[[Zawgyi/Unicode]]
အီရန္ႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔ အခ်ဳပ္အျခာအာဏာဆိုင္ရာေဆာင္႐ြက္ခ်က္ေတြကို ေထာက္ခံေျပာဆိုခဲ့တဲ့ တ႐ုတ္သမၼတရွီက်င့္ဖ်င္က အီရန္န်ဴကလီယားအေရးကိစၥကို သင့္ေလ်ာ္စြာ အျမန္ဆုံးအေျဖရွာဖို႔ အဂၤါေန႔မွာ တိုက္တြန္းလိုက္ေၾကာင္း တ႐ုတ္အစိုးရပိုင္သတင္းကေဖာ္ျပပါတယ္။
အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံၾကား ဆက္ဆံေရးမေျပမလည္ျဖစ္ေနခ်ိန္မွာ တ႐ုတ္ႏိုင္ငံကို ၃ ရက္တာခရီးစဥ္နဲ႔ အီရန္သမၼတ တ႐ုတ္ႏိုင္ငံကို အလည္အပတ္ေရာက္ရွိလာတာပါ။ အီရန္န်ဴကလီယားအစီအစဥ္နဲ႔ပတ္သက္လို႔ ေဆြးေႏြးညႇိႏႈိင္းမႈေတြျပန္စတင္ႏိုင္ေအာင္ တ႐ုတ္က အျပဳသေဘာေဆာင္ ပါဝင္ေဆာင္႐ြက္သြားမယ္လို႔ အီရန္သမၼတ Ebrahim Raisi နဲ႔ ေဘဂ်င္းၿမိဳ႕မွာ ေတြ႔ဆုံခ်ိန္အတြင္း တ႐ုတ္သမၼတ ရွီက ေျပာဆိုခဲ့ပါတယ္။ ၂၀၁၅ အီရန္န်ဴကလီယားသေဘာတူညီခ်က္အရ လက္နက္ အျဖစ္ထုတ္လုပ္လို႔မရေအာင္ ယူေရနီယံသန႔္စင္မႈကို ကန႔္သတ္ထိန္းခ်ဳပ္ထားၿပီး အျပန္အလွန္အေနနဲ႔ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ႐ုပ္သိမ္းေပးဖို႔ ျဖစ္ပါတယ္။
အီရန္ကေတာ့ ၿငိမ္းခ်မ္းတဲ့ရည္႐ြယ္ခ်က္နဲ႔ န်ဴကလီယားစြမ္းအင္ေတြ ဆက္ထုတ္ေနတာပါလို႔ေျပာပါတယ္။ ဒါေပမယ့္လည္း ၂၀၁၈ ခုႏွစ္ အေမရိကန္သမၼတ Donald Trump လက္ထက္မွာ အီရန္ဘက္က န်ဴကလီယားအစီအစဥ္ေတြ မရပ္တဲ့အတြက္ဆိုၿပီး သေဘာတူညီမႈကေန ႏုတ္ထြက္ၿပီး ဒဏ္ခတ္မႈေတြျပန္လည္ခ်မွတ္ခဲ့တာပါ။
အေမရိကန္ရဲ႕လုပ္ရပ္ကို တ႐ုတ္က ေဝဖန္ျပစ္တင္ခဲ့ၿပီး အီရန္န်ဴကလီယားသေဘာတူညီမႈျပန္စႏိုင္ေအာင္ အေမရိကန္ကအရင္ စတင္ လႈပ္ရွားသင့္တယ္လို႔လည္းေျပာပါတယ္။ ၿပီးခဲ့တဲ့စက္တင္ဘာလတုန္းကလည္း အီရန္ေရနံတင္ပို႔မႈမွာပါဝင္ပတ္သက္ေနတဲ့ ကုမၸဏီေတြကို အေမရိကန္က ျပစ္ဒဏ္ခ်မွတ္ခဲ့တာမွာ တ႐ုတ္ႏိုင္ငံအေျခစိုက္ကုမၸဏီ ၅ ခုလည္းပါဝင္ပါတယ္။
အေမရိကန္ကေတာ့ အီရန္န်ဴကလီယားအစီအစဥ္ေတြ မရပ္သမွ် အီရန္ရဲ႕ ေရနံနဲ႔ ေရနံဓာတုေရာင္းဝယ္မႈမွာ ပါဝင္ပတ္သက္ေနသူေတြကို ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ခ်မွတ္သြားမယ္လို႔ ေျပာပါတယ္။
================
[[Unicode]]
အီရန် နျူကလီယားအရေး အမြန်အဖြေရှာဖို့ တရုတ်သမ္မတ တိုက်တွန်း
အီရန်နိုင်ငံတော်လုံခြုံရေးနဲ့ အချုပ်အခြာအာဏာဆိုင်ရာဆောင်ရွက်ချက်တွေကို ထောက်ခံပြောဆိုခဲ့တဲ့ တရုတ်သမ္မတရှီကျင့်ဖျင်က အီရန်နျူကလီယားအရေးကိစ္စကို သင့်လျော်စွာ အမြန်ဆုံးအဖြေရှာဖို့ အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ကြောင်း တရုတ်အစိုးရပိုင်သတင်းကဖော်ပြပါတယ်။
အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေးမပြေမလည်ဖြစ်နေချိန်မှာ တရုတ်နိုင်ငံကို ၃ ရက်တာခရီးစဉ်နဲ့ အီရန်သမ္မတ တရုတ်နိုင်ငံကို အလည်အပတ်ရောက်ရှိလာတာပါ။ အီရန်နျူကလီယားအစီအစဉ်နဲ့ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းမှုတွေပြန်စတင်နိုင်အောင် တရုတ်က အပြုသဘောဆောင် ပါဝင်ဆောင်ရွက်သွားမယ်လို့ အီရန်သမ္မတ Ebrahim Raisi နဲ့ ဘေဂျင်းမြို့မှာ တွေ့ဆုံချိန်အတွင်း တရုတ်သမ္မတ ရှီက ပြောဆိုခဲ့ပါတယ်။ ၂၀၁၅ အီရန်နျူကလီယားသဘောတူညီချက်အရ လက်နက် အဖြစ်ထုတ်လုပ်လို့မရအောင် ယူရေနီယံသန့်စင်မှုကို ကန့်သတ်ထိန်းချုပ်ထားပြီး အပြန်အလှန်အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေရုပ်သိမ်းပေးဖို့ ဖြစ်ပါတယ်။
အီရန်ကတော့ ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်နဲ့ နျူကလီယားစွမ်းအင်တွေ ဆက်ထုတ်နေတာပါလို့ပြောပါတယ်။ ဒါပေမယ့်လည်း ၂၀၁၈ ခုနှစ် အမေရိကန်သမ္မတ Donald Trump လက်ထက်မှာ အီရန်ဘက်က နျူကလီယားအစီအစဉ်တွေ မရပ်တဲ့အတွက်ဆိုပြီး သဘောတူညီမှုကနေ နုတ်ထွက်ပြီး ဒဏ်ခတ်မှုတွေပြန်လည်ချမှတ်ခဲ့တာပါ။
အမေရိကန်ရဲ့လုပ်ရပ်ကို တရုတ်က ဝေဖန်ပြစ်တင်ခဲ့ပြီး အီရန်နျူကလီယားသဘောတူညီမှုပြန်စနိုင်အောင် အမေရိကန်ကအရင် စတင် လှုပ်ရှားသင့်တယ်လို့လည်းပြောပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်း အီရန်ရေနံတင်ပို့မှုမှာပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေကို အမေရိကန်က ပြစ်ဒဏ်ချမှတ်ခဲ့တာမှာ တရုတ်နိုင်ငံအခြေစိုက်ကုမ္ပဏီ ၅ ခုလည်းပါဝင်ပါတယ်။
အမေရိကန်ကတော့ အီရန်နျူကလီယားအစီအစဉ်တွေ မရပ်သမျှ အီရန်ရဲ့ ရေနံနဲ့ ရေနံဓာတုရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်နေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သွားမယ်လို့ ပြောပါတယ်။