သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်သဘောတူညီချက် အတည်ပြုမယ့်ရက် အစ္စရေးဝန်ကြီးချုပ် ရက်ရွှေ့ဆိုင်း


အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu

Hamas အဖွဲ့က နောက်ဆုံးကျန်အချိန်အထိ လျှော့ပေါ့မှုတွေရဖို့ လုပ်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ် က စွပ်စွဲပြီး ဂါဇာအပစ်ရပ်သဘောတူညီချက်ကို အတည်ပြုဖို့ ရွှေ့ဆိုင်းလိုက်ပါတယ်။

သဘောတူထားတဲ့အချက်အားလုံးကို စစ်သွေးကြွအဖွဲ့ဘက်က လက်မခံသရွေ့ ဒီသဘောတူညီချက်ကို တရားဝင်လက်ခံဖို့ အစ္စရေးအစိုးအဖွဲ့ အစည်းအဝေးလုပ်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် Benjamin Netanyahu ကပြောကြားခဲ့ပါတယ်။

Hamas ဘက်က အလျှော့ပေးမှုတွေရဖို့ နောက်ဆုံးအချိန်အထိ လုပ်နေတယ်လို့ ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဘာတွေလဲဆိုတာတော့ အတိအကျပြောခြင်း မရှိပါဘူး။ ဗုဒ္ဓဟူးနေ့ညပိုင်းကရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးအစိုးရဘက်က တရားဝင်အတည်ပြုဖို့ ဒီနေ့မနက်ပိုင်း ဝန်ကြီးအဖွဲ့ အစည်းအဝေးလုပ်မယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့ အခုတော့ ဒီအစည်းအဝေး နောက်ဆုတ်သွားတာဖြစ်ပါတယ်။

လနဲ့ချီကြိုးပမ်းညှိနှိုင်းခဲ့ပြီး မနေ့ကရရှိတဲ့ အဆင့် ၃ ဆင့်ပါ အပစ်ရပ်သဘောတူညီမှုကို အပြည့်အဝ အတည်ပြုနိုင်ခဲ့မယ်ဆိုရင် တနင်္ဂနွေနေ့မှာ စတင်အသက်ဝင်မှာဖြစ်ပါတယ်။

ဒီနေ့ ကြာသပတေးနေ့အထိ အစ္စရေးစစ်တပ်ဘက်က ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကနေ ဆက်လက်တိုက်ခိုက်နေတာကြောင့် ပါလက်စတိုင်း ၇၀ ထက်မနည်း သေဆုံးတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းက Hamas အဖွဲ့ကြား သီတင်း ၆ ပတ်ကြာ အပစ်ရပ်သဘောတူညီချက်ဟာ ၁၅ လကြာနေပြီဖြစ်တဲ့ စစ်ပွဲတွေကို ရပ်ဆိုင်းထားနိုင်ဖို့ဖြစ်ပါတယ်။ Hamas တို့ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံတွေကို ပြန်လွှတ်ပေးရေးနဲ့ အစ္စရေးတို့ ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းအကျဉ်းသား ရာနဲ့ချီ ပြန်လွှတ်ပေးရေးလဲ သဘောတူညီချက်မှာ ထည့်သွင်းထားပါတယ်။ သဘောတူညီချက် ပထမအဆင့်မှာတော့ ဂါဇာမှာ ၄၂ ရက် အပစ်အခတ်ရပ်စဲထားရမှာဖြစ်ပြီး အစ္စရေးဓားစာခံ ၃၃ ယောက်ကို Hamas က ပြန်လွှတ်ပေးရမှာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG