သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ်ကို အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဝေဖန်


အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Eli Cohen က ဂျနီဗာမြို့ ကုလသမဂ္ဂဌာနချုပ်၊ ဥရောပသမဂ္ဂဌာနမှာ သတင်းစာရှင်းလင်းပွဲလုပ်စဥ်။ (နိုဝင်ဘာ ၁၄၊ ၂၀၂၃ / AFP)
အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Eli Cohen က ဂျနီဗာမြို့ ကုလသမဂ္ဂဌာနချုပ်၊ ဥရောပသမဂ္ဂဌာနမှာ သတင်းစာရှင်းလင်းပွဲလုပ်စဥ်။ (နိုဝင်ဘာ ၁၄၊ ၂၀၂၃ / AFP)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ အင်န်တိုနီယို ဂူတားရက်စ်ဟာ ကုလသမဂ္ဂကို ဦးဆောင်ဖို့ သင့်လျော်သူမဟုတ်ဘူးလို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။

မစ္စတာဂူတားရက်စ်ဟာ ကုလသမဂ္ဂကိုဦးဆောင်ဖို့ ထိုက်တန်သူမဟုတ်သလို ဒေသတွင်း ဘယ်ငြိမ်းချမ်းရေးဖြစ်စဥ်ကိုမှ မြှင့်တင်ဆောင်ရွက်ခဲ့တာမရှိဘူးလို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Eli Cohen က ဆိုပါတယ်။ မစ္စတာဂူတားရက်စ်ဟာ စစ်သွေးကြွအုပ်စုကို လုံလုံလောက်လောက် မရှုတ်ချခဲ့ဘဲ အီရန်နဲ့ နီးစပ်လွန်းတယ်လို့လည်း သူက ပြောပါတယ်။ ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂအဆောက်အအုံမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူကခုလို ပြောခဲ့တာပါ။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ဟားမတ်စ်တွေဖမ်းဆီးထားတဲ့ အစ္စရေးမိသားစုတွေနဲ့အတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) တို့နဲ့ လာရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့ က ဟားမတ်စ်တွေရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေး ၁,၂၀၀ သေဆုံးခဲ့ပြီး လူ ၂၄၀ ကို အစ္စရေးကနေ ဖမ်းဆီးသွားခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဂါဇာကို လေကြောင်း၊ ကုန်းကြောင်း ကတိုက်ခိုက်ရာမှာ လူပေါင်း ၁၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ အစ္စရေးရဲ့ စစ်ဆင်ရေးက တစုံတရာ လွဲမှားနေတယ်လို့ မစ္စတာဂူတားရက်စ်က ပြောခဲ့ဖူးပါတယ်။

ကုလအတွင်းရေးမှူးချုပ်ကို အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဝေဖန်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG