သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားအရေး အမေရိကန်နဲ့ ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း အီရန်ပြော

အီရန်လေတပ်ဖွဲ့ဝင်များ၏ အလေးပြုခြင်းကို ခံယူနေသည့် အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အာလီ ခါမေနီ။ (ဖေဖော်ဝါရီ ၇၊ ၂၀၂၅) (AP)
အီရန်လေတပ်ဖွဲ့ဝင်များ၏ အလေးပြုခြင်းကို ခံယူနေသည့် အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အာလီ ခါမေနီ။ (ဖေဖော်ဝါရီ ၇၊ ၂၀၂၅) (AP)

သူ့ရဲ့ နျူကလီယား အစီအစဥ်ကို စစ်ရေးအရ အသုံးပြုမှာ စိုးရိမ်လို့ ဆွေးနွေးချင်တာဆိုရင် အမေရိကန်နဲ့ ညှိုနှိုင်းဖို့ အီရန်က စဥ်းစားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံတမန်အဖွဲ့က တနင်္ဂနွေနေ့က ပြောပါတယ်။

အမေရိကန်က အနိုင်ကျင့်တာအောက်မှာ အီရန်က ဆွေးနွေးလိမ့်မယ် မဟုတ်ဘူးလို့ အီရန်နိုင်ငံ ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei က ပြောအပြီး တရက်အကြာမှာ ကုလ အီရန် သံတမန်အဖွဲ့က X လူမှုစာမျက်နှာမှာ ခုလို ပြောလိုက်တာပါ။

ဒါပေမဲ့ အီရန်ရဲ့ ငြိမ်းချမ်းစွာ အသုံးပြုရေး နျူကလီးယားအစီအစဥ်ကို ဖြိုဖျက်ဖို့ ရည်ရွယ်ချက်နဲ့ ဆိုရင်တော့ အီရန်က ညှိနှိုင်းလိမ့်မယ် မဟုတ်ဘူးလို့ လူမှုစာမျက်နှာမှာ ရေးထားပါတယ်။

သမ္မတ ထရမ့်က အီရန်နဲ့ နျူကလီးယား သဘောတူညီချက်ရဖို့ ဆွေးနွေးရေး စာတစောင် ပို့ထားကြောင်း သောကြာနေ့တုန်းက လွှင့်ထုတ်ခဲ့တဲ့ Fox Business Network နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ကာကွယ်ရေးစွမ်းဆောင်ရည်၊ ဒုံးကျည်ပစ်နိုင်အားနဲ့ နိုင်ငံတကာ ဩဇာသက်ရောက်မှုတွေလို အီရန်က လက်မခံနိုင်တဲ့ တောင်းဆိုချက်အသစ်တွေ တောင်းဆိုလာခဲ့ကြောင်း ဘာသာရေးခေါင်းဆောင် ခါမေနီကို ကိုးကားပြီး အီရန်နိုင်ငံတော်ပိုင် မီဒီယာက စနေနေ့မှာ ပြောပါတယ်။

အနောက်နိုင်ငံတွေက နျူကလီးယားလက်နက် အီရန်ပိုင်လာမှာ စိုးရိမ်နေပေမဲ့ အီရန်ကတော့ သူ့ နျူကလီးယား အစီအစဥ်က လက်နက်အတွက် မဟုတ်ဘူးလို့ ငြင်းထားပါတယ်။

နျူကလီးယားအရေး အမေရိကန်နဲ့ ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း အီရန်ပြော
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG