သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားသမ္မတ ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်အရေး ဆွေးနွေးမည်


ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina (ယာ)၊ သမ္မတ Abdul Hamid (ဝဲ) တို့နှင့်အတူတွေ့ရသည့် သမ္မတ ဝီဒိုဒို။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina (ယာ)၊ သမ္မတ Abdul Hamid (ဝဲ) တို့နှင့်အတူတွေ့ရသည့် သမ္မတ ဝီဒိုဒို။

အင်ဒိုနီရှားသမ္မတ Joko Widodo ဟာ နှစ်ရက်ကြာခရီးအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဇန်နဝါရီလ ၂၇ ရက်၊ စနေနေ့မှာ ရောက်ရှိလာပြီး နှစ်နိုင်ငံဆိုင်ရာကိစ္စတွေကို ဆွေးနွေးမယ့်အ ပြင် ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသညစခန်းတွေ အဓိကရှိရာ Cox's Bazar ကို တနင်္ဂနွေနေ့မှာ လေယာဉ်နဲ့ သွားရောက်မှာ ဖြစ်ပါတယ်။

သမ္မတ Widodo ဟာ သူ့ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်သမ္မတ Abdul Hamid နဲ့ရော ဝန်ကြီးချုပ် Sheikh Hasina နဲ့ပါတွေ့ဆုံပါတယ်။ Widodo ရဲ့ခရီးစဉ်အတွင်း နှစ်နိုင်ငံ ကိစ္စရပ် တွေကို အဓိက ဆွေးနွေးမှာဖြစ်ပေမယ့် ရိုဟင်ဂျာအရေးကိုလည်း အလေးထား ဆွေးနွေးလိမ့် မယ်လို့ ခန့်မှန်းထားကြပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လကုန်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းကို ARSA ရိုဟင်ဂျာ အကြမ်းဖက် အဖွဲ့က ဝင်တိုက်ခဲ့ပြီးနောက်ပိုင်း ပြုလုပ်တဲ့ နယ်မြေရှင်းလင်းရေးဖြစ်စဉ်ကြောင့် ရိုဟင်ဂျာ မွတ်ဆလင် ၆ သိန်းခွဲကျော် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဒုက္ခသည်အဖြစ် ထွက်ပြေးလာ တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းမှာ ပြန်လည်အခြေချနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံအစိုးရတွေက သဘောတူ ထားပေမဲ့ လုံခြုံစိတ်ချရတဲ့ အခြေအနေတွေ မရှိသေးဘူးဆိုပြီး ဒုက္ခသည်အနည်းငယ်က သာ ပြန်လိုတဲ့ ဆန္ဒရှိကြောင်း နိုင်ငံတကာ အကူညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

ဒုက္ခသည်တွေပြန်ပို့ရေး နှစ်နိုင်ငံ သဘောတူညီချက်ထဲမှာတော့ မိမိဆန္ဒရှိမှသာ နေရပ် ရင်းကို ပြန်နိုင်ပြီး ကလေးငယ်တွေအပါအဝင် ဒုက္ခသည်အများစုက အခုချိန်ထိ စိုးရိမ်ထိန့်လန့်နေဆဲ ဖြစ်ပါတယ်။

အခုနောက်ဆုံး အခြေအနေကတော့ ဒုက္ခသည်တွေ ပြန်ပို့မယ့်အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဆိုင်းငံ့ထားပါတယ်။

အင်ဒိုနီးရှားသမ္မတ ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်အရေး ဆွေးနွေးမည်
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG