သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ အမႈ ရင္ဆိုင္ဖို႔ ေကာ္မတီတရပ္ စစ္ေကာင္စီဖြဲ႔စည္း


နိုင္ငံတကာ တရားရံုး (ဓာတ္ပံု - United Nations)

(Zawgyi/Unicode)

ႏိုင္ငံတကာတရားရံုး ICJ မွာ ျမန္မာႏိုင္ငံအေပၚ စြဲဆိုထားတဲ့အမႈကို ရင္ဆိုင္ဖို႔အတြက္ ဦးေဆာင္ေကာ္မတီတရပ္ကို ျမန္မာစစ္ေကာင္စီက ဖြဲ႔စည္းလိုက္ပါတယ္။

စစ္ေကာင္စီက ခန္႔အပ္ထားတဲ့ ႏိုင္ငံျခားေရး၀န္ႀကီး ဦး၀ဏၰေမာင္လြင္က ဥကၠ႒အျဖစ္ ဦးေဆာင္ၿပီး စစ္ေကာင္စီလက္ေအာက္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး၀န္ႀကီး ဦးကိုကိုလိႈင္၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒၚသီတာဦးတို႔ကို ဒုတိယဥကၠ႒ေတြအျဖစ္ တာ၀န္ေပးထားပါတယ္။

အဖြဲ႔၀င္ေတြအျဖစ္ အစိုးရအဖြဲ႔႐ံုးဝန္ႀကီးဌာနဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္၊ စီမံကိန္းနဲ႔ဘ႑ာေရး၀န္ႀကီး ဦး၀င္းရွိန္၊ စစ္ေရးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိ္န္း၊ ႏိုင္ငံျခားေရး ဒုတိယ၀န္ႀကီး ဦးေက်ာ္မ်ိဳးထြဋ္နဲ႔ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ရဲ႕ အၾကံေပးအဖြဲ႔ အဖြဲ႔၀င္ ေဒၚခင္ဦးလိႈင္တို႔ ႔ပါဝင္ေၾကာင္း ဒီလ ၁၈ ရက္ေန႔ ေန႔စြဲနဲ႔ ႏိုင္ငံေတာ္ျပန္တမ္းမွာ ေဖာ္ျပထားတာပါ။

ျမန္မာစစ္တပ္က ရခိုင္ျပည္နယ္အတြင္း ႐ုိဟင္ဂ်ာ မြတ္ဆလင္ေတြကို လူမ်ိဳးတံုးသတ္ျဖတ္မႈ က်ဴးလြန္တာေတြ ရွိခဲ့တယ္ဆိုၿပီး ျမန္မာႏိုင္ငံအေပၚ ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုမႈကို ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလမွာ ICJ က ၾကားနာစစ္ေဆးခဲ့ၿပီး အဲဒီအခ်ိန္က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာႏုိင္ငံကိုယ္စား သြားေရာက္ေခ်ပခဲ့ပါတယ္။

႐ိုဟင္ဂ်ာေတြကို ႏွိ္မ္ႏွင္းတဲ့ေနရာမွာ ျမန္မာစစ္တပ္အေနနဲ႔ အင္အားအလြန္အကၽြံ သုံးခဲ့တယ္ဆိုတာ ယတိျပတ္ မေျပာႏိုင္ေပမယ့္ လူမ်ဳိးစုတခုလုံး ေပ်ာက္ကြယ္သြားေအာင္ လုပ္ေဆာင္ခဲ့တယ္ဆိုတဲ့ သက္ေသအေထာက္အထား မရွိဘူးလို႔ နယ္သာလန္ႏိုင္ငံ၊ The Hague ၿမိဳ႕ ICJ တရား႐ံုးမွာလုပ္ခဲ့တဲ့ ၾကားနာပြဲမွာ ခုခံကာကြယ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္က ခုခံကာကြယ္ၿပီး ထြက္ဆိုခဲ့ပါတယ္။

၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလမွာေတာ့ ျမန္မာႏုိင္ငံကေန ၾကားျဖတ္လုပ္ေဆာင္ရမယ့္ အစီအစဥ္ေတြကို ICJ က Provisional Measures ျပ႒ာန္းေပးခဲ့ၿပီး ၆ လတႀကိမ္ အစီရင္ခံစာ တင္သြင္းဖုိ႔ အမိန္႔ခ်မွတ္ခဲ့တာပါ။ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို ျမန္မာဘက္က လက္မခံေပမဲ့ ICJ က ခ်မွတ္တဲ့ ဆံုးျဖတ္ခ်က္ကိုေတာ့ လက္ခံထားပါတယ္။

ICJ က ၾကားျဖတ္အေရးေပၚ စီမံေဆာင္ရြက္ဖို႔ ခ်မွတ္ထားတဲ့ ဆံုးျဖတ္ခ်က္ေတြနဲ႔ ပတ္သက္လို႔ အကဲျဖတ္ေစာင့္ၾကည့္ဖို႔ သီးျခား အထူးေကာ္မတီတရပ္ကို ထူေထာင္ခြင့္ ေပးလိုက္ေၾကာင္း ၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္ေန႔ ရက္စဲြနဲ႔ ICJ တရားရံုးက ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

...........................................................

ICJ အမှု ရင်ဆိုင်ဖို့ ကော်မတီတရပ် စစ်ကောင်စီဖွဲ့စည်း

(Unicode)

နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့အမှုကို ရင်ဆိုင်ဖို့အတွက် ဦးဆောင်ကော်မတီတရပ်ကို မြန်မာစစ်ကောင်စီက ဖွဲ့စည်းလိုက်ပါတယ်။

စစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး စစ်ကောင်စီလက်အောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ကို ဒုတိယဥက္ကဋ္ဌတွေအဖြစ် တာဝန်ပေးထားပါတယ်။

အဖွဲ့ဝင်တွေအဖြစ် အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါ်ခင်ဦးလှိုင်တို့ပါဝင်ကြောင်း ဒီလ ၁၈ ရက်နေ့ နေ့စွဲနဲ့ နိုင်ငံတော်ပြန်တမ်းမှာ ဖော်ပြထားတာပါ။

မြန်မာစစ်တပ်က ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ မွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာတွေ ရှိခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ICJ က ကြားနာစစ်ဆေးခဲ့ပြီး အဲဒီအချိန်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကိုယ်စား သွားရောက်ချေပခဲ့ပါတယ်။

ရိုဟင်ဂျာတွေကို နှိမ်နှင်းတဲ့နေရာမှာ မြန်မာစစ်တပ်အနေနဲ့ အင်အားအလွန်အကျွံ သုံးခဲ့တယ်ဆိုတာ ယတိပြတ် မပြောနိုင်ပေမယ့် လူမျိုးစုတခုလုံး ပျောက်ကွယ်သွားအောင် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထား မရှိဘူးလို့ နယ်သာလန်နိုင်ငံ၊ The Hague မြို့ ICJ တရားရုံးမှာလုပ်ခဲ့တဲ့ ကြားနာပွဲမှာ ခုခံကာကွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ခုခံကာကွယ်ပြီး ထွက်ဆိုခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှာတော့ မြန်မာနိုင်ငံကနေ ကြားဖြတ်လုပ်ဆောင်ရမယ့် အစီအစဉ်တွေကို ICJ က Provisional Measures ပြဋ္ဌာန်းပေးခဲ့ပြီး ၆ လတကြိမ် အစီရင်ခံစာ တင်သွင်းဖို့ အမိန့်ချမှတ်ခဲ့တာပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာဘက်က လက်မခံပေမဲ့ ICJ က ချမှတ်တဲ့ ဆုံးဖြတ်ချက်ကိုတော့ လက်ခံထားပါတယ်။

ICJ က ကြားဖြတ်အရေးပေါ် စီမံဆောင်ရွက်ဖို့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ အကဲဖြတ်စောင့်ကြည့်ဖို့ သီးခြား အထူးကော်မတီတရပ်ကို ထူထောင်ခွင့် ပေးလိုက်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ရက်စွဲနဲ့ ICJ တရားရုံးက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG