သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ အပစ်ရပ်ဖို့ ကုလနဲ့ နိုင်ငံတကာ ပရဟိတအဖွဲ့တွေ တောင်းဆို

အစ္စရေးပစ်ခတ်မှုကြောင့် ပါလက်စတိုင်းဒေသအပျက်အစီးများ (နိုဝင်ဘာ ၆၊ ၂၀၂၃)
အစ္စရေးပစ်ခတ်မှုကြောင့် ပါလက်စတိုင်းဒေသအပျက်အစီးများ (နိုဝင်ဘာ ၆၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းတွေ ချက်ချင်းလုပ်ဆောင်ကြဖို့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာ ပရဟိတအဖွဲ့တွေက ပူးတွဲကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းဒေသမှာ အသက်တွေ အမြောက်အများ ဆုံးရှုံးကြရပြီး၊ ဘဝတွေ ပျက်စီးခဲ့ကြရတဲ့ ထိတ်လန့်တုန်လှုပ်စရာ အခြေအနေကို ကမ္ဘာကြီးက ၁ လနီးပါး တွေ့မြင်နေကြရတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

သောင်းနဲ့ချီတဲ့လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ အစ္စရေးမှာ အနည်းဆုံး လူ ၁၄၀၀ သေဆုံးပြီး ၂၀၀ ကျော် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂါဇာမှာ အရပ်သားတွေကို နောက်ထပ် သတ်ဖြတ်မှုတွေ လုပ်နေတာတွေနဲ့ ပါလက်စတိုင်း ၂.၂ သန်းကို အစားအစာ၊ ရေ၊ ဆေးဝါး၊ လျှပ်စစ်နဲ့ လောင်စာဆီတွေ ဖြတ်တောက်ထားတာဟာ အမျက်ထွက်စရာ ဖြစ်ရကြောင်းလည်း ပြောပါတယ်။ ထုတ်ပြန်ချက်မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေ (UNICEF)၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)၊ CARE International၊ Save the Children နဲ့ Mercy Corps တို့ ပါဝင်ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ ဟာမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်မလွတ်မချင်း အပစ်အခတ် ရပ်စဲမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ ဟာမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူပေါင်း ၁၄၀၀ ကျော် သေဆုံး ခဲ့ပြီး၊ လူ ၂၀၀ ကျော်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

အောက်တိုဘာ ၇ ရက်ကစပြီး ဂါဇာကမ်းမြှောင်မှာ တိုက်ခိုက်မှုပေါင်း ၁၀၂ ခု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၀၄ ဦး၊ ဒဏ်ရာရရှိသူ ၄၅၉ ဦး၊ အဆောက်အအုံ ၃၉ လုံး ပျက်စီးခဲ့ပြီး လူနာတင်ယာဉ် ၃၁ စီး ထိခိုက်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။

ဂါဇာမှာ အပစ်ရပ်ဖို့ ကုလနဲ့ နိုင်ငံတကာ ပရဟိတအဖွဲ့တွေ တောင်းဆို
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG