သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Frontier Myanmar အုပ္ခ်ဳပ္မႈအယ္ဒီတာဖမ္းခံရမႈ ဆက္သြယ္ေမးျမန္းခ်က္


Frontier Myanmar အုပ္ခ်ဳပ္မႈ အယ္ဒီတာ Dennay Fenster (ဓါတ္ပုံ၊.Frontier Myanmar /CPJ )

{{Zawgyi/Unicode}}

Frontier Myanmar သတင္းလုပ္ငန္းရဲ႕ သတင္းခန္း အုပ္ခ်ဳပ္မႈ အယ္ဒီတာ အေမရိကန္ႏိုင္ငံသား Dannay Fenster ဘာေၾကာင့္ အဖမ္းခံရတယ္ဆိုတာ စံုစမ္းေနတယ္လို႔ Frontier Myanmar ကိုတည္ေထာင္သူ၊ အမႈေဆာင္အရာ႐ွိခ်ဳပ္ ကိုဆန္နီေဆြက ဗီအိုေအ ျမန္မာပိုင္းကို ေျပာပါတယ္။ သူအဖမ္းခံရတဲ့အတြက္ Frontier Myanmar ရဲ႕ လုပ္ငန္းေတြ ခ်က္ခ်င္းႀကီး ထိခိုက္သြားမယ္လို႔ မထင္ဘူးလို႔လည္း ကိုဆန္နီေဆြကေျပာပါတယ္။ ေမလ ၂၄ ရက္ေန႔က ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ အဖမ္းခံခဲ့ရတဲ့ Frontier Myanmar ရဲ႕ သတင္းခန္း အုပ္ခ်ဳပ္မႈ အယ္ဒီတာနဲ႔ပါတ္သက္လို႔ ေနာက္ဆံုးအေျခအေနကို မစုျမတ္မြန္က CEO ကိုဆန္နီေဆြကို ဆက္သြယ္ေမးထားပါတယ္။

ကိုဆန္နီေဆြ ။.။ ဒီေန႔က ဘာမထူးျခားဘူး။ သံ႐ုံးကလူေတြက မနက္ဖန္မွ ၾကည့္လို႔ရမယ္ထင္တယ္။ ဒီေန႔ေတာ့ ၾကည့္လို႔မရဘူးေပါ့ေနာ္။ ေလာေလာဆယ္ေတာ့ မေန႔ကသိထားတဲ့အတိုင္းပဲ။ ဒီထက္ပိုၿပီးေတာ့ က်ေနာ္တို႔ ဘာမွမသိရေသးပါဘူးခင္ဗ်။

မဆုျမတ္မြန္ ။.။ မေန႔ေတာ့က ထုတ္ျပန္ခ်က္ထဲမွာဆိုရင္ ရန္ကုန္ အင္စိန္ေထာင္မွာ ဖမ္းထားတယ္ဆိုၿပီး သိရပါတယ္။ အဲဒါေကာ ေသခ်ာပါလာရွင့္။

ကိုဆန္နီေဆြ ။.။ ဟုတ္ကဲ့ ေသခ်ာပါတယ္။ ေလာေလာဆယ္သူ အင္စိန္ေထာင္ထဲမွာ ရွိေနပါတယ္ခင္ဗ်။

မဆုျမတ္မြန္ ။.။ သူနဲ႔အဆက္သြယ္ရဖို႔ Frontier Myanmar ႀကိဳးစားေနမယ္လို႔လည္းထင္ပါတယ္။ ဆိုေတာ့ အဲလိုအဆက္သြယ္ရႏိုင္မယ့္အေျခအေန သူအတြက္ေရွ႕ေနလိုက္ပါႏိုင္မယ့္ အေျခအေနကေရာ အခုေလာေလာဆယ္ ဘယ္လိုရွိလဲရွင့္။

ကိုဆန္နီေဆြ ။.။ က်ေနာ္တို႔ကေတာ့ သူရဲ႕လြတ္ေျမာက္ဖို႔ကို အျမန္ဆုံး ႀကိဳးစားၿပီးေတာ့ လုပ္ေနတာေပါ့ေနာ္။ မေန႔ မနက္က စၿပီး အဆက္သြယ္မရလိုက္ဘူး။ ဘာေၾကာင့္ ဘယ္လိုျဖစ္သြားတယ္ဆိုတာ အခုထိ တိတိက်က်မသိရဘူးေပါ့ေနာ္။ ေရွ႕ေနေတြ ဘာေတြရွိလားဆိုေတာ့ လက္ရွိမွာေတာ့ အေမရိကန္ သံ႐ုံးကေနၿပီးေတာ့ သူအတြက္ အျမန္လြတ္ေျမာက္ေအာင္ႀကိဳးစားေနပါတယ္ခင္ဗ်။

မဆုျမတ္မြန္ ။.။ ခုနတုံးက ကိုဆန္နီေဆြ က ေျပာတဲ့ထဲမွာ သူကို ဘာေၾကာင့္ဖမ္းသြားတယ္ဆိုတာ မသိရေသးဘူးလို႔ေျပာပါတယ္။ ဒါေပမဲ့ Frontier Myanmar အုပ္ခ်ဳပ္မႈ အယ္ဒီတာ တေယာက္အေနနဲ႔ သူကို ဘာေၾကာင့္ဖမ္းတယ္လို႔ ခန႔္မွန္းႏိုင္မလဲရွင့္။

ကိုဆန္နီေဆြ ။.။ အဲဒါက Schock အားလုံးကို ျဖစ္သြားတာေပါ့ေနာ္ ။ အံၾသသြားၾကတာ။ က်ေနာ္တို႔ ႐ုံးအေနနဲ႔ သိထားတာ သူယူတဲ့တာဝန္နဲ႔ သူအလုပ္လုပ္တဲ့အေပၚမွာ သူအေနနဲ႔ ဘာမွ တစုံတရာမွားယြင္းမႈမရွိဘူးလို႔ က်ေနာ္တို႔သိရတယ္။ မရွိဘူးေပါ့ေနာ္။ ဒါႀကိမ္းေသတယ္။ ဒီလိုႀကီး အဖမ္းခံရလိမ့္မယ္လို႔ က်ေနာ္တို႔ မေမွ်ာ္လင့္ဘူးေပါ့ေနာ္။ အဓိက ကေတာ့ ပထမဦးဆုံး က်ေနာ္တို႔အေနနဲ႔ အရင္ဆုံးသိႏိုင္ေအာင္ စုံစမ္းေနပါတယ္။ မနက္ဖန္၊ သဘက္ခါ သိရမလားဆိုတာ က်ေနာ္တို႔ အတိအက်ေျပာလို႔မရေသးဘူး။ အရင္ဆုံး Cause ဘာေၾကာင့္ျဖစ္သြားလဲဆိုတာ စုံစမ္းေနပါတယ္ခင္ဗ်။

မဆုျမတ္မြန္ ။.။ လက္ရွိမွာ သူကို ဘယ္လို ပုဒ္မတပ္ၿပီး ဖမ္းလဲဆိုတာလည္း မသိရေသးဘူးေပါ့ေနာ္။

ကိုဆန္နီေဆြ ။.။ မေန႔ကမွျဖစ္သြားေတာ့ ဘာ Charge မွ က်ေနာ္တို႔ မၾကားပါဘူး။ တေယာက္က ဆက္သြယ္ၿပီးေတာ့ ဘာေၾကာင့္ျဖစ္တယ္ဆိုတာ ေျပာတာလည္းမရွိပါဘူး။ က်ေနာ္တို႔ သိရလို႔ရွိရင္လည္း က်ေနာ္တို႔ Statement ထပ္ၿပီးေတာ့ထုတ္ပါမယ္။ ေလာေလာဆယ္ေတာ့ က်ေနာ္တို႔. Frontier Myanmar က ထုတ္ထားတဲ့ Statement ဒီ Information ကလြဲၿပီး ဘာမွ ထူးျခားမႈမရွိေသးပါဘူးခင္ဗ်။

မဆုျမတ္မြန္ ။.။ ေနာက္တခုသိခ်င္တာက သူအဖမ္းခံရတဲ့အတြက္ ဒီ Frontier Myanmarရဲ႕ သတင္းလုပ္ငန္းပိုင္းေကာ ထိခိုက္သြားမလားရွင့္။

ကိုဆန္နီေဆြ ။.။ က်ေနာ္ကေတာ့ မထင္ပါဘူး။ မထိခိုက္ဘူးလို႔ ေမွ်ာ္လင့္ပါတယ္ခင္ဗ်။ ေဖေဖာ္ဝါရီလ ၁ ရက္ေနာက္ပိုင္း က်ေနာ္တို႔ က်ေနာ္တို႔ ႀကိဳးႀကိဳးစားစားနဲ႔ Professionally အလုပ္လုပ္ေနၾကတာေပါ့ေနာ္။ ဘာမွေတာ့ ခ်က္ခ်င္းႀကီး လတ္တေလာ အဲလိုျဖစ္သြားမယ္လို႔ မထင္ပါဘူးခင္ဗ်။

မဆုျမတ္မြန္ ။.။ ေနာက္တခုက ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း သတင္းေထာက္ေတြ ျပစ္မွတ္ထား တိုက္ခိုက္ခံရတာရွိတယ္။ အဖမ္းခံရတာ၊ သတင္းလုပ္ပိုင္ခြင့္ရပ္ဆိုင္းခံရတာေတြရွိတယ္။ အခုဆိုရင္လည္း. ဒီ.Frontier Myanmar မွာလုပ္ေနၾကတဲ့ အေမရိကန္ႏိုင္ငံသား သတင္းေထာက္ အဖမ္းခံရပါတယ္။ လက္ရွိျမန္မာႏိုင္ငံရဲ႕ သတင္းလြတ္လပ္ခြင့္အေျခအေနကိုေကာ ကိုဆန္နီေဆြအေနနဲ႔ ဘယ္လိုမ်ားသုံးသပ္ခ်င္လဲရွင့္။

ကိုဆန္နီေဆြ ။.။ က်ေနာ္တို႔လတ္တေလာရွိေနတဲ့ Frontier Myanmar ရဲ႕ သတင္းေထာက္ေတြ က်ေနာ္တို႔ ဝိုင္းေတာ္သားေတြအပါအဝင္ သတင္ေလာကႀကီးတခုလုံးက အင္မတန္မွ အေရးႀကီးတဲ့ အေျခအေနတခုကို ျဖတ္သန္းေနရပါတယ္။ ဒီလိုမ်ိဳးသတင္းေထာက္ေတြ ဖမ္းဆီးအေရးယူတာမ်ိဳးက တကယ္ကို မျဖစ္သင့္တာပါ။ အဲဒီအတြက္ေၾကာင့္ က်ေနာ္စိတ္ပူတယ္။ ဒီလိုအမိန႔္ခ်ၿပီး ျပစ္ဒဏ္ေပးတာေတြလည္း မေပးဖို႔ က်ေနာ္ေတာင္းဆိုပါတယ္ခင္ဗ်။ ၿပီးေတာ့ Dannay Fenster အျပင္ တျခား လက္ရွိအမူရင္ဆိုင္ေနရတဲ့ အမႈရင္ဆိုင္စဲ အမႈရင္ဆိုင္ၿပီး Reporter ေတြ၊ဂ်ာနယ္လစ္ေတြလည္း အျမန္ဆုံးလြတ္ေျမာက္ပါေစလို႔ က်ေနာ္ဆုေတာင္းပါတယ္။ ၿပီးလႊတ္ေပးဖို႔လည္း က်ေနာ္ေတာင္းဆိုပါတယ္ခင္ဗ်။

........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

Frontier Myanmar သတင်းလုပ်ငန်းရဲ့ သတင်းခန်း အုပ်ချုပ်မှု အယ်ဒီတာ အမေရိကန်နိုင်ငံသား Dannay Fenster ဘာကြောင့် အဖမ်းခံရတယ်ဆိုတာ စုံစမ်းနေတယ်လို့ Frontier Myanmar ကိုတည်ထောင်သူ၊ အမှုဆောင်အရာရှိချုပ် ကိုဆန်နီဆွေက ဗီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ သူအဖမ်းခံရတဲ့အတွက် Frontier Myanmar ရဲ့ လုပ်ငန်းတွေ ချက်ချင်းကြီး ထိခိုက်သွားမယ်လို့ မထင်ဘူးလို့လည်း ကိုဆန်နီဆွေကပြောပါတယ်။ မေလ ၂၄ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အဖမ်းခံခဲ့ရတဲ့ Frontier Myanmar ရဲ့ သတင်းခန်း အုပ်ချုပ်မှု အယ်ဒီတာနဲ့ပါတ်သက်လို့ နောက်ဆုံးအခြေအနေကို မစုမြတ်မွန်က CEO ကိုဆန်နီဆွေကို ဆက်သွယ်မေးထားပါတယ်။

ကိုဆန်နီဆွေ ။.။ ဒီနေ့က ဘာမထူးခြားဘူး။ သံရုံးကလူတွေက မနက်ဖန်မှ ကြည့်လို့ရမယ်ထင်တယ်။ ဒီနေ့တော့ ကြည့်လို့မရဘူးပေါ့နော်။ လောလောဆယ်တော့ မနေ့ကသိထားတဲ့အတိုင်းပဲ။ ဒီထက်ပိုပြီးတော့ ကျနော်တို့ ဘာမှမသိရသေးပါဘူးခင်ဗျ။

မဆုမြတ်မွန် ။.။ မနေ့တော့က ထုတ်ပြန်ချက်ထဲမှာဆိုရင် ရန်ကုန် အင်စိန်ထောင်မှာ ဖမ်းထားတယ်ဆိုပြီး သိရပါတယ်။ အဲဒါကော သေချာပါလာရှင့်။

ကိုဆန်နီဆွေ ။.။ ဟုတ်ကဲ့ သေချာပါတယ်။ လောလောဆယ်သူ အင်စိန်ထောင်ထဲမှာ ရှိနေပါတယ်ခင်ဗျ။

မဆုမြတ်မွန် ။.။ သူနဲ့အဆက်သွယ်ရဖို့ Frontier Myanmar ကြိုးစားနေမယ်လို့လည်းထင်ပါတယ်။ ဆိုတော့ အဲလိုအဆက်သွယ်ရနိုင်မယ့်အခြေအနေ သူအတွက်ရှေ့နေလိုက်ပါနိုင်မယ့် အခြေအနေကရော အခုလောလောဆယ် ဘယ်လိုရှိလဲရှင့်။

ကိုဆန်နီဆွေ ။.။ ကျနော်တို့ကတော့ သူရဲ့လွတ်မြောက်ဖို့ကို အမြန်ဆုံး ကြိုးစားပြီးတော့ လုပ်နေတာပေါ့နော်။ မနေ့ မနက်က စပြီး အဆက်သွယ်မရလိုက်ဘူး။ ဘာကြောင့် ဘယ်လိုဖြစ်သွားတယ်ဆိုတာ အခုထိ တိတိကျကျမသိရဘူးပေါ့နော်။ ရှေ့နေတွေ ဘာတွေရှိလားဆိုတော့ လက်ရှိမှာတော့ အမေရိကန် သံရုံးကနေပြီးတော့ သူအတွက် အမြန်လွတ်မြောက်အောင်ကြိုးစားနေပါတယ်ခင်ဗျ။

မဆုမြတ်မွန် ။.။ ခုနတုံးက ကိုဆန်နီဆွေ က ပြောတဲ့ထဲမှာ သူကို ဘာကြောင့်ဖမ်းသွားတယ်ဆိုတာ မသိရသေးဘူးလို့ပြောပါတယ်။ ဒါပေမဲ့ Frontier Myanmar အုပ်ချုပ်မှု အယ်ဒီတာ တယောက်အနေနဲ့ သူကို ဘာကြောင့်ဖမ်းတယ်လို့ ခန့်မှန်းနိုင်မလဲရှင့်။

ကိုဆန်နီဆွေ ။.။ အဲဒါက Schock အားလုံးကို ဖြစ်သွားတာပေါ့နော် ။ အံသြသွားကြတာ။ ကျနော်တို့ ရုံးအနေနဲ့ သိထားတာ သူယူတဲ့တာဝန်နဲ့ သူအလုပ်လုပ်တဲ့အပေါ်မှာ သူအနေနဲ့ ဘာမှ တစုံတရာမှားယွင်းမှုမရှိဘူးလို့ ကျနော်တို့သိရတယ်။ မရှိဘူးပေါ့နော်။ ဒါကြိမ်းသေတယ်။ ဒီလိုကြီး အဖမ်းခံရလိမ့်မယ်လို့ ကျနော်တို့ မမျှော်လင့်ဘူးပေါ့နော်။ အဓိက ကတော့ ပထမဦးဆုံး ကျနော်တို့အနေနဲ့ အရင်ဆုံးသိနိုင်အောင် စုံစမ်းနေပါတယ်။ မနက်ဖန်၊ သဘက်ခါ သိရမလားဆိုတာ ကျနော်တို့ အတိအကျပြောလို့မရသေးဘူး။ အရင်ဆုံး Cause ဘာကြောင့်ဖြစ်သွားလဲဆိုတာ စုံစမ်းနေပါတယ်ခင်ဗျ။

မဆုမြတ်မွန် ။.။ လက်ရှိမှာ သူကို ဘယ်လို ပုဒ်မတပ်ပြီး ဖမ်းလဲဆိုတာလည်း မသိရသေးဘူးပေါ့နော်။

ကိုဆန်နီဆွေ ။.။ မနေ့ကမှဖြစ်သွားတော့ ဘာ Charge မှ ကျနော်တို့ မကြားပါဘူး။ တယောက်က ဆက်သွယ်ပြီးတော့ ဘာကြောင့်ဖြစ်တယ်ဆိုတာ ပြောတာလည်းမရှိပါဘူး။ ကျနော်တို့ သိရလို့ရှိရင်လည်း ကျနော်တို့ Statement ထပ်ပြီးတော့ထုတ်ပါမယ်။ လောလောဆယ်တော့ ကျနော်တို့. Frontier Myanmar က ထုတ်ထားတဲ့ Statement ဒီ Information ကလွဲပြီး ဘာမှ ထူးခြားမှုမရှိသေးပါဘူးခင်ဗျ။

မဆုမြတ်မွန် ။.။ နောက်တခုသိချင်တာက သူအဖမ်းခံရတဲ့အတွက် ဒီ Frontier Myanmarရဲ့ သတင်းလုပ်ငန်းပိုင်းကော ထိခိုက်သွားမလားရှင့်။

ကိုဆန်နီဆွေ ။.။ ကျနော်ကတော့ မထင်ပါဘူး။ မထိခိုက်ဘူးလို့ မျှော်လင့်ပါတယ်ခင်ဗျ။ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း ကျနော်တို့ ကျနော်တို့ ကြိုးကြိုးစားစားနဲ့ Professionally အလုပ်လုပ်နေကြတာပေါ့နော်။ ဘာမှတော့ ချက်ချင်းကြီး လတ်တလော အဲလိုဖြစ်သွားမယ်လို့ မထင်ပါဘူးခင်ဗျ။

မဆုမြတ်မွန် ။.။ နောက်တခုက ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်တွေ ပြစ်မှတ်ထား တိုက်ခိုက်ခံရတာရှိတယ်။ အဖမ်းခံရတာ၊ သတင်းလုပ်ပိုင်ခွင့်ရပ်ဆိုင်းခံရတာတွေရှိတယ်။ အခုဆိုရင်လည်း. ဒီ.Frontier Myanmar မှာလုပ်နေကြတဲ့ အမေရိကန်နိုင်ငံသား သတင်းထောက် အဖမ်းခံရပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေကိုကော ကိုဆန်နီဆွေအနေနဲ့ ဘယ်လိုများသုံးသပ်ချင်လဲရှင့်။

ကိုဆန်နီဆွေ ။.။ ကျနော်တို့လတ်တလောရှိနေတဲ့ Frontier Myanmar ရဲ့ သတင်းထောက်တွေ ကျနော်တို့ ဝိုင်းတော်သားတွေအပါအဝင် သတင်လောကကြီးတခုလုံးက အင်မတန်မှ အရေးကြီးတဲ့ အခြေအနေတခုကို ဖြတ်သန်းနေရပါတယ်။ ဒီလိုမျိုးသတင်းထောက်တွေ ဖမ်းဆီးအရေးယူတာမျိုးက တကယ်ကို မဖြစ်သင့်တာပါ။ အဲဒီအတွက်ကြောင့် ကျနော်စိတ်ပူတယ်။ ဒီလိုအမိန့်ချပြီး ပြစ်ဒဏ်ပေးတာတွေလည်း မပေးဖို့ ကျနော်တောင်းဆိုပါတယ်ခင်ဗျ။ ပြီးတော့ Dannay Fenster အပြင် တခြား လက်ရှိအမူရင်ဆိုင်နေရတဲ့ အမှုရင်ဆိုင်စဲ အမှုရင်ဆိုင်ပြီး Reporter တွေ၊ဂျာနယ်လစ်တွေလည်း အမြန်ဆုံးလွတ်မြောက်ပါစေလို့ ကျနော်ဆုတောင်းပါတယ်။ ပြီးလွှတ်ပေးဖို့လည်း ကျနော်တောင်းဆိုပါတယ်ခင်ဗျ။



၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG