သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ရုရှားနဲ့ အင်ဒိုမြန်မာသံရုံးတွေရှေ့ ဆန္ဒပြ


အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် ဆန္ဒပြစဉ်
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် ဆန္ဒပြစဉ်

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာက မြန်မာသံရုံးကို ဒီကနေ့ တနင်္ဂနွေနေ့ မနက်ပိုင်း လောင်စာရည် ပုလင်းနဲ့ ပစ်ခဲ့မှု ဖြစ်ခဲ့ပြီး ဘယ်သူ့လက်ချက်ဆိုတာကို ဒေသအာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေတယ်လို့ Reuters သတင်းက ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှု အသေးစိတ်ကိုတော့ မသိရပါဘူး။

ဒါ့အပြင် အင်ဒိုနီးရှား နိုင်ငံ မြန်မာသံရုံးရှေ့မှာ အင်ဒိုနီးရှား စည်းရုံးလှုပ်ရှားရေး အဖွဲ့အစည်းတွေ၊ နောက် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ကြီး Amnesty International ရဲ့ အင်ဒိုနီးရှား ဆိုင်ရာ အဖွဲ့တို့က မြန်မာပြည်က ရိုဟင်ဂျာတွေကို အစိုးရဘက်က ကူညီပေးဖို့ ဒီကနေ့ တနင်္ဂနွေနေ့မှာ တောင်းဆိုကြပါတယ်။

အင်ဒိုနီးရှားဆိုင်ရာ Amnesty International အဖွဲ့ကြီးနဲ့ အတူ အဖွဲ့အစည်း သုံးခုတို့က ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ကို မြန်မာဘက်က လက်သင့်ခံစေရေး အတွက် သံတမန်ရေး အရ ကြားဝင် ဆောင်ရွက်ပေးဖို့ကိုလည်း အစိုးရကို တိုက်တွန်းပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မနက်ဖြန် တနလာၤနေ့မှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ ရခိုင်အရေးကို ဆွေးနွေးဖို့ ရှိတယ်လို့လည်း သတင်းတွေမှာ ဖော်ပြကြပါတယ်။ ရိုဟင်ဂျာတွေနဲ့ စည်းလုံးမှုကို ပြတဲ့ အနေနဲ့ ရုရှားနိုင်ငံ မော်စကိုမြို့တော်က မြန်မာသံရုံးရှေ့မှာလည်း မူဆလင်တွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က မြန်မာ အစိုးရ ကင်းစခန်း ၃၀ လောက်ကို အကြမ်းဖက်သမားတွေက တချိန်တည်း တပြိုင်တည်း အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဖြစ်ခဲ့တဲ့ ဒေသတွင်း အကြမ်းဖက်မှုတွေကနေ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ထွက်ပြေးလာသူကလည်း ၇ သောင်း ၃ ထောင်လောက် ရှိနေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရဲ့ ပြောခွင့်က အမျိုးသမီး Vivian Tan က ပြောဆိုကြောင်း AP သတင်းက ဖော်ပြထားပါတယ်။

ရခိုင်အရေး ရုရှားနဲ့ အင်ဒိုမြန်မာသံရုံးတွေရှေ့ ဆန္ဒပြ
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG