သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း နျူကလီးယားဓာတ်အားပေးစက်ရုံအနီး အားပြင်းမိုင်းတွေတွေ့


ယူကရိန်းနိုင်ငံထဲက ရုရှားထိန်းချုပ်ထားတဲ့ Zaporizhzhia ဒေသ Enerhodar မြို့ပြင်ရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံ
ယူကရိန်းနိုင်ငံထဲက ရုရှားထိန်းချုပ်ထားတဲ့ Zaporizhzhia ဒေသ Enerhodar မြို့ပြင်ရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံ

ယူကရိန်းနိုင်ငံ Zaporizhzhia နျူကလီးယား ဓာတ်အားပေးစက်ရုံရဲ့ ပတ်ဝန်းကျင်မှာ အင်အားပြင်း မိုင်းတွေကို အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) က တွေ့ရှိခဲ့တယ်လို့ပြောပါတယ်။ IAEA ရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီမိုင်းတွေကို တနင်္ဂနွေနေ့က စက်ရုံရဲ့အတွင်းပိုင်းနဲ့ အပြင်ပိုင်းမှာရှိတဲ့ အတားအဆီးတွေကြားက ကြားခံဇုန်တခုမှာ တွေ့ခဲ့တယ်လို့ ပြောပါတယ်။ ဥရောပရဲ့ အကြီးဆုံးနျူကလီးယားဓာတ်အားပေးစက်ရုံ ဘေးကင်းလုံခြုံရေးအတွက် IAEA ဟာ နျူကလီးယားကပ်ဆိုးတခု ဖြစ်လာနိုင်ချေကိုလည်း ထပ်ခါတလဲလဲ သတိပေးထားပါတယ်။

စက်ရုံရဲ့ နေရာတဝိုက်ကို ရုရှားက အစောပိုင်းထဲက ထိန်းချုပ်ထားပြီး၊ IAEA အကြီးအကဲ Rafael Grossi ကတော့ မိုင်းတွေကို နေရာချထားတာဟာ စစ်တပ်ရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး၊ စစ်တပ်က ထိန်းချုပ်ထားတဲ့ ဧရိယာမှာ လုပ်ဆောင်ထားတာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီနေရာမှာ ဖောက်ခွဲရေးပစ္စည်းတွေ ရှိနေတာဟာ IAEA ရဲ့ ဘေးကင်းရေး စံနှုန်းတွေ၊ နျူကလီးယား လုံခြုံရေး လမ်းညွှန်ချက်တွေနဲ့ မကိုက်ညီတဲ့ အပြင်၊ စက်ရုံဝန်ထမ်းတွေ အပေါ် စိတ်ပိုင်းဆိုင်ရာ ဖိအားပေးမှုဖြစ်စေတယ်လို့ ပြောပါတယ်။

ဇွန်လက စက်ရုံအနီးမှာရှိတဲ့ ရေလှောင်ကန်ကို ထိခိုက်စေခဲ့တဲ့ Kakhovka ဆည်ပျက်စီးပြီးနောက် IAEA က ကျွမ်းကျင်သူတွေဟာ ဓာတ်ပေါင်းဖိုတွေကို အအေးခံဖို့အတွက် ရေရရှိမှုကို ဆက်လက်စောင့်ကြည့်နေတယ်လို့ အေဂျင်စီက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG