သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန်တောင်ပိုင်း တိုက်ပွဲပြင်းထန်နေကြောင်း အစ္စရေး သတင်းထုတ်ပြန်

လက်ဘနွန်နယ်စပ်မှာတွေ့ရတဲ့ အစ္စရေးတင့်ကားများ (အောက်တိုဘာ ၁၊ ၂၀၂၄)
လက်ဘနွန်နယ်စပ်မှာတွေ့ရတဲ့ အစ္စရေးတင့်ကားများ (အောက်တိုဘာ ၁၊ ၂၀၂၄)

အစ္စရေးက ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေကို နှိမ်နင်းဖို့ မြေပြင်တိုက်ပွဲဆင်နွဲ ပြီးနောက်ပိုင်း၊ ဒီနေ့ အင်္ဂါနေ့အထိ လက်ဘနွန်တောင်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေကြောင်း အစ္စရေးစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။ အစ္စရေးစစ်တပ်ကတော့ စစ်ဆင်ရေးကို နယ်မြေဒေသအလိုက် အကန့်အသတ်နဲ့ ပစ်မှတ်ထားတိုက်ခိုက်မှာဖြစ်ကြောင်း ပြောဆိုထားပြီး၊ အစ္စရေးမြောက်ပိုင်း လုံခြုံမှုရတဲ့အထိ ဆက်လက် တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး Daniel Hagari ကလည်း ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို ကျူးကျော်တိုက်ခိုက်ဖို့ အစီအစဉ်ရှိခဲ့တယ်လို့ ပြောပါတယ်။ ကမ္ဘာကြီးက ဟစ်ဇ်ဘိုလာအဖွဲ့ကို အစ္စရေး နယ်စပ်ကနေ မဖယ်ရှားပေးနိုင်ဘူးဆိုရင် အစ္စရေးအနေနဲ့ ကိုယ်တိုင်ဖယ်ရှားတာကလွဲလို့ ရွေးချယ်စရာ မရှိဘူးလို့လည်း ပြောပါတယ်။

တနှစ်နီးပါးကြာလာတဲ့ ပဋိပက္ခကြောင့် နှစ်ဖက်လုံးက ထောင်ပေါင်းများစွာသောလူတွေဟာ အိုးအိမ်စွန်ခွာ ထွက်ပြေးနေကြရပါတယ်။ ဟဇ်ဘိုလာအဖွဲ့ကလည်း နယ်စပ်မှာရှိတဲ့ အစ္စရေး စစ်သားတွေကို ပစ်မှတ်ထားပြီး ရော့ကတ်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဒီနေ့ပဲ ပြောပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဘေးလွတ်ရာ တိမ်းရှောင်ဖို့ အမိန့်ထုတ်ပြန်ခဲ့တာတွေကြောင့် လက်ဘနွန်မှာအနည်းဆုံး လူပေါင်း ၃ သိန်းခွဲလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့လည်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပြီး ဒီထက်ပိုတိုးလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

လက်ဘနွန်ဝန်ကြီးချုပ် Najib Mikati ကတော့ နိုင်ငံ့သမိုင်းမှာ အန္တရာယ်အရှိဆုံး အခြေအနေတရပ်နဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ တနင်္လာနေ့နှောင်းပိုင်းက အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ရဲ့ တယ်လီဖုန်းကနေ ဆက်သွယ်စကားပြောပြီးနောက် အမေရိကန်က အစ္စရေးရဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ခွင့်အတွက် အီရန်၊ ဟစ်ဇ်ဘိုလာ၊ ဂါဇာအခြေစိုက် ဟားမတ်စ်၊ ယီမင်အခြေစိုက် ဟူသီတွေနဲ့ အခြား အီရန်ကျောထောက်နောက်ခံပြုအဖွဲ့ တွေအပေါ် တိုက်ခိုက်မှုကို ထောက်ခံကြောင်းထပ်မံ အတည်ပြုခဲ့ပါတယ်။

လက်ဘနွန်တောင်ပိုင်း တိုက်ပွဲပြင်းထန်နေကြောင်း အစ္စရေး သတင်းထုတ်ပြန်
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG