သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“နိုင်ငံတကာအရေးယူမှု ပြည်တွင်းသက်ရောက်မှုရှိနိုင်” ပြည်ထောင်စုဝန်ကြီးဦးကျော်တင်


ဗွီအိုအေနှင့် တွေ့ဆုံမေးမြန်းခန်းတွင် တွေ့ရသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်။ စက်တင်ဘာ ၂၉၊ ၂၀၁၈။
ဗွီအိုအေနှင့် တွေ့ဆုံမေးမြန်းခန်းတွင် တွေ့ရသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်။ စက်တင်ဘာ ၂၉၊ ၂၀၁၈။

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက် အနေနဲ့ ပြည်တွင်း မူဆလင်အသိုင်းအဝိုင်းဖိအားကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အရေး ပြစ်တင်ဝေဖန်နေတာဟာ သီးခြားရပ်တည်ချက်ဖြစ်ပြီး အာဆီယံနိုင်ငံ တွေက ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်ကပြောဆိုလိုက်ပါတယ်။ လူ့အခွင့်အရေးချိုးဖေါက်မှုစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် အရေးယူလိုက်ရင် အကျပ်အတည်း တွေပြေလည်သွားလိမ့်မယ်လို့ နိုင်ငံအတော်များများက လွဲမှားစွာ ယူဆနေကြနေတယ် လို့လည်း ဝန်ကြီး ဦးကျော်တင်ကသုံးသပ်လိုက်ပါတယ်။ အဲဒီလိုအရေးယူဖို့ ဖိအားပေးနေခြင်းကြောင့် ပြည်တွင်းအခြေအနေ တင်းမာနိုင်ပြီး၊ ပူးပေါင်းဆောင်ရွက်ရေး ခက်ခဲသွားစေနိုင်တယ်လို့လည်းဆိုပါတယ်။ ဒေါ်ခင်စိုးဝင်းက ဝန်ကြီးဦးကျော်တင်ကို သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် အာဆီယံနိုင်ငံက မြန်မာဘက်ကနေ ကိုယ်အဖွဲ့အဝင်နိုင်ငံ၊ အိမ်နီးချင်းနိုင်ငံအချင်းချင်းအနေနဲ့ ရပ်တည်တာရှိပါတယ်။ ဒါပေမယ့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Mahathir Mohamad ဆိုတာကတော့ အင်မတန်မှ နာမည်ကြီးတဲ့ ပု ဂ္ဂိုလ်ကြီးပါ။ မြန်မာ့အရေးမှာဆိုရင် အမြဲတမ်းတိုက်တွန်းအားပေးခဲ့တာပါ။ မြန်မာနိုင်ငံ အာဆီယံ အသင်းဝင်ဖြစ်ရေးမှာဆိုရင် သူက ဦးဆောင်ပြီးတော့ တိုက်တွန်းခဲ့တဲ့ လူလည်းဖြစ်ပါတယ်။ ဒါပေမယ့် အခု ရခိုင်ဒုက္ခသည်အရေးမှာ သူ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ပြင်းပြင်းထန်ထန် ဝေဖန်သွားတာကြားလိုက်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ မလေးရှားနိုင်ငံ ရပ်တည်ချက်ကို ဝန်ကြီးဘယ်လိုများသဘောထားပါသလဲရှင့်။

ဝန်ကြီးဦးကျော်တင်။ ။ ကျနော်ထင်တယ် မလေးရှားနိုင်ငံကတော့ သူတို့ဆီမှာ မွတ်ဆလင် Communityလည်းများတယ်။ သူတို့နိုင်ငံရဲ့ ကွန်စတီကျူရှင်တွေရဲ့ ဖိအားပေးမှုတွေလည်းများတဲ့အတွက် ဒီလိုပြောတာလို့ ယူဆပါတယ်။ ကျနော်တို့ အာဆီယံအတွင်းမှာ အခုအချိန်အထိ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေမှာ ကျနော်တို့ကတော့ အပြုသဘောဆောင်တဲ့ ရှု့ထောင်ကပဲ ထုတ်ပြန်ပါတယ်။ အခုလိုပြောကြားတာကတော့ သီးခြားသူ့အာဆီယံရဲ့ ရပ်တပ်ချက်မဟုတ်ပဲနဲ့ အာဆီယံ နိုင်ငံတနိုင်ငံရဲ့ သဘောထားအနေနဲ့ ပြောကြားခြင်းဖြစ်တယ်လို့ ယူဆပါတယ်။ အဲဒါတော့ ကျနော်တို့လည်း အာဆီယံဆိုတာကတော့ ပြဿနာရှိရင် အပြန်အလှန်လေးစားယုံကြည်မှုနဲ့ မိသားစုလိုပဲ တိုးတိုးတိတ်တိတ်တိုင်ပင်ပြီးတော့ ပြောဆိုဆွေးနွေးကြတဲ့ အစဉ်အလာရှိပါတယ်။ အဲဒီအစဉ်အလာကောင်းတွေကို ထိန်းသိန်းဖို့ ယူဆပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။နောက်ပြီးတော့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးရဲ့ ဆိုက်လိုင်းအဖြစ်နဲ့ ဗြိတိန်ရယ်၊ ပြင်သစ်ရယ် ဒီနိုင်ငံခြားရေးဝန်ကြီးတွေက ကမကထလုပ်ပြီးတော့ ရိုဟင်ဂျာအရေး အဆင့်မြင့်ဆွေးနွေးပွဲတခုလည်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။ သူတို့ရပ်တည်ချက်နဲ့ ပတ်သက်လို့ ဝန်ကြီး ဘယ်လိုသုံးသပ်လို့ ရပါသလဲ။

ဝန်ကြီးဦးကျော်တင်။ ။ မနှစ်ကလည်းလုပ်ပါတယ် ဗြိတိန်နိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ပင်ဟိုဒါ လို့ခေါ်တာပေါ့နော် ။ သူက အဓိကဦးဆောင်နိုင်ငံဖြစ်တဲ့အတွက် ဝန်ကြီးတွေ General Assembly ရောက်နေတုန်းမှာ စုပြီးတော့ ကျင်းပခဲ့တဲ့ အစည်းအဝေးဖြစ်ပါတယ်။ အကျိုးအမြတ်ကတော့ သူတို့ကလည်း သူတို့သဘောတွေပြောနိုင်တယ်။ ကျနော်တို့ကလည်း ကျနော်တို့လုပ်နေတဲ့ သဘောထားတွေကို ရှင်းလင်းပြောကြားနိုင်တဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ကျနော်ခန့်မှန်းတာတော့ အစည်းအဝေးမှာ တချို့တော်တော်များများ အဲဒီမှာ ဆွေးနွေးတဲ့လူတွေ တချို့ တဦး ၂ ဦးကတော့ accountability ပေါ့နော် ချိုးဖောက်တဲ့လူတွေကို အရေးယူလိုက်ရင် ရခိုင်ပြည်နယ်အရေးက လုံခြုံသွားပြီးတော့ ပြန်ပို့နိုင်မယ်လို့ အဲလို လွဲမှားစွာယူဆနေပါတယ်။ အဲလိုအနေအထားမျိုး ပြင်းပြင်းထန်ထန်အရေးယူမှုတွေ ဖြစ်လာရင် ဒီပြဿနာက တင်းမာမှုတွေပိုများလာပါလိမ့်မယ်။ သူတို့ထင်တာက ချိုးဖောက်တယ်လို့ အရေးယူလိုက်ရင် ဒီနေရာက နောက်မချိုးဖောက်တော့ဘူး အဲဒီတော့ safe ဖြစ်သွားမယ် ၊ သူတို့ ပြန်ပို့လို့ရမယ်။ အဲလိုတွက်နေကြတယ် ဒါက သူတို့ အင်မတန် ignorant ဖြစ်တယ်လို့ ဆိုရမှာပါ။ အဲလိုမျိုးဖြစ်လာရင် ပြည်တွင်းက Reaction တွေပြင်းထန်လာပြီးတော့ နောက်ကျနေ်ာတို့ ပူးပေါင်းဆောင်ရွက်မှုတွေ မရရင် reparation process လည်းပျက်သွားနိုင်တယ် ။ ကျနေ်ာတို့အစိုးရ ဆောင်ရွက်နေတဲ့ အသိုင်းအဝိုင်း၂ ခုကြား သဟဇာတ ဖြစ်ရေး၊ ငြိမ်းချမ်းစွာ တည်ငြိမ်အေးချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်နေတဲ့ လုပ်ငန်းတွေမှာလည်း အတားအဆီးတွေဖြစ်လာမယ်။ အဆိုးဆုံး ပြည်တွင်းပြန်လည်သင့်မြတ်ရေးတို့ ဒီမိုကရေစီလမ်းကြောင်းတို့မှာ အန္တရယ်ရှိတယ်ဆိုတာကို သူတို့နားလည်အောင် ကျနော်တို့ ရှင်းပြပါတယ်။

ဒေါ်ခင်စိုးဝင်းက ဝန်ကြီးဦးကျော်တင်ကို သီးသန့်တွေ့ဆုံမေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်
နိုင်ငံတကာဖိအားကြောင့် ပြည်တွင်းအခြေအနေ တင်းမာနိုင်
please wait

No media source currently available

0:00 0:03:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG