သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ ရခိုင်အရေးဆွေးနွေး


အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးနဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးနဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ရခိုင်ပြည်နယ်တွင်း ARSA အစွန်းရောက် အကြမ်းဖက် သမားတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်နွှယ်ပြီး အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးနဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်းက လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးရေး၊ နောက် ပြည်နယ်တွင်းက စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်မယ့် ရေရှည် နည်းလမ်းကောင်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အင်ဒိုနီးရှား သမ္မတ ကတော့

"မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေကို အင်ဒိုနီးရှား နိုင်ငံက ရှုတ်ချကြောင်း အင်ဒိုနီးရှား သမ္မတ Joko Widodo က ပြောဆိုခဲ့တာပါ။ ကြေညာချက်တွေ၊ ရှုတ်ချမှုတွေနဲ့တင် မလုံလောက်ပါဘူး။ လက်တွေ့ ဆောင်ရွက်မှုတွေ လိုအပ်ပါတယ်။ အင်ဒိုနီးရှား အစိုးရ အနေနဲ့ အင်ဒိုနီးရှား လူမှု အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းပြီး လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လိုအပ်ချက်တွေကို ဆက်ပြီး အခိုင်အမာ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်"လို့ အင်ဒိုနီးရှား သမ္မတက ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းက မူဆလင်တွေနဲ့ အတူ ရပ်တည်ကြောင်း ပြတဲ့ အနေနဲ့လည်း နိုင်ငံတကာက မူဆလင်တွေ ဆန္ဒပြကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာက မြန်မာသံရုံးရှေ့မှာလည်း ရာနဲ့ချီတဲ့ မူဆလင် အမျိုးသမီးတွေ ဆန္ဒပြခဲ့ကြပြီး အင်ဒိုနီးရှား အစိုးရဘက်က မြန်မာနိုင်ငံ အပေါ်မှာ အခုထက်ပိုပြီး ဖိအားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ သြစတေးလျနိုင်ငံမှာတော့ လွှတ်တော်ရှေ့မှာနဲ့ မြန်မာသံရုံးတို့ ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြနေသူတွေကတော့ Queensland ရိုဟင်ဂျာ ကွန်မြူနတီ ဆိုတဲ့ ဆိုင်းဘုတ်ကိုလည်း ကိုင်ထားပါတယ်။ မြန်မာနိုင်ငံတွင်းက မူဆလင်တွေ အကြမ်းဖက်မှုကနေ ကာကွယ်ပေးဖို့ သြစတေးလျ အစိုးရဘက်က ကြားဝင်ဆောင်ရွက်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။ မြန်မာ အစိုးရ အနေနဲ့ ဖိနှိပ်မှုတွေ မရပ်ရင် သြစတေးလျရဲ့ အကူအညီတွေ ရပ်ပစ်ဖို့ သြစတေးလျ အစိုးရ အနေနဲ့ ဖိအားပေးဖို့လည်း တောင်းဆိုကြပါတယ်။ တချိန်တည်းမှာဘဲ ရုရှားနိုင်ငံတွင်း မူဆလင်အများစု နေထိုင်ရာ ချေချင်း ဒေသက Grozny မြို့ မှာလည်း ရခိုင်ဒေသက မူဆလင်တွေကို ထောက်ခံတဲ့ အနေနဲ့ ထောင်နဲ့ချီတဲ့ လူထု စုဝေးပွဲ လုပ်ခဲ့ပါတယ်။ မနေ့ တနင်္ဂနွေနေ့တုန်းကတော့ မော်စကိုက မြန်မာသံရုံးရေးမှာ ရုရှား မူဆလင်တွေ ဆန္ဒပြခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG