သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကုက္ကိုလ်နယ်မြေက လွတ်မြောက်လာသူ လူငယ်နဲ့မေးမြန်းချက်


 ရွှေကုက္ကိုလ် Source: C J
ရွှေကုက္ကိုလ် Source: C J

ဝင်ငွေကောင်းတဲ့အလုပ်လုပ်ရမယ်လို့ပြောပြီး အွန်လိုင်းကနေ ငွေလိမ်လည်ရတဲ့ လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေတာ ခံခဲ့ရတယ်လို့ ကရင်ပြည်နယ် မြဝတီခရိုင်၊ ရွှေကုက္ကိုလ်လောင်းကစားနယ်မြေမှာ ၃ လကြာ ဖိအားပေးခိုင်းစေခံရပြီး ပြန်လည် လွတ်မြောက်လာတဲ့ မြန်မာလူငယ်တဦးက ပြောပါတယ်။ ကိုယ်တိုင် နှိပ်စက်ညှင်းပန်း ဩမခံခဲ့ရပေမဲ့ နှိပ်စက်ညှင်းပန်းခံရတဲ့ လူမျိုးခြားတွေ တွေ့ခဲ့ရတယ်လို့လည်း ပြောပါ တယ်။ ဘာတွေ ခိုင်းစေခံရပြီး ဘယ်လို ပြန်လည် လွတ်မြောက်ခဲ့တာပါလဲ။ လွတ်မြောက်လာတဲ့ မြန်မာ လူငယ်ကို မအေးအေးမာက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ သားက အွန်လိုင်းလိမ်လည်ဂိုဏ်းကိုဘယ်လိုရောက်သွားတာလဲ။

ဖြေ။ ကာစီနိုပေါ့၊ လိမ်တာမဟုတ်ဘူးဆိုပြီး လောင်းကစားပဲ၊ လိမ်တာမပါဘူးဆိုပြီး အက်ဒမင် ကွန်ပြူတာလည်း လုပ်ရမယ်ဆိုပြီးရောက်သွားတာ။ ဟိုရောက်တော့ အဲဒီလိုမဟုတ်ဘူး၊ သူများတွေကို လိမ်တဲ့အလုပ်လုပ်ရတာပေါ့။

မေး။ အဲဒီတော့ အဲဒီမှာလုပ်နေစဉ်ကာလမှာလစာကောရလား။

ဖြေ။ သူတို့ကပြောတော့ လစာက ၁၅၀၀၀ လောက်ပြောတယ်၊ ဟိုရောက်တော့ သားရတာက လစာက ၁၁၀၀၀ ပဲရတယ်။ အဲဒီ ၁၁၀၀၀ရတာကလည်းအဲဒီမှာပဲ ပြန်ကုန်သွားတယ်။ နောက်ဆုံးလ သုံးလ မြောက်မှာတော့ ပိုက်ဆံမရတော့ဘူး အဲဒီမှာအလုပ်လုပ်လိမ်မှ ရတဲ့ငွေရဲ့၁၅ရာခိုင်နှုံးပေးမယ်ပြောတယ်။

မေး။ အဲဒီလိုဆိုတော့ အဲဒီမှာဆက်ပြီး အလုပ်လုပ်ချင်သေးလား။

ဖြေ။ သားတို့ကနေ့တိုင်းပဲ အလုပ်လုပ်ချင်စိတ်မရှိဘူး။ နေတိုင်းသူများကိုလိမ်ရတာဆိုတော့ လုပ်လို့မပျော်ဘူး။ အလုပ်လုပ်ချင်စိတ်လည်းမရှိဘူး။ ခေါင်းထဲမှာပြေးဖို့ပြေးဖို့ပဲ စဉ်းစားနေတာ ။

မေး။ အဲဒီမှာရိုက်နှက်တာတွေကော ခံခဲ့ရလား သားရှေ့မှာတခြားလူတွေကိုရိုက်တာကိုကောမြင်ခဲ့ရလား။

ဖြေ။ တရုတ်တွေဆိုရင်သားတို့ထက်ပိုဆိုးတယ်။ တရုတ်တွေဆို ပထမ တရက်လာတယ်။ နောက် ဒုတိယရက်ဆို ကတုံးတုံးလိုက်တယ်။ အပြောင်ပဲနော်။ တတိယရက်မှာဆို မျက်နှာတွေပုတ်သိုးနေတယ် အထိုးခံထားရတာတွေ့တယ်။ နောက်ရက်လာတော့ လက်ညိုး အဆစ်တွေ ဖြတ်ခံရတာတွေတွေ့တယ်။

မေး။ အရိုက်ခံနေရတဲ့သူတွေကဘယ်ကခေါ်လာတဲ့ သူတွေလဲ။ သူတို့က အလုပ်မလုပ်လို့ရိုက်ခံရတာလား။

ဖြေ။ အဲဒါကျ တော့ သားတို့မသိဘူး။ ကုမဏီတခုနဲ့တခု ပေးမသိဘူး။ အဲဒီမှာရောက်လာတဲ့ သူတွေက တရုတ်ပြည်ကရောင်းစားခံရတဲ့သူတွေဖြစ်တယ်။

မေး။ တရုတ်တွေမှန်းဘယ်လိုသိလဲ။

ဖြေ။ သူတို့ကတရုတ်စကားပြောတယ်လေ။ တရုတ်တွေကော၊ ဗီယက်နမ်ကော၊ လားအို တွေကောများတယ်။ ထိုင်းနဲ့မြန်မာကတော့သိပ်မထိဘူး။ ကြမ်းကြမ်းမထိဘူး။ ရိုက်ခံထိတဲ့သူတွေတော့ တရုတ်တွေ ဗီယက်နမ်တွေလည်းများတယ်။ ရောင်းစားခံထိတဲ့သူတွေပဲ။ ဒီမှာလည်း သူ့ဖာသူ လာအလုပ်လုပ်တဲ့သူတွေလည်း အများကြီးရှိတယ်၊ ရိုက်နှက်ခံရတာတော့ များတယ်။ဝါးလုံးအဆစ်ပိတ် တွေနဲ့ရိုက်တာ၊ ကြမ်းပြင်မှာအိပ်ခိုင်းပြီးတော့ အားရပါးရရိုက်တာပဲ သားရောက်ကတည်းက ခဏ ခဏ တွေ့ရတယ်။

မေး။သူတိုကို့ရိုက်ခံရတာတွေ တွေ့တော့ ထိတ်လန့်တာတွေဖြစ်ခဲ့လား။

ဖြေ။ လန့်တာပေါ့၊ ကျဉ်စက်နဲ့တို့တာတွေ လည်းရှိတယ်။ တော်တော်များများ ထိကြတာကတော့ ရောင်စားခံထိတဲ့သူတွေပဲ။

ကရင်ပြည်နယ်၊ မြဝတီမြို့ ရွှေကုကိုလ် ဒေသက အွန်လိုင်းလိမ်လည်ဂိုဏ်းမှာအလုပ်လုပ်ခဲ့ရတဲ့ မြန်မာ လူငယ်လေးဟာ ထွက်ပြေးဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် လက်နက်ကိုင်တွေ စောင့်ကြပ်နေတာ ကြောင့် ထွက်ပြေးဖို့မလွယ်ကူခဲ့ကြောင်းပြောပါတယ်။ သူတို့ကိုရွေးထုတ်ဖို့အတွက် ဘတ်ငွေ ၁သိန်း တောင်းခံ ခဲ့တယ်လို့ဆိုပါတယ်။

နောက်ဆုံးမှာတော့ သူတို့လိုလူငယ်အများစုက ရွေးထုတ်ဖို့မတတ်နိုင်တဲ့အတွက် ဘတ်ငွေ ၃ သောင်းထိလျော့ပေးခဲ့တာကြောင့် မိသားစုက အမြန်ရွေးထုတ်ပေးခဲ့ရကြောင်း၊ မရွေးရင် နောက်ထပ် နေရာတွေကို သူတို့ကို ရောင်းစားတာခံရတော့မှာဖြစ်တယ်လို့လည်း လည်းပြောပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG