ္ေတြနဲ႔ စစ္တပ္တို႔ ျဖစ္ပြားတဲ့ တိုက္ပြဲေတြေၾကာင့္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးရသူ တေန႔တျခား တိုးလာေနတာ ျဖစ္ပါတယ္။

FBR အဖြဲ႔ကေန ဒီတိုက္ပြဲေတြ ျဖစ္ပြားတဲ့ နယ္စပ္ ေဝးလံေခါင္ဖ်ား ေဒသေတြက ျပည္သူေတြအတြက္ ဆန္ကေန ေက်ာင္းစာအုပ္အထိ လိုအပ္တဲ့ ပစၥည္းမ်ိဳးစံု ေပးပို႔ ေထာက္ပံ့ေနတဲ့အျပင္ ေဆးဝါးကုသေပးဖို႔အတြက္ပါ ရာနဲ႔ခ်ီတဲ့ ေစတနာ့ဝန္ထမ္းေတြကို ေစလႊတ္ၿပီး အကူအညီေပးေနတယ္လို႔လည္း ေျပာပါတယ္။

ကုလသမဂၢကေတာ့ ျမန္မာစစ္တပ္ရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ ေနအိမ္စြန္႔ခြာထြက္ေျပးရသူ ၂ သိန္းခြဲေလာက္ရွိေနၿပီ ျဖစ္သလို လာမယ့္လေတြအတြင္း လူေပါင္း သန္းနဲ႔ခ်ီၿပီး အငတ္ေဘးႀကံဳရႏိုင္တယ္လို႔ ၿပီးခဲ့တဲ့လတုန္းကပဲ သတိေပးထားတာပါ။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

တိုင်းရင်းသားဒေသတွေအပေါ် မြန်မာစစ်တပ် တိုက်ခိုက်မှုတိုးလုပ် (Eubank, FBR)

မြန်မာနဲ့ အိမ်နီးချင်း ထိုင်းနဲ့ တရုတ်နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတကျောမှာ မြန်မာစစ်တပ်က တိုက်ခိုက်မှုတွေ တိုးလုပ်လာနေတယ်လို့ ထိုင်းအခြေစိုက် Free Burma Rangers အဖွဲ့က ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာစစ်တပ်က မြို့ပြနေ ဆန္ဒပြပြည်သူတွေကိုတင် ချေမှုန်းတာမဟုတ်ဘဲ နယ်စပ်ဒေသတွေမှာပါ တိုက်ခိုက်မှုတွေ တိုးလုပ်လာနေတယ်လို့ FBR အဖွဲ့ အကြီးအကဲ David Eubank က ဗွီအိုအေကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကယားပြည်နယ် တခုတည်းမှာတင် လူပေါင်း ၁၀၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတာဖြစ်ပြီး အခုထိ နေအိမ်တွေ မပြန်ရဲကြသေးဘဲ ဖြစ်နေတာကြောင့် စစ်တပ်ကသာ ဆက်ပြီး ဖိအားပေးနေမယ်ဆိုရင် ဒီဒုက္ခသည်တွေ သောက်သုံးရေနဲ့ စားနပ်ရိက္ခာပါ ပြတ်လပ်ပြီး အငတ်ဘေးနဲ့ သေဆုံးတဲ့အထိ ဖြစ်လာနိုင်တယ်လို့လည်း ပြောပါတယ်။

ကယားအပြင် ကရင်နဲ့ ကချင်ပြည်နယ်တွေမှာလည်း ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်တို့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ တနေ့တခြား တိုးလာနေတာ ဖြစ်ပါတယ်။

FBR အဖွဲ့ကနေ ဒီတိုက်ပွဲတွေ ဖြစ်ပွားတဲ့ နယ်စပ် ဝေးလံခေါင်ဖျား ဒေသတွေက ပြည်သူတွေအတွက် ဆန်ကနေ ကျောင်းစာအုပ်အထိ လိုအပ်တဲ့ ပစ္စည်းမျိုးစုံ ပေးပို့ ထောက်ပံ့နေတဲ့အပြင် ဆေးဝါးကုသပေးဖို့အတွက်ပါ ရာနဲ့ချီတဲ့ စေတနာ့ဝန်ထမ်းတွေကို စေလွှတ်ပြီး အကူအညီပေးနေတယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂကတော့ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူ ၂ သိန်းခွဲလောက်ရှိနေပြီ ဖြစ်သလို လာမယ့်လတွေအတွင်း လူပေါင်း သန်းနဲ့ချီပြီး အငတ်ဘေးကြုံရနိုင်တယ်လို့ ပြီးခဲ့တဲ့လတုန်းကပဲ သတိပေးထားတာပါ။

XS
SM
MD
LG