သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ဟာမတ်စ်အပစ်ရပ်ရေး ကာတာနိုင်ငံ သတိကြီးစွာနဲ့မျှော်လင့်


ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Majed Al-Ansari
ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Majed Al-Ansari

ဂါဇာမှာအပစ်ရပ်ပြီး ဟာမတ်စ်တွေဖမ်းထားတဲ့ဓားစာခံတွေ ပိုလွှတ်ပေးရေးနဲ့ ပတ်သက်လို့ သဘောတူညီချက်အသစ်ကို အစ္စရေးနဲ့ ဟာမတ်စ်တို့ ရနိုင်ပါတယ်လို့ ကာတာ တာဝန်ရှိသူတွေက သတိကြီးကြီးထား အကောင်းမြင်ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့မှာ ပြောပါတယ်။

အစ္စရေးထောက်လှမ်းရေးအကြီးအကဲ ဒေးဗစ် ဘာနီးယား ပါဝင်တဲ့ ဆွေးနွေးပွဲတွေ အပေါ်မှာ Majed al-Ansari က ခုလို ပြောလိုက်တာပါ။ ဒါပေမဲ့ အောင်မြင်တယ်လို့ ကြေညာဖို့ကတော့ စောလှတယ်လို့ ဆိုပါတယ်။ အဆိုပြုထားချက်မှာတော့ မြို့တွေအားလုံးနဲ့ လူနေထူထပ်တဲ့ နေရာအားလုံးက အစ္စရေးတပ်တွေ ရုပ်သိမ်းဖို့ တောင်းဆိုထားတယ်လို့ ဟာမတ်စ်တာဝန်ရှိသူတယောက်ကတော့ ပြောပါတယ်။

အသေးစိတ်ကတော့ ဆွေးနွေးရဦးမှာဖြစ်ပြီး ရက်ပေါင်းများစွာ ဒါမှမဟုတ် ရက်သတ္တပတ်ပေါင်းများစွာကြာနိုင်တယ်လို့ အရာရှိတွေက ဆိုကြပါတယ်။ ဒီအတောအတွင်းမှာပဲ အစ္စရေးဝန်ကြီးချုပ် နေသန်ယာဟုက ရာဖာမြို့က ဟာမတ်စ်စစ်သွေးကြွတွေကို တိုက်ထုတ်မယ်လို့ ပြောပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့တောင်းဆိုချက်အရ ရာဖာကို ထိုးစစ်မဆင်ဘဲ အစ္စရေးရဲ့ရည်မှန်းချက်‌ပေါက်အောင်လုပ်နိုင်တာကို ဆွေးနွေးဖို့ ကိုယ်စားလှယ်တဖွဲ့ ကို နောက်အပတ်စောစောပိုင်းမှာ စေလွှတ်မယ်လို့ အစ္စရေးက သဘောတူလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG