သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဆေးရေးအရာရှိတွေကို အီရန်ကန့်သတ်ခဲ့တယ်လို့ IAEA ဝေဖန်


IAEA အကြီးအကဲ Rafael Grossi သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာကျင်းပတဲ့ IAEA ဝင် ၃၅ နိုင်ငံ အကြီးအကဲတွေအစည်းအဝေးဖွင့်ပွဲမှာ မိန့်ခွန်းပြောကြားစဥ်။ (နိုဝင်ဘာ ၂၂၊ ၂၀၂၃)
IAEA အကြီးအကဲ Rafael Grossi သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာကျင်းပတဲ့ IAEA ဝင် ၃၅ နိုင်ငံ အကြီးအကဲတွေအစည်းအဝေးဖွင့်ပွဲမှာ မိန့်ခွန်းပြောကြားစဥ်။ (နိုဝင်ဘာ ၂၂၊ ၂၀၂၃)

ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ အနုမြူအေဂျင်စီ IAEA က အတွေ့အကြုံအရှိဆုံးနဲ့ အကျွမ်းကျင်ဆုံး စစ်ဆေးသူတွေကို အီရန်နိုင်ငံက ပိတ်ပင်တားမြစ်လိုက်တဲ့အတွက် IAEA ရဲ့အလုပ်ကို အလွန်ကြီးကြီးမားမား ထိခိုက်သွားတယ်လို့ IAEA အကြီးအကဲ ရာဖေး ဂရော်စီ က ဗုဒ္ဓဟူးနေ့ မှာ ပြောလိုက်ပါတယ်။

အီရန်နိုင်ငံက ခုလိုပိတ်ပင်တာကို ခွင့်ပြုထားပေမဲ့ သူပိတ်ပင်လိုက်ပုံကြောင့် အီရန်ရဲ့အနုမြူကလီယာ အစီအစဥ်အပေါ် အဓိပ္ပါယ်ရှိရှိစစ်ဆေးနိုင်စွမ်း အကြီးအကျယ်ထိခိုက်သွားခဲ့ရကြောင်း သတင်းစာဆရာတွေရဲ့ မေးခွန်းကို မစ္စတာဂရောစီက ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။ အီရန်ရဲ့ နျူကလီယာအစီအစဥ်ကို စစ်ဆေးရာမှာ ယူရေနီယမ်သန့်စင်နိုင်မှုရာနှုန်းကို သတ်မှတ်စစ်ဆေးတာက အဓိကကျပါတယ်။

၉၀ ရာနှုန်းသန့်စင်ပြီး ယူရေနီယံဟာ လက်နက်ထုတ်နိုင်တဲ့ အဆင့်ဖြစ်ပါတယ်။ အီရန်က ယူရေနီယံကို ၆၀ ရာနှုန်းအထိ သန့်စင်နိုင်နေပြီ ဖြစ်ပါတယ်။ ယူရေနီယံသန့်စင်ရေးပစ္စည်းတခုကို အီရန်က ဇန်နဝါရီလမှာ မသိမသာလေးပြောင်းလိုက်ပြီး IAEA ကို အကြောင်းမကြားခဲ့ပါဘူး။ ဒီ မသိမသာ ပြောင်းလိုက်တဲ့အတွက် အီရန်ဟာ ယူရေနီယံကို ၈၃.၇ ရာနှုန်းအထိ ထုတ်လုပ်နိုင်မယ့်အခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်။ ဒါကို တွေ့ရှိခဲ့တဲ့ IAEA ကျွမ်းကျင်သူကို အီရန်က ဒီနှစ်မှာ ပိတ်ပင်လိုက်ပါတယ်။

အီရန်က ပိတ်ပင်လိုက်တဲ့ နျူကလီယာ ကျွမ်းကျင်သူ ၈ ယောက်ရှိပြီး အားလုံးဟာ ပြင်သစ်နဲ့ ဂျာမန်ကျွမ်းကျင်သူတွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ကျွမ်းကျင်မှုမျိုးက ကမ္ဘာမှာ အတော်ရှားပါးတဲ့ ကျွမ်းကျင်မှုမျိုးဖြစ်တာကြောင့် အီရန်ကို ပြန်လည်စဥ်းစားဖို့ IAEA က တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG