သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"နယ်စပ်ဖွင့်ပေမယ့် ဂါဇာကိုအကူအညီပို့နိုင်မှု မရှိသေး" ကုလသမဂ္ဂ


Kerem Shalom (Karm Abu Salem) နယ်စပ်ဖြတ်ကျော်ဂိတ်ကနေ ထောက်ပံ့ပစ္စည်းကားတွေအဝင်ကို စောင့်ကြည့်နေတဲ့ ပါလက်စတိုင်းလူငယ်တဦး။
Kerem Shalom (Karm Abu Salem) နယ်စပ်ဖြတ်ကျော်ဂိတ်ကနေ ထောက်ပံ့ပစ္စည်းကားတွေအဝင်ကို စောင့်ကြည့်နေတဲ့ ပါလက်စတိုင်းလူငယ်တဦး။

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်က ခရမ် ရှာလုံ (Kerem Shalom) နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာပေမယ့် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပါလက်စတိုင်းပိုင်နက်အတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

တပြိုင်တည်းမှာပဲ ဂါဇာတောင်ပိုင်း ဆေးဘက်ဆိုင်ရာလုပ်ငန်းတွေမှာ အသုံးပြုနေတဲ့ လက်ကျန် လောင်စာဆီက သုံးရက်စာပဲကျန်တော့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဒီအခြေအနေကြောင့် ပါလက်စတိုင်း ဒုက္ခသည်း တသန်းကျော် ခိုလှုံနေတဲ့ ရာဖာမြို့က ဆေးရုံ (၃) ခုအနက် တခုကို ပိတ်ပစ်ရမယ့် အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။ အစ္စရေးက ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ Kerem Shalom နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပေမယ့် အဲဒီ အနီးတဝိုက် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အကူအညီပေးရေးဝန်ထမ်းတွေ ထွက်ပြေးနေရလို့ ပါလက်စတိုင်းဘက်ခြမ်းကနေ အကူအညီလက်ခံပေးမယ့် မရှိ ဖြစ်နေတယ်လို့ WHO က ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက လက်ကျန် ဟာမတ်စ် တပ်ရင်းလေးရင်းကို အမြစ်ဖြတ် ဖယ်ရှားပစ်မယ်လို့ ထပ်ခါတလဲလဲ ပြောဆိုထားပေမယ့် ရာဖာ မြေပြင်ထိုးစစ်ကို အပြည့်အဝ စတင်ပြီး တိုက်ခိုက်တာမျိုး မလုပ်သေးပါဘူး။ ဟာမတ်စ်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သားလေးဦး သေဆုံးပြီးနောက်မှာ Kerem Shalom နယ်စပ်ကို အစ္စရေးဘက်က ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကတည်းက ပိတ်ခဲ့ပါတယ်။ အင်္ဂါနေ့ကလည်း ဂါဇာတောင်ပိုင်း အီဂျစ်နယ်စပ်က ရာဖာဂိတ်ကို အစ္စရေး တင့်ကားတပ်ဖွဲ့ဝင်တွေ ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်တာတွေကို တားမြစ်လိုက်ပါတယ်။

"နယ်စပ်ဖွင့်ပေမယ့် ဂါဇာကိုအကူအညီပို့နိုင်မှု မရှိသေး" ကုလသမဂ္ဂ
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG