သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီယားကိစ္စ အီရန်နဲ့ ညှိနှိုင်းဖို့ Trump လိုလား

အီရန် နျူကလီယား စက်ရုံတခု။
အီရန် နျူကလီယား စက်ရုံတခု။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူဟာ အီရန်နဲ့ နျူကလီယား သဘောတူညီချက်ရဖို့ ညှိနှိုင်း လိုကြောင်းနဲ့ မတ်လ ၆ ရက် ကြာသပတေးနေ့ကတော့ အီရန်ခေါင်းဆောင်ဆီကို စာတစောင် ပေးပို့ခဲ့တာဖြစ်ပြီး အီရန်ရဲ့ အဓိကရန်သူဖြစ်တဲ့ အမေရိကန်ရဲ့ ကာလတာရှည် မဟာမိတ်ဖြစ်တဲ့ အစ္စရေးက သဘောတူမယ်လို့ မျှော်လင့်ကြောင်း သောကြာနေ့မှာ ပြောပါတယ်။

ဒါဟာ အီရန်အတွက် အများကြီး ပိုကောင်းလာဖို့ ရှိတာကြောင့် အခုလို ညှိနှိုင်းမယ်လို့ သူမျှော်လင့်ကြောင်းလည်း သောကြာနေ့ Fox သတင်းဌာနက ထုတ်လွှင့်တဲ့ ရုပ်သံမေးမြန်းခန်းမှာ ပြောပါတယ်။ ဒါ့အပြင် အီရန်က အခုလို စာပေးပို့တာကို လိုချင်မယ်လို့ သူထင်ကြောင်းနဲ့ အီရန်အနေနဲ့ နောက် နျူကလီယားလက်နက် မရနိုင်တဲ့အတွက် သူ့ကိုတခြားအစားထိုးပေးဖို့ တခုခု လုပ်ရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။


အခုလို အမေရိကန်သမ္မတရဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် ဖြစ်နေတာကြောင့် တစုံတရာ ချက်ချင်း တုံ့ပြန်တာ မရှိသေးပါဘူး။

သမ္မတထရမ့်က အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei ဆီ လိပ်စာတပ် ပေးပို့ထားတာဖြစ်ပြီး သမ္မတအိမ်ဖြူတော်ကလည်း အခုလို စာပေးပို့တာနဲ့ ပတ်သက်လို့ ဘာမှ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

သမ္မတထရမ့်ကတော့ အီရန်အနေနဲ့ နည်းလမ်း ၂ မျိုးနဲ့ ဒီကိစ္စကို ကိုင်တွယ်နိုင်ကြောင်း၊ စစ်ရေး ဒါမှမဟုတ် ညှိနှိုင်းမှု လုပ်တာမျိုးဖြစ်ပြီး သူ့အနေနဲ့ ညှိနှိုင်းမှု လမ်းကြောင်းကို ရွေးစေချင်ကြောင်း၊ သူကတော့ မြင့်မြတ်တဲ့ အီရန်ပြည်သူတွေအတွက် ထိခိုက်အောင် လုပ်မှာမဟုတ်ကြောင်းလည်း ပြောပါတယ်။

အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား သမ္မတ အိုဘားမားလက်ထက် ချုပ်ဆိုခဲ့တဲ့ အီရန်−နိုင်ငံတကာ နျူကလီယားစာချုပ်ကနေ သမ္မတထရမ့်က သူ့ရဲ့ ပထမသက်တမ်းအတွင်း ၂၀၁၈ ခုနှစ်မှာ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

နျူကလီယားကိစ္စ အီရန်နဲ့ ညှိနှိင်းဖို့ Trump လိုလား
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG