သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ကိုဗစ်ကူးစက်မှု စိုးရိမ်ဖွယ်မြင့်တက်နေဆဲ


အိန္ဒိယနိုင်ငံ Kolkata မြို့က အမျိုးသမီးတဦး ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနေတဲ့ မြင်ကွင်း။ (မေ ၀၆၊ ၂၀၂၁)
အိန္ဒိယနိုင်ငံ Kolkata မြို့က အမျိုးသမီးတဦး ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနေတဲ့ မြင်ကွင်း။ (မေ ၀၆၊ ၂၀၂၁)

[Zawgyi/Unicode]

အိန္ဒိယနိုင်ငံမှာ ကိုဗစ်ရောဂါကူးခံရသူ မဆိုစလောက်ကျသွားတယ်ဆိုပေမယ့် တနင်္လာနေ့တရက်ထဲပိုးကူးသူ ၃၆၆,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃,၇၀၀ ကျော်ရှိပါတယ်။ ပြည်သူ့ကျန်းမာရေး ပညာရှင်တွေကတော့ ပိုးကူးခံရသူ အရေအတွက် ဒီထက်မက များနိုင်တယ်လို့ယုံကြည်နေပါတယ်။

အမေရိကန် Johns Hopkins တက္ကသိုလ် ကိုဗစ်သုတေသနစစ်တမ်းအရ အိန္ဒိယမှာ ကိုဗစ်ကူးသူ ၂၂.၆ သန်းကျော်ရှိပြီး အမေရိကန်ပြည်ထောင်စုကတော့ ပိုးကူးသူ ၃၂.၇ သန်းနဲ့ ကမ္ဘာမှာအများဆုံးပါ။ အမေရိကန်ပြီးရင် အိန္ဒိယက ပိုးကူးသူ ဒုတိယအများဆုံး ရှိပါတယ်။ ကမ္ဘာတဝှမ်းလုံးမှာတော့ ကိုဗစ်ကူူးသူ ၁၅၈ သန်းကျော်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုဗစ်ရောဂါသည်တွေနဲ့ ပြန်ပြီး နာလန်ထူလာတဲ့လူတွေကြား ကူးစက်နေတဲ့ မှိုရောဂါတမျိုးအတွက်လည်း စိုးရိမ်နေကြပါတယ်။ Mucormycosis မှိုရောဂါကူးခံရရင် မျက်နှာပုံပန်း သဏ္ဍန်ပြောင်းသွားတတ်သလို တချို့ဆိုရင် မျက်လုံးတွေပါ ကွယ်သွားတတ်ပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှိတဲ့ ကိုဗစ်လူနာတွေမှာ ဒီမှိုရောဂါ ကူးစက်ဖို့ ပိုလွယ်တယ်လို့ ကျန်းမာရေးပညာရှင်တွေကပြောပါတယ်။

နီပေါလ်နိုင်ငံမှာလည်း ကိုဗစ်ကူးစက်မှု တိုးလာနေပြီး လူနာတွေအတွက်အောက်ဆီဂျင်ရဖို့ ခက်ခဲလာနေတဲ့အတွက် ဧဝရက်တောင်တက်သမားတွေကို သူတို့ရဲ့အောက်ဆီဂျင်ဗူးခွံတွေကို တောင်ပေါ်မှာ ပစ်မထားဘဲ ကိုဗစ်လူနာတွေ သုံးနိုင်အောင် ကျန်းမာရေးဌာနတွေကိုလာပေးဖို့ တာဝန်ရှိသူတွေ မေတ္တာရပ်ခံထားပါတယ်။ နီပေါလ်နိုင်ငံမှာ ကိုဗစ်ကူးခံရသူ ၄၀၀,၀၀၀ ဝန်းကျင်ရှိပြီး လူနာတွေအတွက် အောက်ဆီဂျင်ဗူး ၂၅,၀၀၀ အရေးပေါ်လိုအပ်နေတယ်လို့ နီပေါ်လ်ကျန်းမာရေး တာဝန်ရှိသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

အိန်ဒိယ ကိုဗဈကူးစကျမှု စိုးရိမျဖှယျမွင့ျတကျနဆေဲ





XS
SM
MD
LG