သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံ အျပန္အလွန္ လဲလွယ္ေရးအတြက္ ျပည္ပပညာရွင္တဦးကုိ အီရန္ျပန္လႊတ္


Melbourne တကၠသိုလ္က အေရွ႕အလယ္ပိုင္းေဒသ ေလ့လာေရးဌာန ကထိကျဖစ္သူ Kylie Moore-Gilbert ကို အီရန္ ရုပ္ျမင္သံၾကားတြင္ ေတြ႔ရစဥ္

(Zawgyi/Unicode)

အျခားႏိုင္ငံမွာ ဖမ္းဆီးခံထားရတဲ့ အီရန္ႏုိင္ငံသား (၃)ဦးနဲ႔ လဲလွယ္ႏိုင္ဖို႔ အီရန္ႏိုင္ငံမွာ ဖမ္းထားတဲ့ ၿဗိတိန္- ၾသစေၾတးလ်ား ႏွစ္ႏိုင္ငံသူ ပညာရွင္ အက်ဥ္းသားတဦးကို အီရန္အစိုးရက ျပန္လႊတ္ေပးလိုက္ေၾကာင္း အီရန္ႏိုင္ငံပုိင္ရုပ္သံက ေၾကညာပါတယ္။

ၾသစေၾတးလ်ားႏိုင္ငံ Melbourne တကၠသိုလ္က အေရွ႕အလယ္ပိုင္းေဒသ ေလ့လာေရးဌာန ကထိကျဖစ္သူ Kylie Moore-Gilbert ကို လြန္ခဲ့တဲ့ ၂ ႏွစ္ေက်ာ္က ဖမ္းဆီးခဲ့ၿပီး သူ႔ကို သူလွ်ဳိလုပ္မႈ စြပ္စဲြခ်က္နဲ႔ အီရန္အက်ဥ္းေထာင္တခုမွာ ေထာင္ဒဏ္ (၁၀)ႏွစ္ ခ်မွတ္ထားတာပါ။

သူလွ်ဳိလုပ္မႈ စြပ္စဲြခ်က္နဲ႔ အီရန္ႏုိင္ငံထဲမွာ မၾကားေသးခင္ႏွစ္ေတြအတြင္း ဖမ္းဆီး ထိန္းသိမ္းခဲ့သူ အမ်ားအျပားထဲမွာ သူမလည္း ပါဝင္ၿပီး Moore-Gilbert ရဲ႕ မိသားစုဝင္ေတြနဲ႔ လူ႔အခြင့္အေရး အဖဲြ႔ေတြကေတာ့ အီရန္ရဲ႕ စြပ္စဲြခ်က္ဟာ အေျခအျမစ္ မရွိဘူးလို႔ တုန္႔ျပန္ပါတယ္။

အျခားႏိုင္ငံမွာ ဖမ္းခံထားရတဲ့ အီရန္ႏိုင္ငံသား ၃ ဦးဟာ စီးပြားေရးသမားေတြသာ ျဖစ္တယ္လို႔ အီရန္ႏိုင္ငံပုိင္ ရုပ္သံက ေဖၚျပေပမယ့္ အီရန္နဲ႔ဖက္စပ္ လုပ္ကိုင္ေနတဲ ရုပ္သံတခုရဲ႕ ဝက္ဘ္ဆုိဒ္မွာေတာ့ စီးပြားေရး လုပ္ငန္းတဦး ပါဝင္တဲ့ သူတို႔ ၃ ဦးကို အေျခအျမစ္မရွိတဲ့ စဲြခ်က္ေတြနဲ႔ ဖမ္းခဲ့တာလို႔ ဆိုပါတယ္။

Young Journalist Club ရဲ႕ သတင္း ဝက္ဘ္ဆုိဒ္မွာေတာ့ အဖမ္းဆီးခံ အီရန္ေတြနဲ႔ ပတ္သက္လို႔ အခ်က္အလက္ မဆိုစေလာက္သာ ေဖၚျပထားေပမယ့္ ၊ အေမရိကန္က အီရန္ေပၚခ်မွတ္ထားတဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြကို ေရွာင္လဲႊဖို႔ ႀကဳိးပမ္းခဲ့တဲ့အတြက္ သူတို႔ကို ဖမ္းဆီးခဲ့တာ ျဖစ္တယ္လို႔ ဆိုထားပါတယ္။

အီရန္ေတာ္လွန္ေရး ျပည္ေစာင့္တပ္ဟာ ျပီးခဲ့တဲ့ ႏွစ္ေတြအတြင္း ႏွစ္ႏို္င္ငံသားခံယူထားသူေတြကို ဖမ္းဆီးေလ့ရွိၿပီး အဓိကအားျဖင့္ သူလွ်ဴိလုပ္မႈ စြပ္စြဲခ်က္ေတြနဲ႔ ျဖစ္ပါတယ္။ Kylie Moore-Gilbert ကုိ ျပန္လႊတ္ေပးလုိက္တာနဲ႔ ပတ္သက္လို႔ ၿဗိတိန္ႏို္င္ငံက တစုံတရာ မွန္ခ်က္ေပး ေျပာဆိုတာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


............

ဖမ်းဆီးခံ အပြန်အလှန် လဲလှယ်ရေးအတွက် ပြည်ပပညာရှင်တဦးကို အီရန်ပြန်လွှတ်

(Unicode)

အခြားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အီရန်နိုင်ငံသား (၃)ဦးနဲ့ လဲလှယ်နိုင်ဖို့ အီရန်နိုင်ငံမှာ ဖမ်းထားတဲ့ ဗြိတိန်- သြစတြေးလျား နှစ်နိုင်ငံသူ ပညာရှင် အကျဉ်းသားတဦးကို အီရန်အစိုးရက ပြန်လွှတ်ပေးလိုက်ကြောင်း အီရန်နိုင်ငံပိုင်ရုပ်သံက ကြေညာပါတယ်။

သြစတြေးလျားနိုင်ငံ Melbourne တက္ကသိုလ်က အရှေ့အလယ်ပိုင်းဒေသ လေ့လာရေးဌာန ကထိကဖြစ်သူ Kylie Moore-Gilbert ကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ဖမ်းဆီးခဲ့ပြီး သူ့ကို သူလျှိုလုပ်မှု စွပ်စွဲချက်နဲ့ အီရန်အကျဉ်းထောင်တခုမှာ ထောင်ဒဏ် (၁၀)နှစ် ချမှတ်ထားတာပါ။

သူလျှိုလုပ်မှု စွပ်စွဲချက်နဲ့ အီရန်နိုင်ငံထဲမှာ မကြားသေးခင်နှစ်တွေအတွင်း ဖမ်းဆီး ထိန်းသိမ်းခဲ့သူ အများအပြားထဲမှာ သူမလည်း ပါဝင်ပြီး Moore-Gilbert ရဲ့ မိသားစုဝင်တွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ အီရန်ရဲ့ စွပ်စွဲချက်ဟာ အခြေအမြစ် မရှိဘူးလို့ တုန့်ပြန်ပါတယ်။

အခြားနိုင်ငံမှာ ဖမ်းခံထားရတဲ့ အီရန်နိုင်ငံသား ၃ ဦးဟာ စီးပွားရေးသမားတွေသာ ဖြစ်တယ်လို့ အီရန်နိုင်ငံပိုင် ရုပ်သံက ဖေါ်ပြပေမယ့် အီရန်နဲ့ဖက်စပ် လုပ်ကိုင်နေတဲ ရုပ်သံတခုရဲ့ ဝက်ဘ်ဆိုဒ်မှာတော့ စီးပွားရေး လုပ်ငန်းတဦး ပါဝင်တဲ့ သူတို့ ၃ ဦးကို အခြေအမြစ်မရှိတဲ့ စွဲချက်တွေနဲ့ ဖမ်းခဲ့တာလို့ ဆိုပါတယ်။

Young Journalist Club ရဲ့ သတင်း ဝက်ဘ်ဆိုဒ်မှာတော့ အဖမ်းဆီးခံ အီရန်တွေနဲ့ ပတ်သက်လို့ အချက်အလက် မဆိုစလောက်သာ ဖေါ်ပြထားပေမယ့် ၊ အမေရိကန်က အီရန်ပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွဲှဖို့ ကြိုးပမ်းခဲ့တဲ့အတွက် သူတို့ကို ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အီရန်တော်လှန်ရေး ပြည်စောင့်တပ်ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း နှစ်နိုင်ငံသားခံယူထားသူတွေကို ဖမ်းဆီးလေ့ရှိပြီး အဓိကအားဖြင့် သူလျှိူလုပ်မှု စွပ်စွဲချက်တွေနဲ့ ဖြစ်ပါတယ်။ Kylie Moore-Gilbert ကို ပြန်လွှတ်ပေးလိုက်တာနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံက တစုံတရာ မှန်ချက်ပေး ပြောဆိုတာ မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG