သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Khan Younis မြို့အနီး ယာယီတဲ ဝန်းခြံ ဂြိုဟ်တုဓါတ်ပုံမှာ တွေ့ရှိ


ဂါဇာကမ်းခြေတောင်ပိုင်း ရာဖာမြို့က ပါလက်စတိုင်းစစ်ဘေးဒုက္ခသည်တွေအတွက် ယာယီတဲတွေကို Maxar Techonologies ရဲ့ဂြိုဟ်တုက ရိုက်ယူထားပုံ ၊ (ဧပြီ ၂၃၊ ၂၀၂၄/အေပီ)
ဂါဇာကမ်းခြေတောင်ပိုင်း ရာဖာမြို့က ပါလက်စတိုင်းစစ်ဘေးဒုက္ခသည်တွေအတွက် ယာယီတဲတွေကို Maxar Techonologies ရဲ့ဂြိုဟ်တုက ရိုက်ယူထားပုံ ၊ (ဧပြီ ၂၃၊ ၂၀၂၄/အေပီ)

ရာဖာမြို့ကိုတိုက်မယ့်လက္ခဏာတွေ အစ္စရေးစစ်တပ်က ဆက်လက်ပြသနေချိန်မှာပဲ ခန်ယူနိစ်မြို့အနီးမှာ ဒုက္ခသည်တဲတွေဖြစ်ပုံရတဲ့ ဝင်းတဝင်း ပေါ်လာခဲ့တာကို ဂြိုဟ်တုဓာတ်ပုံတွေက ပြသလိုက်ပါတယ်။

အေပီသတင်းဌာနက ကောင်းကင်ဓာတ်ပုံတွေကို ပိုင်းခြားသုံးသပ်ပြီး အင်္ဂါနေ့က ခုလိုပြောလိုက်တာပါ။ မကြာမီ ရက်သတ္တပတ်တွေအတွင်းက အစ္စရေးစစ်တပ်က ခန်ယူနိစ်မြို့ကို ပစ်မှတ်ထား စစ်ဆင်ခဲ့ပါသေးတယ်။ ဂါဇာတောင်ပိုင်း အီဂျစ်နယ်စပ်က ရာဖာမြို့ကို စစ်ဆင်ဖို့အတွက် ရာဖာမှာရှိနေတဲ့ အရပ်သားတွေကို ရွှေ့ပြောင်းမယ့် အစီအစဥ်ရှိတယ်လို့ အစ္စရေးက ပြောထားပါတယ်။ ဒါပေမဲ့ တဲတွေကို တည်ဆောက်ရာမှာ မပါဝင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

အစ္စရေးကို အမေရိကန်ကအကူအညီပေးဖို့ လျာထားငွေ ၂၆ ဘီလီယံရှိပြီး ဒီအထဲ ဂါဇာမှာ လူသားချင်း စာနာထောက်ထားရေးအကူအညီပေးဖို့ ၉ ဘီလီယံ ပါဝင်ပါတယ်။ ယူကရိန်း၊ အစ္စရေးနဲ့ထိုင်ဝမ် အကူအညီပေးရေး ဥပဒေကြမ်းကို အမေရိကန် အထက်လွှတ်တော်မှာဆုံးဖြတ်ပြီး သမ္မတဘိုင်ဒန် လက်မှတ်ထိုးပြီးတဲ့နောက် တရားဝင်ဖြစ်လာမှာပါ။ ဂါဇာစစ်ပွဲကြောင့် ပါလက်စတိုင်း ၃၄,၀၀၀ ကျော်သေဆုံးခဲ့ရာမှာ သုံးပုံနှစ်ပုံက အမျိုးသမီးနဲ့ကလေးတွေဖြစ်ကြသလို လူဦးရေရဲ့ ၈၀ ရာနှုန်းက စစ်ဘေးရှောင်ဖြစ်တယ်လို့ ဟာမတ်စ်ရဲ့ ကျန်းမာရေးဌာနက ဆိုပါတယ်။

Khan Younis မြို့အနီး ယာယီတဲ ဝန်းခြံ ဂြိုဟ်တုဓါတ်ပုံမှာ တွေ့ရှိ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG