သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ရိုဟင်ဂျာအရေး အင်ဒို- မလေး ပူးပေါင်းဆောင်ရွက်မည်


entara စာမျက်နှာမှ သတင်းဖော်ပြချက်
entara စာမျက်နှာမှ သတင်းဖော်ပြချက်

အင်ဒိုနီးရှားပင်လယ်ပြင်လုံခြုံရေးဌာနနဲ့ မလေးရှားပင်လယ်ပြင်ဥပဒေစိုးမိုးရေးဌာနတို့ ပူးတွဲပြီး လှေစီးပြေးရိုဟင်ဂျာဒုက္ခ သည်တွေအရေးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလိုက်ကြောင်း တာဝန်ရှိသူ တွေက ဗုဒ္ဓဟူးနေ့မှာပြောဆိုခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာ ဗုဒ္ဓဟူးနေ့ကျင်းပတဲ့ ၂၀၂၃ (ASEAN Coast Guard Forum) အာဆီယံနိုင်ငံများ ပင်လယ်ကမ်းရိုးတန်းဆိုင်ရာလုံခြုံရေးဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အင်ဒိုနီးရှားပင်လယ်ပြင်ဆိုင်ရာလုံခြုံရေးဌာနအကြီးအကဲ ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး Aan Kurnia က အခုလိုထုတ်ဖေါ်ပြောဆိုခဲ့တာပါ။

လူသားခြင်းစာနာမှုဆိုင်ရာစည်းမျဉ်းတွေအရ ဒုက္ခသည်တွေ ကမ်းခြေအနီးရောက်လာခဲ့ရင်၊ ဒါမှမဟုတ် စက်လှေချို့ ယွင်းခဲ့ရင်၊ ဒုက္ခသည်တွေကို အကူအညီပေးဖို့ ဝတ္တရားရှိပါတယ်လို့လည်းသူက မှတ်ချက် ပြုပြောဆိုခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ထဲမှာအခြေချနေထိုင်နေတဲ့ ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့ပြီးကတည်းက ရိုဟင်ဂျာဒုက္ခသည် ၉ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဘဇားဒေသမှာ နေထိုင်လျက်ရှိတယ်လို့ ကုလသမဂ္ဂစာရင်းတွေမှာဖေါ်ပြထားပါတယ်။ မြန်မာစစ်တပ်တာဝန်ရှိသူတွေကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်း ကိုလက်မခံပါဘူး။

ဒီရိုဟင်ဂျာဒုက္ခသည်တွေဟာ နယူးဇီလန်၊ သြစတြေးလျ စတဲ့နိုင်ငံတွေမှာ ခိုလှုံခွင့်ရဖို့သွားရောက်တာ တွေရှိပါတယ်။ မကြာခဏဆိုသလိုဘဲ စက်လှေတွေပျက်ပြီး အင်ဒိုနီးရှားနဲ့မလေးရှား ရေပိုင်နက်ထဲ ကိုရောက်ရှိလာတတ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ရိုဟင်ဂျာဒုက္ခသည် ၆၄၄ ယောက်ဟာ စက်လှေ ၅ စင်းနဲ့ အင်ဒိုရီးရှားရေပိုင်နက်အတွင်းကိုရောက်ရှိလာခဲ့တယ်လို့ ကုလသမဂ္ဂကဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG